Reply 1988 မှာတုန်းက Park Bo Gum နေရာကို ရလုနီးပါးဖြစ်ခဲ့တဲ့ မင်းသား Jung Hae In

//s9.kh1.co/7d/7d55ab10f7de1380352ec701c2f4322ee4d43c24.jpg
အနုပညာရှင်များ

 ၃၀-ဇွန်-၂၀၂၂ ၁၀am · လွန်ခဲ့သော ၄ နှစ် က

.

မင်းသား Jung Hae In က “Reply 1988” ဇာတ်ကားမှာ ပါဝင်ခဲ့ပေမယ့်လည်း  ဇာတ်လမ်းရဲ့ အဓိကကျတဲ့ ဇာတ်ကောင်အဖြစ်တော့ မပါဝင်ခဲ့ပါဘူး။ “Reply” စီးရီး၏ နောက်ဆုံးအပိုင်းဖြစ်တဲ့ “Reply 1988” ဟာ ထုတ်လွှင့်ပြသချိန်မှ စပြီး အခုအချိန်ထိ ဇာတ်ကားရဲ့ ပြောင်မြောက်တဲ့ ဇာတ်လမ်းနဲ့ ပါဝင်တဲ့ သရုပ်ဆောင်တွေရဲ့ အရည်အချင်းတွေကြောင့် ပရိတ်သတ်တွေရဲ့ လက်ခံအားပေးမှုကို ရရှိနေဆဲ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=433,q=100/52/524d157db0d199dab6adc6c2ac10ff920e3f0fb5.jpg

ဒီဇာတ်ကားဟာ အဓိကအမျိုးသားဇာတ်ကောင် Choi Taek အဖြစ် သရုပ်ဆောင်ထားတဲ့ Park Bo Gum အပါအဝင် ထူးချွန်တဲ့ လူငယ်သရုပ်ဆောင်အများအပြားကို ပရိတ်သတ်တွေဆီ မိတ်ဆက်ပေးခဲ့ပါတယ်။ ၂၀၁၈ ခုနှစ် အင်တာဗျူးတစ်ခုအရတော့ Park Bo Gum ဟာ အခြားနာမည်ကြီးသရုပ်ဆောင်တစ်ဦးထံမှာ  သူ့ရဲ့ ဇာတ်ကောင် ကို ဆုံးရှုံးလုနီးပါးဖြစ်ခဲ့ကြောင်း သိရပါတယ်။

https://s9.kh1.co/__image/w=640,h=426,q=100/4f/4f133bd67ad7874d2dc6f3286c63254f42d7a14f.jpg

“Reply 1988 “ ရဲ့ အဓိက ဇာတ်ကောင်ဖြစ်တဲ့ Choi Taek အဖြစ် သရုပ်ဆောင်ဖို့ ဝင်အရွေးခံတဲ့သူ တွေထဲမှာ မင်းသား Jung Hae In လည်း တစ်ဦးအပါအဝင်ဖြစ်ကြောင်း ရေဒီယိုရှိုးတစ်ခုမှာ ဖော်ပြခဲ့ပါတယ်။ နောက်ဆုံးအဆင့်အထိ Park Bo Gum နဲ့ Jung Hae In တို့ ယှဉ်ပြိုင်ခဲ့ကြပေမယ့် နောက်ဆုံးအဆင့်စစ်ဆေးမှုမှာတော့ Jung Hae In က ဖယ်ထုတ်ခံခဲ့ရပါတယ်။

https://s9.kh1.co/__image/w=650,h=362,q=100/0c/0c1b3ea7992b121068cb806fd2e317fe521da179.jpg

ဒီလို အရွေးချယ်မခံရခြင်းက မင်းသား Jung Hae In အတွက် ကံမကောင်းမှုဖြစ်ခဲ့တယ်ဆိုပေမယ့် Park Bo Gum ဟာ Choi Taek ဇာတ်ကောင်အတွက် ပြီးပြည့်စုံတဲ့ သရုပ်ဆောင် ဖြစ်တယ် ဆိုတာကတော့ ငြင်းမရတဲ့အချက်ပဲ ဖြစ်ပါတယ်။ Park Bo Gum က “Reply 1988” ဇာတ်ကောင်နဲ့ “Reply 1988” ဇာတ်လမ်းကို ကြီးကြီးမားမား ပံ့ပိုးပေးခဲ့တာပဲဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=650,q=100/db/db90d77843f7fb74042483ad5e4e2077261f438d.jpg

အခုအခါမှာတော့ Jung Hae In က အခွင့်အလမ်းတွေရရှိနေပြီဖြစ်ပြီး 2022 Baeksang ရဲ့ အကောင်းဆုံးဒရမ်မာ ဖြစ်တဲ့ “D.P” မှာ အဓိကဇာတ်ကောင်အဖြစ် သရုပ်ဆောင်ခဲ့ပါတယ်။ “Snowdrop” ဇာတ်ကားမှာလည်း BLACKPINK အဖွဲ့ဝင် Jisoo နဲ့အတူ တွဲဖက်သရုပ်ဆောင်ခဲ့ပြီး သူတို့နှစ်ဦးရဲ့ အလွန်လိုက်ဖက်မှုကြောင့်ပဲ Jisoo နဲ့ ချိန်းတွေ့တဲ့ ကောလာဟလတွေ ဆိုရှယ်မီဒီယာပေါ် ပျံ့နှံ့လာခဲ့ပါသေးတယ်။

https://s9.kh1.co/__image/w=620,h=450,q=100/bf/bff073b89a3bc47658f5ac95f320f11311f0c122.jpg

source - kbizoom

Rain
Rain

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T