အသက်မပြည့်သေးဘဲ အရက်သောက်နေတဲ့ ဓာတ်ပုံထွက်လာတာကြောင့် ပြဿနာတက်နေတဲ့ Nam Joo Hyuk

//s9.kh1.co/d6/d657171562975a7bdecdeba6088a397e90025990.jpeg
အနုပညာရှင်များ

 ၀၂-လိုင်-၂၀၂၂ ၆pm · လွန်ခဲ့သော ၂ နှစ် က

အသက်မပြည့်သေးဘဲ အရက်သောက်နေတဲ့ ဓာတ်ပုံထွက်လာတာကြောင့် ပြဿနာတက်နေတဲ့ Nam Joo Hyuk

တောင်ကိုရီးယားနာမည်ကျော် သရုပ်ဆောင် Nam Joo Hyuk တစ်ယောက် အသက်မပြည့်သေးဘဲ သူငယ်ချင်းတွေနဲ့ အတူတူ အရက်သောက်နေတဲ့ ဓာတ်ပုံတစ်ပုံဟာ အွန်လိုင်းပေါ်မှာ နာမည်ကြီး လူပြောများလျက်ရှိပါတယ်။ 

Google 
Google 

အနည်းငယ်ဝါးထားတဲ့ အဆိုပါ ဓာတ်ပုံကို စက်တင်ဘာလ ၂၀၁၁ ခုနှစ်မှာကတည်းက “Cyworld” ပေါ်မှာ တင်ထားခဲ့တာလို့ သိရပါတယ်။ ဓာတ်ပုံကို အခုမှ ပြန်ပြီး သတိထားမိလာတာကြောင့် Nam Joo Hyuk ရဲ့ လက်ရှိပြဿနာတွေနဲ့ တွဲပြီး ဝေဖန်မှု မြင့်တက်နေတာဖြစ်ပါတယ်။ 

Google 
Google 

ဓာတ်ပုံထဲမှာ ကျောင်းသားဝတ်စုံနဲ့ အရက်သောက်နေတဲ့ လူငယ် ၄ ယောက်ကို တွေ့ရပြီး အဲဒီထဲက Nam Joo Hyuk တစ်ယောက်တည်းကိုသာ ထင်ထင်ရှားရှားတွေ့ရပါတယ်။ အခြားသူတွေကိုတော့ ဝါးထားတာကိုတွေ့ရပါတယ်။ 

Google 
Google 

တကယ်လို့ ဒီပုံထဲမှာ ပါတဲ့ ကျောင်းသားလေးက Nam Joo Hyuk  သာမှန်ကန်နေရင် အထက်တန်းကျောင်း ဒုတိယနှစ်တက်နေတုန်းက ပုံဖြစ်ဖို့များပါတယ်။ ဘာလို့ဆို Nam Joo Hyuk  ကို ၁၉၉၄ ခုနှစ်မှာ မွေးဖွားခဲ့တာကြောင့်ဖြစ်ပါတယ်။ 

Google 
Google 

မကြာသေးမီကလည်း အထက်တန်းကျောင်းသားအရွယ်မှာ အတန်းဖော်တွေကို အနိုင်ကျင့် နှိပ်စက်တယ်ဆိုပြီးNam Joo Hyuk ရဲ့ မကောင်းသတင်းတွေ ပျံ့နှံ့ခဲ့ပါသေးတယ်။ အေဂျင်စီဘက်ကနေ စွပ်စွဲချက်တွေအားလုံးကိုငြင်းဆန်ခဲ့ပေမယ့်လည်း ပရိသတ်တွေစိတ်ထဲမှာ သံသယ စိတ်လေးတွေတော့ အနည်းငယ်ရောက်ရှိနေခဲ့ပါတယ်။ 

Google 
Google 

အခုတစ်ခေါက် အသက်မပြည့်သေးဘဲ အရက်သောက်နေတဲ့ ဓာတ်ပုံနဲ့ ပတ်သက်ပြီးတော့လည်း ပရိသတ်တွေက“တကယ် Nam Joo Hyuk  လား .. ငါတော့သေချာမပြောနိုင်ဘူး” “ဟယ် .. တကယ်သူလား .. “”ပြဿနာက တစ်ခုပြီးတော့ နောက်တစ်ခုက ပေါ်လာပြန်ပြီ .. အဆက်မပျက်ပဲ “ “ဓာတ်ပုံအရတော့ Nam Joo Hyuk  လို့ မပြောနိုင်ဘူး.. သူ့အေဂျင်စီကလည်းပြောထားတယ်လေ Nam Joo Hyuk  က အနေအေးပြီး ဘေ့စ်ဘောကစားတာပဲ ကြိုက်တဲ့သူတဲ့” စတဲ့ မှတ်ချက်တွေ အများအပြားပေးထားကြပါတယ်။ 

Google 
Google 

အေဂျင်စီဘက်ကို ဆက်သွယ် မေးမြန်းပြီး အတည်ပြုကြည့်တဲ့ အခါမှာလည်း ကျောင်းတွင်းအနိုင်ကျင့်မှု ပြဿနာတွေ ဖြေရှင်းနေတာကြောင့် အခုအကြောင်းအရာအတွက် ဖြေရှင်းချက် မထုတ်ပြန်ပေးနိုင်သေးဘူးလို့ ဆိုထားကြောင်း သိရပါတယ်။ 

Google 
Google 

တစ်နေ့ထက် တစ်နေ့ ပိုပိုပြီး များပြားလာတဲ့ Nam Joo Hyuk  ရဲ့ ပြဿနာတွေကတော့ တကယ်ကို ရင်မောဖို့ကောင်းလှပါတယ်နော်။ ဘာတွေ ဆက်ဖြစ်လာမလဲဆိုတာ အချိန်က အဖြေပေးသွားတာ ဖြစ်တာကြောင့်ဆက်လက်ပြီး စောင့်ကြည့်သွားကြရအောင်နော်။ 

Hsu Sandar Aung
Maria Emily Hsu

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T