အချစ်ဆုံးသူငယ်ချင်းလေး မိစန္ဒီရဲ့ တောင်းရမ်းတဲ့ပွဲနေ့လေးမှာ ကြိတ်ငိုခဲ့ရတယ်ဆိုတဲ့ နီနီခင်ဇော်

https://s9.kh1.co/a0/a06584a8d7852dfd0c3991507b0c95d11f2e732d.jpg
အနုပညာရှင်များ
 02-Jul-2022 11am · a month ago

အလုပ်တူတူကြိုးစား ဒုက္ခရောက်တော့လဲတူတူဖေးမခဲ့ကြတဲ့ သူငယ်ချင်းနှစ်ယောက် 😍😍 နီနီတစ်ယောက် ဓာတ်ပုံလေးရိုက်ပေးတာတောင်မျက်ရည်လေးဝဲလို့ ထောင့်လေးမှာသွားပြီး ငိုနေတာ

ဂီတလောကမှ အချစ်ဆုံးသူငယ်ချင်းတွေဖြစ်ကြတဲ့ အဆိုတော် နီနီခင်ဇော် နဲ့ မိစန္ဒီ တို့က သူငယ်ချင်းနှစ်ယောက်က သီချင်းအယ်လ်ဘမ်တွေကို သီဆိုထုတ်နိုင်သည်အထိ အနုပညာလမ်းပေါ်မှာ အောင်မြင်မှု ကိုယ်စီရရှိနေပြီပဲ ဖြစ်ပါတယ်။ ကိုယ်ပိုင်သံစဉ်တွေကို အသံပါဝါကောင်းကောင်းနဲ့ သီဆိုဖျော်ဖြေတတ်တဲ့ အဆိုတော်ချောလေး နှစ်ယောက်ကို ပရိသတ်တွေကလည်း ချစ်ခင်အားပေးကြပါတယ်။

Photo Credit : Ni Ni Khin Zaw's FB Acc
Photo Credit : Ni Ni Khin Zaw's FB Acc
Photo Credit : Ni Ni Khin Zaw's FB Acc
Photo Credit : Ni Ni Khin Zaw's FB Acc
Photo Credit : Ni Ni Khin Zaw's FB Acc
Photo Credit : Ni Ni Khin Zaw's FB Acc

ပရိသတ်တွေကို အချစ်ရေးနဲ့ ပတ်သက်ပြီး သိပ်ဖော်ပြလေ့မရှိတဲ့ မိစန္ဒီက မကြာသေးမီအချိန်ကပဲ ချစ်သူ‌လေးက လာရောက်တောင်းရမ်းခဲ့တဲ့ ပုံလေးတွေကို ထုတ်ပြခဲ့တာကြောင့် ပရိသတ်တွေကလည်း အံ့ဩနေကြတာလည်းဖြစ်ပါတယ်။ အချစ်ဆုံးသူငယ်ချင်းလေးဖြစ်တဲ့ နီနီခင်ဇော်ကလည်း သွားတူလာတူ အမြဲအတူတူရှိနေရင်းကနေ စွံသွားတာကြောင့် တောင်းရမ်းပွဲလေးမှာတောင် မျက်ရည်ကျခဲ့ရတယ်လို့ ရင်ဖွင့်လာခဲ့ပါတယ်။

Photo Credit : Ni Ni Khin Zaw's FB Acc
Photo Credit : Ni Ni Khin Zaw's FB Acc
Photo Credit : Ni Ni Khin Zaw's FB Acc
Photo Credit : Ni Ni Khin Zaw's FB Acc
Photo Credit : Ni Ni Khin Zaw's FB Acc
Photo Credit : Ni Ni Khin Zaw's FB Acc

နီနီခင်ဇော်က " အဲ့ဒီနေ့ကသူပျော်နေခဲ့တာ

သူငယ်ချင်းရဲ့ပကာသနကင်းတဲ့တောင်းရမ်းပွဲလေးပေါ့

သေချာပီလားမေးဆိုတာ နောက်ဆုံးအချိန်ထိမေးနေခဲ့ပါသေးတယ်

သူ တကယ် ချစ်တဲ့သူကို သေချာစွာရွေးချယ်ခဲ့ပါပီ

(ယောက်ကျားမယူဘူးလို့ကြုံးဝါးခဲ့ကျတဲ့ ကျမနားကသူတွေဟာ တဖွဲဖွဲယူကုန်ကျပါတယ် 😅)

တကယ်ကို ချစ်မြတ်နိူးတဲ့ နားလည်တဲ့သူကို ပိုင်ဆိုင်ရတော့ သူငယ်ချင်းအတွက် ဝမ်းသာမျက်ရည်ကျမိပါတယ်( ဝမ်းနည်းတာက ထူးဆန်းစွာ သူတကယ် တည်ငြိမ်သွားလို့ပါပဲ)

Photo Credit : Ni Ni Khin Zaw's FB Acc
Photo Credit : Ni Ni Khin Zaw's FB Acc
Photo Credit : Ni Ni Khin Zaw's FB Acc
Photo Credit : Ni Ni Khin Zaw's FB Acc
Photo Credit : Ni Ni Khin Zaw's FB Acc
Photo Credit : Ni Ni Khin Zaw's FB Acc
Photo Credit : Ni Ni Khin Zaw's FB Acc
Photo Credit : Ni Ni Khin Zaw's FB Acc

ကောင်လေးက တောင်းရမ်းတဲ့ အချိန်မှာ သတို့သမီးလောင်းလေးမငိုပဲ ကိုယ်ပဲ Video ရိုက်ထားရင်း

ကြိတ်ငိုနေတာကို KMA Photography က အမိအရ Snap ထားတာ 😅

အရင်က တူတူသွား တူတူစား အလုပ်တူတူကြိုးစား ဒုက္ခရောက်တော့လဲတူတူဖေးမခဲ့ကြတဲ့

သူငယ်ချင်းလေး စိတ်ထားအရမ်းဖြူစင်တဲ့ ကောင်မလေးကို တသက်လုံး ကြင်ကြင်နာနာချစ်ပေးမယ်လို့ ယုံကြည်တယ်❤️

Love you my bff 👯‍♂️" ဆိုပြီး ရင်ဖွင့်လာခဲ့တာပဲဖြစ်ပါတယ်။

Photo Credit : Ni Ni Khin Zaw's FB Acc
Photo Credit : Ni Ni Khin Zaw's FB Acc
Photo Credit : Ni Ni Khin Zaw's FB Acc
Photo Credit : Ni Ni Khin Zaw's FB Acc

သတင်း အရင်းအမြစ်Ni Ni Khin Zaw's FB Acc

Cherry Nwe Oo
Cherry

ဆက်စပ်သတင်း