Fans တွေစပ်စုနေကြတဲ့ ဆောင်ဂျွန်ကီနဲ့ကွာရှင်းအပြီး ဆောင်းဟေကိုရဲ့ အချစ်ရေး…

//s9.kh1.co/87/87264aab22edd80a9a7d94cfcc6ae3ad58f7bf89.jpg
အနုပညာရှင်များ

 ၀၂-လိုင်-၂၀၂၂ ၄pm · လွန်ခဲ့သော ၂ နှစ် က

ဆောင်ဟေကို က သူမရဲ့ လက်ရှိနဲ့ တစ်ခုတည်းသော အာရုံစိုက်မှုက...

ဆောင်းဟေကို ဟာ သူမရဲ့ အနုပညာအလုပ်နဲ့ ကိုယ်ရေးကိုယ်တာဘဝအကြောင်း မကြာသေးမီက မျှဝေမှုတစ်ခုကြောင့် အာရုံစိုက်ခံခဲ့ရပါတယ်။

https://s9.kh1.co/__image/w=650,h=436,q=100/78/783c8906f1bd50fe0cd41275e39ad7379a6e2dd5.jpg

ဆောင်းဟေကို ဆိုတာကတော့ သရုပ်ဆောင်လောကမှာ ဆယ်စုနှစ် 2 ခုကျော်ကြာအောင် ကျော်ကြားလာခဲ့တဲ့ နာမည်ကြီး မင်းသမီးဆိုတာ ငြင်းစရာမရှိပါဘူး။ ဒါပေမယ့်လည်း မင်းသမီးက ချမ်းသာပြီး နာမည်ကြီးနေပေမယ့် သူမရဲ့ အချစ်ရေးကတော့ အခက်အခဲတွေနဲ့ ပြည့်နှက်နေခဲ့ပါတယ်။ 

https://s9.kh1.co/__image/w=650,h=434,q=100/f2/f27b3594b7c4bf2a1cb76bd8c64d2faabb012d8b.jpeg

သူမရဲ့ အချစ်ရေးနဲ့ပတ်သက်ပြီး မကြာသေးမီက ဆောင်းဟေကိုရဲ့ Women's Chosun နဲ့ အင်တာဗျူးမှာ အာရုံစိုက်မှုကို ခံခဲ့ရပါတယ်။ အဲ့ဒီမှာ ဆောင်ဟေကို က သူမရဲ့ လက်ရှိနဲ့ တစ်ခုတည်းသော အာရုံစိုက်မှုက အလုပ်ဖြစ်တယ်ဆိုတဲ့အကြောင်း “ကျွန်မ နေ့တိုင်း အလုပ်မလုပ်ပေမယ့် ပရောဂျက်အသစ်တစ်ခု စလုပ်တိုင်း အနားယူဖို့ အချိန်မရှိပါဘူး။ အလုပ်လုပ်နေရတာကို သဘောကျပြီး၊ အလုပ်လုပ်ရင်းနဲ့ပဲ အကောင်းဆုံးအသက်ရှင်သွားဖို့ မျှော်လင့်ပါတယ်။

https://s9.kh1.co/__image/w=650,h=461,q=100/18/18d2e9c09c6b20bfba359db4fa0ffdc5e72818f7.jpg

ဒါကြောင့် ဒီထက်ပိုပြီး အလုပ်ကြိုးစားဖို့ပဲရှိပြီး တခြားဘာကိုမှ မလိုချင်ပါဘူး” လို့ပြောခဲ့ပါတယ်။ ဆောင်းဟေကိုရဲ့ အခုလို အနုပညာအပေါ်  စိတ်အားထက်သန်မှုအတွက် ချီးကျူး‌နေကြပေမယ့် တစ်ဖက်မှာလည်း အင်တာနက်အသုံးပြုသူများရဲ့ စူးစမ်းလိုစိတ်ကို အလွယ်တကူရရှိခဲ့ပါတယ်။  

https://s9.kh1.co/__image/w=650,h=434,q=100/7b/7bf68a87e02a8abf18723fcd088f442a479b47fe.jpg

ဒါပေမယ့်လည်း ဆောင်းဟေကို ရဲ့ တစ်ခုတည်းသော အာရုံစူးစိုက်မှုက သူမရဲ့အလုပ်ဖြစ်ပြီး သူမကို ဒိတ်ဖို့ ခက်ခဲစေတယ်လို့ ကာကွယ်ပြောဆိုတာတွေလည်းရှိပါတယ်။ အချို့ကတော့ ဆောင်းဂျွန်ကီ နဲ့ ကွာရှင်းပြတ်စဲခြင်းဟာ ဆောင်းဟေကို ကို အလုပ်မက်သူဖြစ်လာစေဖို့ တွန်းအားပေးခဲ့လားဆိုတာ သိချင်နေကြပါတယ်။

https://s9.kh1.co/__image/w=650,h=397,q=100/40/40963bbc55d244decfb6280d52d33bc562cf1654.jpg

အခုအချိန်မှာတော့ ဆောင်းဟေကို ဟာ ဒီနှစ်နှောင်းပိုင်းမှာ ထုတ်လွှင့်ပြသဖို့ စီစဉ်ထားတဲ့ “The Glory” ပရောဂျက်အတွက် အပြည့်အ၀ ပြင်ဆင်နေပါတယ်။ ဒီမှာတော့ မင်းသမီးက Semyeong Private Elementary က ဆရာမ Moon Dong Eun အဖြစ် သရုပ်ဆောင်သွားမယ် လို့ သိရပါတယ်။  

Photos-credit

သတင်း အရင်းအမြစ်KBIZoom

Bhone Min
Bhone Min

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T