တုပ်ကွေးကို မရှုပ်ထွေးအောင် အိမ်မှာကုလို့ရလား?

//s9.kh1.co/da/da3db12f5156348b5b4b7021d296a43a88ec1e11.jpg
ကျန်းမာရေးနှင့် အလှအပရေးရာ

 ၀၂-လိုင်-၂၀၂၂ ၈pm · လွန်ခဲ့သော ၂ နှစ် က

မိုးတွေဆက်တိုက်ရွာတဲ့ အချိန်မျိုးဆို ရာသီတုပ်ကွေးတွေ ထလာတတ်ပါတယ်…

အားလုံးသိကြတဲ့အတိုင်း အခုကာလဟာ နေမကောင်း၊ ထိုင်းမကောင်းတဲ့လူများပြီး ဆေးရုံဆေးခန်းတွေမှာ ကြိတ်ကြိတ်တိုးတဲ့ ကာလဖြစ်ပါတယ်။ မိုးတွင်းဝင်လာပြီဆိုတာနဲ့ အရင်ဆုံးသတိထားရမှာက ရာသီတုပ်ကွေးဆိုတာ တော်တော်များများသိကြမှာပါ။ အခုလို မိုးတွေဆက်တိုက်ရွာတဲ့ အချိန်မျိုးဆို ရာသီတုပ်ကွေးတွေ ထလာတတ်ပါတယ်။ ပြီးတော့လည်း အခုကာလက ကိုဗစ်လည်းရှိနေတော့ ရာသီတုပ်ကွေးနဲ့ ကိုဗစ်နဲ့က ရောနေတတ်ပါတယ်။ ဆိုတော့အခုအဓိက ပြောချင်တာက ရာသီတုပ်ကွေးဆိုတာဘယ်လိုရောဂါလဲ၊ ဆေးခန်းမသွားပဲနဲ့ အိမ်မှာနေပြီး ကုနိုင်လားဆိုတာပြောပြပေးသွားပါမယ်။ 

https://s9.kh1.co/__image/w=650,h=398,q=100/02/02e2bbe5fd4f7016142e0f819fa39f9bd2f211a9.jpg

ရာသီတုပ်ကွေးဆိုတာ တုပ်ကွေးဗိုင်းရပ်စ်ကြောင့် ဖြစ်တဲ့ ရောဂါဖြစ်ပြီး အသက်ရှူလမ်းကြောင်းမှတစ်ဆင့် ကူးစက်နိုင်ပါတယ်။ တစ်နှစ်ပတ်လုံးဖြစ်နိုင်ပြီး မိုးတွင်းကာလမှာ အဖြစ်များပါတယ်။ ပုံမှန်အားဖြင့် ရောဂါဟာ ၁ ပတ်အတွင်း သက်သာပျောက်ကင်းနိုင်ပေမယ့် ကိုယ်ခံအားနည်းသူအချို့မှာဆိုရင် ဆေးရုံတင်ရနိုင်ပြီး အသက်ဆုံးတဲ့အထိ ဖြစ်နိုင်ပါတယ်။

https://s9.kh1.co/__image/w=650,h=391,q=100/b7/b79fffc29cbf56a43a1c2c0d52ee256766091bf3.jpg

သူ့ရဲ့လက္ခဏာတွေအနေနဲ့ကတော့ အဖျားတက်တာ၊ ချောင်းခြောက်ဆိုးတာ၊ ခေါင်းကိုက်တာ၊ ကိုယ်လက်ကိုက်ခဲတာ၊ နှာရည်ယိုတာနဲ့ လည်ချောင်းနာတာတွေ အဖြစ်များပါတယ်။ တုပ်ကွေးဟာ ဗိုင်းရပ်စ်ကြောင့်ဖြစ်တာ ဖြစ်တဲ့အတွက် လုံးဝသက်သာသွားအောင် ကုသနိုင်တဲ့ဆေးမရှိပါဘူး။ သူ့ရဲ့ လက္ခဏာတွေကို သက်သာသွားအောင်ပဲလုပ်လို့ရနိုင်ပါတယ်။ကိုယ်က လူငယ်လည်းဖြစ်တယ်၊ ကိုယ်ခံအားလည်း အသင့်တင့်ကောင်းတယ်ဆိုရင်တော့ ဆေးခန်းမသွားပဲ အိမ်မှာကုလည်းရနိုင်ပါတယ်။ 

https://s9.kh1.co/__image/w=650,h=434,q=100/b9/b9261c562371e8b8e913dcfad188036b66131e6d.jpg

အိမ်မှာကုသနိုင်မယ့် နည်းလမ်းတွေအနေနဲ့က‌တော့ အိမ်ထဲမှာ‌ပဲနေပြီး အများကြီးအနားယူပါ။ ကျောင်းတို့၊ အလုပ်တို့မသွားပဲ အိမ်ထဲမှာပဲနေပြီး နားနားနေနေ နေတာက အကောင်းဆုံးကုသခြင်းတစ်မျိုးပါ။ နောက်တစ်ခုကတော့ အရည်အများကြီးသောက်တာပဲဖြစ်ပါတယ်။ တုပ်ကွေးဖြစ်လာရင် ဗိုင်းရပ်စ်ကြောင့် ရေဓာတ်ခမ်းခြောက်နိုင်လို့ ဓာတ်ဆားရေသောက်တာ၊ ရေများများသောက်တာ၊ စွပ်ပြုတ်သောက်တာတွေ ကနေရေဓာတ်ဖြည့်ထားသင့်ပါတယ်။ နောက်တစ်ဆင့်ဖြစ်တဲ့ ကိုယ်ပူလာမယ်၊ ဆိုရင်တော့ ပါရာစီတမော တို့လိုကိုယ်ပူကျဆေး‌သောက်တာ အကောင်းဆုံးပါ။ 

https://s9.kh1.co/__image/w=650,h=366,q=100/c0/c03a967e2947502d517190997684d300ea48453a.jpg

ချောင်းဆိုးတာ လည်ချောင်းယားတာတို့အတွက် ရေနွေးပူပူလေး‌လဲသောက်သင့်ပါတယ်။ ပြီးတော့ အိမ်ထဲမှာနေရင် နွေးနွေးထွေးထွေးနေတာ အကောင်းဆုံးဖြစ်ပါတယ်။ တုပ်ကွေးဟာ ဗိုင်းရပ်စ်ကြောင့်ဖြစ်လို့ ကိုယ်ခံအားကောင်းရင်ကောင်းသလောက် အမြန်ပျောက်ကင်းနိုင်တဲ့ ရောဂါဖြစ်ပါတယ်။ ရောဂါပြင်းထန်တယ်လို့ ခံစားရရင် စပ်ဆေးတွေ စိတ်ထဲရှိတဲ့ဆေးတွေသောက်တာမျိုး မလုပ်ပဲ ဆေးခန်းသွားပြီး ဆရာဝန်ညွှန်ကြားချက်အတိုင်း လုပ်သင့်ပါတယ်။ 

https://s9.kh1.co/__image/w=300,h=200,q=100/5e/5ec7f0237f31078fda88f1e514224ff4bfe6b19d.jpg

ဒါပေမယ့်လည်း တုပ်ကွေးဖြစ်တဲ့လူဟာ အသက်ကြီးတဲ့လူဖြစ်မယ်၊ ရောဂါအခံရှိတဲ့သူဖြစ်မယ်ဆိုရင်တော့ ရောဂါအခြေအနေပြင်းထန်လာတာကို မစောင့်ပဲ ဆေးခန်းကို အမြန်ဆုံးသွားပြသင့်ပါတယ်နော်။ တုပ်‌ကွေးကာကွယ်ဖို့ အခုကာလမှာ အားလုံးအပြင်ထွက်ရင် နှာခေါင်းစီး လုံလုံခြုံခြုံတပ်သွားဖို့ကိုလည်း အကြုံပြုပါတယ်။

Photos-credit

Bhone Min
Bhone Min

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T