တောင်ကိုရီးယား နာမည်ကျော်မင်းသမီး Son Ye Jin ဟာဆိုရင် ချစ်ဖို့ကောင်းလွန်းလှပြီး နူးညံ့သိမ်မွေ့လွန်းတဲ့ပုံစံလေးကြောင့် ပရိသတ်တွေရဲ့ အားပေးမှုကို တခဲနက်ရရှိထားတဲ့သူဖြစ်ပါတယ်။

Son Ye Jin ဟာ တောင်ကိုရီးယား နာမည်ကျော်မင်းသား Hyun Bin နဲ့လက်ထပ်ပြီး ကမ္ဘာ့ချစ်ဖို့အကောင်းဆုံးစုံတွဲအဖြစ် သတ်မှတ်ခြင်း ခံခဲ့ရပါတယ်။

တစ်ကမ္ဘာလုံးရဲ့ အထင်ကြီးလေးစားခြင်း ခံထား ရတဲ့ မမ Son Ye Jin ဟာမကြာသေးမီက ရင်သွေးလေးကိုယ်ဝန်ဆောင်ထားရပြီဖြစ်တဲ့အကြောင်းကို ပရိသတ်တွေကို တရားဝင်အသိပေးကြေညာခဲ့ပါတယ်။

Son Ye Jin နဲ့ လက်ထပ်ပြီးနောက်မှာလည်း မင်းသား Hyun Bin က ပိုပြီးပျော်နေပြီး စိတ်ချမ်းသာနေတဲ့ ပုံစံပေါက်နေပါတယ်။ Hyun Bin တစ်ယောက် လက်ထပ်ပြီးမှ အရမ်းပျော်ရွှင်နေတဲ့အကြောင်းကို Hyun Bin ကြော်ငြာရိုက်ကူးခဲ့စဉ်က တွေ့ရှိခဲ့တဲ့ ဝန်ထမ်း ပရိသတ်တစ်ဦးက ပြောခဲ့တာ ဖြစ်ပါတယ်။

တစ်ချိန်တည်းမှာပဲ မမ Son Ye Jin ကလည်း ကိုယ်ဝန်ဆောင်စဉ်ကာလမှာ ပြောင်းလဲသွားတာမျိုး မရှိဘဲ လှပလွန်းနေပါတယ်။ မမ Son Ye Jin ရဲ့ ကိုယ်ဝန်ဆောင်စဉ်ကာလ ဓာတ်ပုံလေးတွေကို ပရိဘောဂ ကုမ္ပဏီတစ်ခုကနေကြောငြာရိုက်ကူးရင်းထုတ်ပြခဲ့တာဖြစ်ပါတယ်။

ဓာတ်ပုံလေးတွေထဲမှာ တွေ့ရတဲ့ ကိုယ်ဝန်ဆောင်ထားတဲ့ မမ Son Ye Jin ရဲ့ ကျက်သရေရှိမှုနဲ့ လှပမှုတွေကပရိသတ်တွေရဲ့ စိတ်အာရုံကိုဖမ်းစား ပစ်လိုက်နိုင်ပါတယ်။ ကိုယ်ဝန်ဆောင်စဉ်ကာလမှာ မိခင်တွေရဲ့ မျက်နှာကတည်တည်ကြည်ကြည်လေးနဲ့ချောနေရင် ရင်သွေးလေးက ယောကျာ်းလေး ၊ မိန်းကလေးဆန်ဆန် နွဲ့နွဲ့လျလျလေးချစ်ဖို့ကောင်းနေရင် ရင်သွေးလေးက မိန်းကလေးဆိုပြီး ယူဆကြတယ်လို့ သိရပါတယ်။

ဓာတ်ပုံထဲက Son Ye Jin ရဲ့ ပုံစံလေးက တည်တည်ကြည်ကြည်လေးဖြစ်နေတာကြောင့် ပရိသတ်တွေက Son Ye Jin ရဲ့ ရင်သွေးလေးကသားဦး လေးများဖြစ်မလားဆိုပြီး ခန့်မှန်းထားကြပါတယ်။

ရင်သွေးလေး ကိုယ်ဝန်ဆောင်ထားရပေမယ့်လည်း ပြောင်းလဲသွားခြင်း မရှိဘဲ လှပလွန်းနေတဲ့ မမ Son Ye Jin ရဲ့ပုံရိပ်လေးတွေကို ပရိသတ်ကြီးအတွက် ဖော်ပြပေးလိုက်ပါတယ်။