လူမှုဆက်ဆံရေး အရည်အချင်းတွေကြောင့် လက်ခုပ်တီးအားပေးခံခဲ့ရတဲ့ Lisa

//s9.kh1.co/2e/2e09361536e22b1404a23dc03187167c2dd294a7.jpg
အနုပညာရှင်များ

 ၀၃-လိုင်-၂၀၂၂ ၂pm · လွန်ခဲ့သော ၄ နှစ် က

ချစ်စရာကောင်းလွန်းတဲ့ လူမှုဆက်ဆံရေးအရည်အချင်းတွေကြောင့် လက်ခုပ်တီးအားပေးခံခဲ့ရတဲ့ Lisa

နိုင်ငံတိုင်းမှာ သူတိုရဲ့ရိုးရာယဉ်ကျေးမှူတွေ ရှိကြပြီးကိုရီးယားမှာ သူတိုတန်ဖိုးထားရတဲ့ ယဉ်ကျေးမှုစံနှုန်း တွေရှိကြပါတယ်။ ဒါကို ကိုရီးယားဇာတ်ကားတွေကြည့်တာနဲ့ အလွယ်တကူတွေ့နိုင်ပါတယ်။ ဒါပေမယ့် သူတို့လည်းကျနော်တို့လိုပါပဲ သူတိုရဲ့ယဉ်ကျေးမှုကို အားလုံးကိုတော့ လိုက်မလုပ်နိုင်ကြတဲ့လူတွေအများကြီးပါ။

https://s9.kh1.co/__image/w=650,h=1317,q=100/18/1820a6eabddd60b6533b466a76ba0cda4f796519.jpg

အနုပညာရှင်တွေဟာလည်း ရုပ်ရှင်ထဲမှာတော့ ယဉ်ကျေးပေမယ့် အပြင်မှာတော့ ခပ်ချေချေနေတတ်သူ‌တွေအများကြီးပါ။ ဒါပေမယ့် အဲ့ဒီထဲမှာ Lisa တော့မပါပါဘူး။ ကိုရီးယားတွေရဲ့ ယဉ်ကျေးမှုမှာ စီနီယာ၊ ဂျူနီယာ ဆက်ဆံရေးကိုအလေးထားတတ်ကြပြီး ကိုယ့်ထက်ကြီးသူတွေ၊ ကိုယ်နဲ့ တခါမှမတွ့ဖူးတဲ့ လူတွေနဲ့တွေ့ရင် ခါးကိုင်းပြီး ဦးညွှတ်နှုတ်ဆက်တတ်ပါတယ်။

https://s9.kh1.co/__image/w=650,h=452,q=100/52/525dba605595a16bb34302c64c76ede2c778f8fb.jpg

နောက်ပြီး ကိုရီးယားတွေဟာ သတင်း media တွေ၊ ပရိသတ်တွေနဲ့ လူထုနဲ့ တွေ့တဲ့အခါ ဦးညွှတ်နှုတ်ဆက် တတ်ပါသေးတယ်။ ကိုရီးယားလူမျိုးမဟုတ်တဲ့ လူတွေကတော့ ဦးညွှတ်တာဟာမလိုဘူးလို ထင်ကောင်းထင်နိုင်ပေမယ့်၊ ကိုရီးယားမှာတော့ ဒါဟာ လေးစားမှုနဲ့ သိတတ်နားလည်ခြင်းကို ပြတဲ့လက္ခဏာပါ။

https://s9.kh1.co/__image/w=650,h=650,q=100/d8/d895a1b0d868e8152a901d9fa16d885dcfeb4159.jpg

Lisa ဟာ သူ့ရဲ့အနီးပတ်ဝန်ကျင်က လူတွေကို ဂရုစိုက်တတ်တဲ့နေရာမှာနာမည်ကြီးပါတယ်။ တလောက V, Lisa နဲ့ Park Bo Gum တို သုံးဦးသား ပြင်သစ်မှာပွဲအတူတက်ခဲ့ကြပြီး အဲ့ပွဲမှာ Lisa ရဲ့ဆက်ဆံရေးအကြောင်း အသေးစိတ်သိခဲ့ရပါတယ်။မထင်မှတ်ပဲဖမ်းမိတဲ့ ဓာတ်ပုံ‌တွေမှာ Lisa က V ကို အကိုကြီး လိုခေါ်တာတွေ့ရပြီး V ရော Park Bo Gum ကိုရော သေချာဂရုစိုက်ပေးတာကိုတွေ့ရပါတယ်။

https://s9.kh1.co/__image/w=650,h=867,q=100/26/26c7fef61f5bcbc92f6b877f804f80964c35b189.jpg

ပြီးတော့ ပြင်သစ်ကနေပြန်လာချိန်မှာ Lisa ရဲ့ ပရိသတ်တွေနဲ့ မီဒီယာကိုတုံပြန်ပုံကတော့ အားလုံးကချီးကျူးလောက်ပါတယ်။Lisa က လေဆိပ်ကထွက်ထွက်ခြင်းမှာပဲ ခါးကိုင်းပြီး မီဒီယာတွေနဲ့ fans တွေကိုနှုတ်ဆက်သွားခဲ့တာကြောင့် ဖြစ်ပါတယ်။ အင်တာနက်အသုံးပြုသူ တော်တော်များများကတော့ Lisa ရဲ့အခုလုပ်ရပ်ကို ချီးကျူးကြပြီး လီဆာဟာ အလွန်ကြင်နာတတ်ကြောင်း‌ ပြောနေကြပါတယ်။

Cho Thae Mar
Jolly

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T