ဟောလိဝုဒ် ရုပ်ရှင်လောကကို စတင်ခြေချတော့မယ့် Cha Eun-woo...

//s9.kh1.co/7a/7a1da3a97090fd37952d56edde6668280428786b.jpg
အနုပညာရှင်များ

 ၀၁-လိုင်-၂၀၂၂ ၃pm · လွန်ခဲ့သော ၂ နှစ် က

ဆွေးနွေးမှုတွေ အများကြီးလုပ်ပြီးနောက်မှာတော့ သရုပ်ဆောင်စွမ်းရည်ရှိတဲ့ Cha Eun-woo ကို..

နာမည်ကြီး Idol-မင်းသား Cha Eun-woo ဟာ K-Pop ရုပ်ရှင် “K-Pop: Lost In America” မှာ ပါဝင်ပြီး ဟောလိဝုဒ်ကို ဝင်ရောက်တော့မှာ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=650,q=100/82/8205a2f69afc6b69db3a6799331f5e985d58ee8b.webp

ဇူလိုင်လ 1 ရက်နေ့က ရုပ်ရှင်လုပ်ငန်းရဲ့ အဆိုအရ Cha Eun-woo ဟာ “K-Pop: Lost In America” ဇာတ်ကားမှာ ပါဝင်ဖို့ ကမ်းလှမ်းမှုကို မကြာသေးမီက လက်ခံရရှိခဲ့ပြီး အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုတွေစတင် နေပါတယ်။ Cha Eun-woo ဟာ အခုနှစ် ဒုတိယနှစ်ဝက်အတွက် သူ့ရဲ့ အစီအစဉ်အချို့ကို စီစဉ်ပြီးရိုက်ကူးဖို့ ပြင်ဆင်နေကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။

https://s9.kh1.co/__image/w=600,h=900,q=100/83/8322b2acc4f94bd055b50ae5db3381a50478d1e1.jpg

“K-Pop: Lost In America” ဟာ New York မှာ သူတို့ရဲ့ အမေရိကန်ပွဲဦးထွက်ပွဲမစမီ ရက်ပိုင်းအလို တက္ကဆက်မှာ သောင်တင်နေခဲ့တဲ့ K-pop အဖွဲ့တစ်ဖွဲ့ အကြောင်းကိုအခြေခံပြီး ရိုက်ကူးမှာဖြစ်ပြီး ဖုန်းမရှိ၊ ပိုက်ဆံမရှိ၊ သွားဖို့ယာဥ်မရှိတဲ့ အဖွဲ့ဟာ သူတို့ရဲ့ ကွဲပြားမှုများနဲ့ အနုပညာအပေါ်ရူးသွပ်မှုတို့ဖြင့် အတားအဆီးများစွာကို ကျော်ဖြတ်ကာ နယူးယောက်ကို ရောက်အောင်သွားကြမှာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=366,q=100/7b/7b688aff8545cacbbaee47ed0247e61721b8bf93.webp

“K-Pop: Lost In America” ဟာ CJ Group ရဲ့ ဒုဥက္ကဌ Lee Mi-kyung နဲ့ ဟောလိဝုဒ်ထုတ်လုပ်သူ Lynda Obst တို့မှ ပူးပေါင်းထုတ်လုပ်ပြီး စီစဉ်မှုကြောင့်လည်း အာရုံစိုက်မှုတော်တော်ရလာခဲ့ပါတယ်။ ရုပ်ရှင်ထုတ်လုပ်ရေး အဖွဲ့ဟာ ရုပ်ရှင်ထဲမှာ ဖျော်ဖြေပွဲများအပါအဝင် K-pop အခန်းတွေမှာ ပါဝင်သရုပ်ဆောင်ဖို့ သရုပ်ဆောင်များ ခေါ်ယူစုဆောင်းနေပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/3c/3c5fda0d921713af6ea2b52cc0c296e31a555563.webp

ဆွေးနွေးမှုတွေ အများကြီးလုပ်ပြီးနောက်မှာတော့ သရုပ်ဆောင်စွမ်းရည်ရှိတဲ့ K-pop Idol, Cha Eun-woo ကို အဓိကဇာတ်ကောင်အဖြစ် ရွေးချယ်ခဲ့ပါတယ်။ “True Beauty” နှင့် “My Brilliant Life” ဇာတ်ကားတွေမှာ ပါဝင်ခဲ့တဲ့ Cha Eun-woo ဟာ K-pop Idol တစ်ဦးသာမက သရုပ်ဆောင်တစ်ဦးအဖြစ်လည်း အမေရိကန်ဈေးကွက်ကို ဝင်ရောက်မှာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=367,q=100/77/774e8f7a246def5a87f37376b093de250d2aad7b.jpeg

ဒါပေမယ့်လည်း အပြောင်းအလဲများရှိနိုင်ပြီး၊ “K-Pop: Lost In America” ကို မူလက ဆောင်းရာသီမှာ ရိုက်ကူးဖို့ စီစဉ်ထားပေမယ့်လည်း အခြေအနေအမျိုးမျိုးကြောင့် ရိုက်ကူးဖို့ နှောင့်နှေးသွားနိုင်ပါတယ်။

https://s9.kh1.co/__image/w=650,h=446,q=100/c9/c99ea3a339d92c812b528484c9dbbefdcc6a5741.jpg

Cha Eun-woo ဟာလူကြိုက်များတဲ့ idol တစ်ဦးဖြစ်တဲ့အတွက် အလုပ်များပြီး ရိုက်ကူးရေးအချိန်ဇယားနှင့် အခြားအချိန်ဇယားများ ထပ်ရှိနေနိုင်တာကြောင့် ကွာခြားမှုတွေရှိနိုင်ပါတယ်။

https://s9.kh1.co/__image/w=620,h=413,q=100/36/36b8e755745185a3f3f449e79920cedf9268dcb6.jpg

အမေရိကန်မီဒီယာ Deadline ရဲ့အဆိုအရ ဟောလီးဝုဒ်သရုပ်ဆောင်များဖြစ်တဲ့ Rebel Wilson နှင့် Charles Melton တို့ဟာ “K-Pop: Lost In America” မှာ ပါဝင်လာမှာဖြစ်ပြီး Rebel Wilson ဟာ “Isn’t It Romantic”၊ “The Hustle” နဲ့ “Jojo Rabbit” တို့မှာ လူသိများတဲ့ မင်းသမီးတစ်ဦးလည်းဖြစ်ပါတယ်။ Charles Melton ဟာလည်း တီဗီစီးရီး “Riverdale” နှင့် “The Sun Is Also a Star” ရုပ်ရှင်များတွင် ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။

Photos-credit

Source: KBIZoom

Bhone Min
Bhone Min

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T