ပရဟိတတွေကိုချစ်မြတ်နိုးသူ ၊ ပန်းကလေးတစ်ပွင့်လို နူးညံ့လှပတဲ့ အလှတရားကိုပိုင်ဆိုင်ထားသူ ၊ တစ်ခေတ်တစ်ခါ က ပရိသတ်တွေအကြား ရေပန်းစား ကျော်ကြားခဲ့တဲ့ ဗြိတိန်တော်ဝင်မိသားစုအဖွဲ့ဝင် ၊ ချားလ်စ်မင်းသား ရဲ့ ဇနီး ဖြစ်သူ ကတော့ အားလုံးချစ်ကြတဲ့ ဝေလမင်းသမီး ဒိုင်ယာနာ ပါပဲ။


ဒိုင်ယာနာ ဟာ မင်းသား ချားလ်စ် နဲ့ (၁၉၈၁) ခုနှစ် မှာ လက်ထပ်ခဲ့ပါတယ်။ သို့ပေမယ့် စိတ်ပိုင်းဆိုင်ရာရော ၊ ရုပ်ပိုင်းဆိုင်ရာပါ အစစအရာရာ အဘက်ဘက်မှာ ပြည့်စုံခဲ့တဲ့ ဒိုင်ယာနာ ဟာ အားလုံးသိကြတဲ့အတိုင်း အချစ်ရေးမှာတော့ ကံခေခဲ့ပါတယ်။ ဒါကြောင့် မင်းသားချားလ်စ် နဲ့ (၁၉၉၆) ခုနှစ်မှာ ကွာရှင်းခဲ့ပါတယ်။ အဲ့နောက်ပိုင်း သူမ သဘောကျရတဲ့ ပရဟိတအလုပ်တွေလုပ်ကိုင်နေခဲ့ရင်း ကံဆိုးစွာနဲ့ပဲ (၁၉၉၇) ခုနှစ် ၊ ဩဂုတ်လ (၃၁)ရက်နေ့မှာ ကားမှောက်သေဆုံးခဲ့ပါတယ်။


တကယ်လို့ ဒိုင်ယာနာ သာ သက်ရှိထင်ရှားရှိနေခဲ့ရင် ဒီကနေ့ ဟာ သူမရဲ့ အသက်(၆၁)နှစ်ပြည့်မွေးနေ့ဖြစ်ပါတယ်။ ဒိုင်ယာနာတစ်ယောက် ဘဝအဆက်ဆက်မှာ အချစ်ရေးကံကောင်းပြီး ကံဆိုးမှုတွေနဲ့ မကြုံတွေ့ရပါစေနဲ့တော့ လို့ ဆုတောင်းရင်း သူမ အား အလွမ်းပြေပုံရိပ်တွေကိုဖော်ပြလိုက်ရပါတယ်။











