လူမှုကွန်ယက်ထက်မှာ လတ်တလောက နာမည်ကြီးခဲ့တဲ့ မစံပယ်တို့သားအမိက ဘဝကိုအရှုံးမပေးဘဲ ရုန်းကန်နေတဲ့ လမ်းဘေး သဘင်သည်မလေးတွေပဲဖြစ်ပါတယ်။ သူတို့သားအမိက တက်မြောက်တဲ့အနုပညာလေးနဲ့ တစ်လမ်းဝင်တစ်လမ်းထွက်ကာ စက်ဘီးလေးနဲ့ လိုက်လံလှည့်ပတ်ရင်း လူစည်ကားရာနေရာမှာ သီချင်းလေးတွေသီဆိုကာ တစ်ပုဒ်ကို တစ်ထောင်နှုန်းတဲ့ ကပြဖျော်ဖြေကာ စားဝတ်နေရေးအတွက် ရှာဖွေစားသောက်နေရတာပဲဖြစ်ပါတယ်။


သူတို့သားအမိက လူအများရဲ့စိတ်ဝင်စားမှုကို ခံရကာ အခုဆိုရင် အလှူရှင်တွေရဲ့ အကူအညီတွေအများအပြားကို လက်ခံရရှိနေပြီပဲ ဖြစ်ပါတယ်။ သရုပ်ဆောင်ဘေဘီမောင်ကလည်း မကြာသေးမီက သူကိုယ်တိုင်သွားပြီး စံပယ်ကိုအလှူငွေ နဲ့ မိတ်ကပ်တွေ သွားရောက်လှူဒါန်းပေးခဲ့တာလည်းဖြစ်ပါတယ်။ အလှူရှင်တွေကလည်း မစံပယ်တို့သားအမိကို သရုပ်ဆောင် စိုးပြည့်ပြည့်စံကနေတစ်ဆင့် အိမ်လေးတစ်လုံး ဝယ်ပေးနိုင်အောင် ကြိုးစားနေကြတာပဲ ဖြစ်ပါတယ်။


မစံပယ်ကို အင်တာဗျုးတွေကို ဖြေရင်းကနေ လူသိများလာသလို သူမနဲ့နှစ်ပေါင်းများစွာ ကွဲကွာသွားတဲ့ ဖခင်ကြီးနဲ့ ပြန်လည်ဆုံဆည်းခဲ့ပြီပဲ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ သူမရဲ့ ဆန္ဒတွေပြည့်ဝသွားခဲ့ပြီပဲ ဖြစ်ပါတယ်။ ဖခင်ကြီးနဲ့ပြန်တွေခဲ့တဲ့ရတဲ့အချိန်မှာတော့ မစံပယ်တစ်ယောက်မျက်နှာမှာ အပြုံးလေးတွေ ဝေဆာနေပြီးတော့ ပီတိတွေဖြစ်နေရှာပါတယ်။







