Lee Kwang Soo ၊ Chanyeol နဲ့ Suho တို့ကို ကျေးဇူးတင်ကြောင်းဆိုခဲ့တဲ့ EXO အဖွဲ့ဝင် Sehun

//s9.kh1.co/3e/3e96e9d8538d271c09d763e8e5ef2f81db248918.jpg
အနုပညာရှင်များ

 ၀၄-လိုင်-၂၀၂၂ ၉am · လွန်ခဲ့သော ၃ နှစ် က

.

EXO အဖွဲ့ဝင် Sehun က Lee Kwang Soo ၊ Chanyeol နဲ့ Suho တို့ကို ဒရမ်မာအသစ်မှာ ပံ့ပိုးကူညီပေးခဲ့တဲ့အတွက်  ကျေးဇူးတင်ကြောင်း ဆိုခဲ့ပါတယ်။ Sehun က သူ့ရဲ့ မကြာမီထွက်ရှိမယ့် ဒရာမာဇာတ်လမ်းတွဲအတွက် ပရိတ်သတ်ရဲ့ ချစ်ခင်မှုများစွာရရှိနေတာပဲဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=650,q=100/11/114adda6fabb72169d1721aa327fafa6fbe10cc5.webp

လက်ရှိမှာ  Sehun က TVING ရိုမန်းတစ် ဒရမ်မာအသစ်အမျိုးအစား ဖြစ်တဲ့ “All That We Loved” (Love, Hara High School) ကို ရိုက်ကူးနေပြီး သူ့ရဲ့ နာမည်ကြီး သူငယ်ချင်းများနဲ့ တီးဝိုင်းဖော်အချို့က အစားအသောက်နဲ့ ကော်ဖီထရပ်ကားများ ပေးပို့ခဲ့ပြီး သူတို့ရဲ့အားပေးမှုကို ပြသခဲ့ပါတယ်။ Chanyeol ဟာ သူ့ရဲ့ဒရာမာဇာတ်လမ်းတွဲ အတွက် ကော်ဖီထရပ်ကားတစ်စီး လက်ဆောင်ပေးပို့ခဲ့တဲ့ နောက်ဆုံးကြယ်ပွင့် ဖြစ်ကြောင်း Sehun က သူ့ရဲ့ Instagram Story မှာ ဇူလိုင်လ ၃ရက်နေ့က  ဖော်ပြခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=632,q=100/10/109df1b09275809227e304192a138c263a483d3f.jpg

Sehun က ထရပ်ကားရှေ့မှာ သူ့ကိုယ်သူရိုက်ထားတဲ့ ဓာတ်ပုံကို Chanyeol ကို tag လုပ်ပြီး “My Chanyeol hyung” လို့ နှလုံးသားအီမိုဂျီနဲ့ ရေးခဲ့ပါတယ်။ Chanyeol ပို့လိုက်တဲ့ ထရပ်ကားက ဆိုင်းဘုတ်မှာ "All That We Loved အဖွဲ့သားတွေ အားလုံး ကော်ဖီသောက်ပြီး Sehun ကို ကောင်းကောင်း ဂရုစိုက်ပါ" ဆိုပြီး ရေးထားပါတယ်။

https://s9.kh1.co/__image/w=650,h=1156,q=100/03/03db7b7743b02802f89899ea35fcce0b9fcc8539.jpeg

Variety ရှိုး “Busted!” နဲ့ “The Pirates: Goblin Flag” တို့မှာ တွဲသရုပ်ဆောင်ဖူးခဲ့တဲ့ Suho နဲ့ Lee Kwang Soo ပေးပို့တဲ့ ကော်ဖီထရပ်ကားများရဲ့ ဓာတ်ပုံတွေကိုလည်း အရင်က မျှဝေခဲ့ပါတယ်။ All That We Loved ဇာတ်ကားဟာ မကြာမီထွက်ရှိမယ့် မှတ်ဉာဏ်ကို အင်္ဂါအစိတ်အပိုင်း အစားထိုးလက်ခံသူများထံ လွှဲပြောင်းပေးတဲ့ သီအိုရီပါရှိတဲ့ အထက်တန်းကျောင်း အချစ်ဇာတ်ကား ဖြစ်ပါတယ်။ ဇာတ်ကားကိုတော့ ၂၀၂၂ ခုနှစ် ဒုတိယနှစ်ဝက်မှာ ပြသမှာပါ။

https://s9.kh1.co/__image/w=650,h=1156,q=100/17/178d7f703ac892ec21c2300be0b5c4d3e4c8873f.jpg

source - soompi

Rain
Rain

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T