ရည်းစားဟောင်း Weir လက်ထပ်သွားတာနဲ့ ပတ်သက်ပြီး သူမခံစားချက်ကို ပြောပြလာတဲ့ Bella

//s9.kh1.co/e9/e98420d9e5e326d4d6212470f9cb33c4419ef3e3.jpg
အနုပညာရှင်များ

 ၀၂-လိုင်-၂၀၂၂ ၄pm · လွန်ခဲ့သော ၂ နှစ် က

(၁၀) နှစ်နီးပါးလောက်တွဲခဲ့တော့လည်း သံယောဇဉ်တော့ ရှိရှာမှာပေါ့လေ .. Bella လေးက Weir လက်ထပ်သွားတဲ့သတင်းကို အတည်ပြုပေးဖို့ သတင်းထောက်တွေကိုတောင် ......

ထိုင်းနိုင်ငံရဲ့နာမည်ကြီးစုံတွဲဖြစ်တဲ့ မင်းသား Weir Sukollawat နဲ့ မင်းသမီး Bella Ranee တို့ဟာ (၁၀) နီးပါးတွဲခဲ့တဲ့ ဆက်ဆံရေးကို အဆုံးသတ်လိုက်ပြီး မောင်နှမဆက်ဆံရေးအဖြစ် ပြောင်းလဲလိုက်ပြီလို့ မနှစ်က နိုဝင်ဘာလက သတင်းထွက်ရှိလာခဲ့ပါတယ်။ သူတို့စုံတွဲ အချင်းချင်းညှိဖို့ ကြိုးစားခဲ့ပေမဲ့ ညှိနှိုင်းလို့မရခဲ့တာကြောင့် လမ်းခွဲပြီး မောင်နှမလိုနေဖို့ ဆုံးဖြတ်ခဲ့ကြတယ်။

Photo Credit : Thai Update
Photo Credit : Thai Update
Photo Credit : Thai Update
Photo Credit : Thai Update

Bella ကတော့ အချစ်ရေးနဲ့ပတ်သက်ပြီးဘာသတင်းမှ မထွက်ခဲ့ပေမယ့် Weir ကတော့ အနုပညာလောက ကမဟုတ်တဲ့ ချမ်းသာတဲ့ ကောင်မလေးနဲ့ လက်ထပ်သွားခဲ့ပြီလို့ သတင်းတွေထွက်လာခဲ့တာကြောင့် ပရိသတ်တွေပါ အံ့ဩနေကြတာပါ။ လက်ရှိမှာ Bella ကတော့ တစ်ယောက်တည်းတောက်ပနေပြီး အရင်ကထက်ပိုပြီး လှပပျော်ရွှင်နေတာပဲဖြစ်ပါတယ်။

Photo Credit : Thai Update
Photo Credit : Thai Update
Photo Credit : Thai Update
Photo Credit : Thai Update

မနေ့က Bella က “Love Destiny The Movie” ဖွင့်ပွဲကို တက်ရောက်နေခဲ့ပြီး ရည်းစားဟောင်းမင်္ဂလာပွဲနဲ့ ပတ်သက်ပြီး ထွက်လာတဲ့သတင်းတွေကို အတည်ပြုပေးဖို့အတွက် Weir ကိုမေးပေးဖို့ သတင်းထောက်တွေကို တောင်းဆိုခဲ့တယ်လို့ Thai Update က ရေးသားဖော်ပြခဲ့ပါတယ်။

Photo Credit : Thai Update
Photo Credit : Thai Update
Photo Credit : Thai Update
Photo Credit : Thai Update

Bella က "Weir က သူ့ချစ်သူအသစ်လေးနဲ့ လက်ထပ်မယ်ဆို့တဲ့ အကြောင်းတွေကိုလည်းကြားပါတယ်။ သူတို့နှစ်ယောက်ပျော်ရွှင်ရသလို ကျွန်မလည်းထပ်တူဝမ်းသာမိပါတယ်။ နှစ်ယောက်လုံးအတွက်လည်း တကယ်ကို ဝမ်းသာဂုဏ်ပြုပါတယ်။ သူတို့ ၂ဦးက ရှေ့သွားနောက်လိုက်ညီလို့ လက်တွဲဖြစ်သွားတာကိုလည်း ကျွန်မက ဝမ်းသာပေးမိပါတယ်လို့" ပြောကြားသွားခဲ့ပါတယ်။

Photo Credit : Thai Update
Photo Credit : Thai Update
Photo Credit : Thai Update
Photo Credit : Thai Update

သတင်း အရင်းအမြစ်Thai Update

Cherry Nwe Oo
Cherry

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T