အဆိုတော် Taylor Swift နဲ့ သူမချစ်သူ Joe Alwyn တို့ စေ့စပ်လိုက်ပြီဖြစ်ကြောင်း သတင်းများထွက်ပေါ်လာ

//s9.kh1.co/ba/baa5cc67a95204a61c4e7b48351b8193231e4b36.jpg
အနုပညာရှင်များ

 ၀၁-လိုင်-၂၀၂၂ ၄pm · လွန်ခဲ့သော ၃ နှစ် က

သူမ အရမ်းကိုချစ်ရတဲ့ ချစ်သူနဲ့ စေ့စပ်ထားကြောင်းကို တရားဝင်ကြေညာခြင်းမရှိသေးပေမယ့်........ (အပြည့်အစုံဖတ်ရန် ပုံ ကိုနှိပ်ပါ)

အနှစ်သာရရှိလှတဲ့ တေးသီချင်းကောင်းများရဲ့ ပဲ့ကိုင်ရှင် ဖြစ်ပြီး ပရိသတ်အားလုံးရဲ့ အချစ်တော် ချစ်မွှေးလေး အဆိုတော် Taylor Swift ကတော့ သူမရဲ့ ပရိသတ်တွေ လုံးဝမထင်မှတ်ထားတဲ့ ကိစ္စရပ်တစ်ခုနဲ့ပတ်သက်ပြီး သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။ အဲ့တာကတော့ Taylor Swift နှင့် သူမရဲ့ ချစ်သူ Joe Alwyn တို့ တိတ်တဆိတ် စေ့စပ်လိုက်တယ် ဆိုတဲ့ သတင်းပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ ဒီသတင်းကို တရားဝင်ကြေညာထားခြင်းမရှိပေမယ့် ဒီသတင်း ဟာ သူမရဲ့ အတွင်းအသိုင်းအဝိုင်းမှ ထွက်ပေါ်လာခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader

၎င်းတို့ရဲ့ အတွင်းအသိုင်းအဝိုင်းက ရင်ဖွင့်ချက်များအရ အသက် (၃၁) နှစ်အရွယ် မင်းသား Joe က Taylor အတွက် အလိုက်ဖက်ဆုံး လက်စွပ်ကို ဝယ်ယူခဲ့တယ် လို့ သိရပါတယ်။ Joe နဲ့ နီးစပ်သူတစ်ဦးကလည်း "Taylor နဲ့ Joe ဟာ မယုံနိုင်လောက်အောင်ကို ပျော်ရွှင်နေပြီး အရမ်းကို ချစ်ဖို့ကောင်းနေပါတယ်။ သူတို့က စေ့စပ်ထားတာ လအနည်းငယ်ကြာနေပြီဖြစ်ပေမယ့် အခြေခံအားဖြင့်တော့ မိသားစုနဲ့ ယုံကြည်ရတဲ့ သူငယ်ချင်းဟောင်းတွေကိုပဲ သူတို့ရဲ အတွင်းအသိုင်းအဝိုင်းကို ပြောပြထားပါတယ်။ လူတိုင်းကိုလည်း လျှို့ဝှက်ဖို့ ကျမ်းသစ္စာကျိန်ဆိုထားပါတယ် လို့ ဆိုပါတယ်။ “Taylor မှာ လှပတဲ့လက်စွပ်တစ်ကွင်းရှိပေမယ့် အိမ်မှာရှိနေချိန်မှာပဲ ၀တ်ထားတာမျိုး၊ တစ်ဖန်၊ လူအနည်းငယ်ကသာ မင်္ဂလာပွဲအကြောင်းအသေးစိတ်သိပြီး စေ့စပ်ပွဲအကြောင်းကို Taylor က သူမရဲ့ အဖွဲ့အချို့ကိုပင် ပြောပြခြင်းမရှိဘူးလို့ ဆိုပါတယ်။ ဒါတင်သာမက “သူတို့က သူတို့ရဲ့ အချစ်ရေးကို တတ်နိုင်သမျှ ကင်မရာတွေနဲ့ ဝေးဝေးမှာ နေစေချင်တယ်။ ဒါက သူတို့အတွက်ပဲလေ။ အကယ်၍သာ သူတို့လက်ထပ်ခဲ့ကြရင် လက်ထပ်ပွဲဟာလည်း သူတို့လို ရိုးရှင်းပြီး အံဝင်ခွင်ကျဖြစ်မှာပါ” လို့ဆိုလာပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader

သူတို့ရဲ့ စေ့စပ်ကြောင်းလမ်းမှုဟာ သူတို့ ပထမဆုံး ချိန်းတွေ့ပြီး ငါးနှစ်အကြာ ဖြစ်တဲ့ Taylor ရဲ့ အချစ်ရေးမှာ ကြီးမားတဲ့ အပြောင်းအလဲတစ်ခု ဖြစ်လာခဲ့ပါပြီ။ Taylor Swift ရဲ့ မင်္ဂလာပွဲနဲ့ပတ်သက်တဲ့ တိကျတဲ့အသေးစိတ်အချက်အလက်တွေကို မသိရသေးသလို သူတို့စုံတွဲက ဒီသတင်းကို တရားဝင်အတည်ပြုပေးမလားဆိုတာကို ပရိသတ်တွေကစောင့်မျှော်နေကြပါပြီ။

Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Thandar Aung
Thandar Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T