တောင်ကိုရီးယား မင်းသမီး Jo Yoon-hee ဟာဆိုရင် မင်းသား Lee Dong-gun နဲ့ ကွာရှင်းအပြီး ၃ နှစ်အကြာမှာအနုပညာ လောကထဲကို ပြန်လည်ရောက်ရှိတော့မယ်လို့ ကြေညာခဲ့ပါတယ်။ Jo Yoon-hee တစ်ယောက် အနုပညာလှုပ်ရှားမှု လမ်းကြောင်းထက်ဆီမှာ ပျောက်ဆုံးနေခဲ့တာ ၆ နှစ်ကြာသွားပြီဖြစ်တာကြောင့် အခု တစ်ခေါက်ပြန်လည် ရောက်ရှိလာမယ့် အချိန်မှာ ပရိသတ်တွေကလည်း များစွာ မျှော်လင့်ထားကြပါတယ်။

Jo Yoon-hee ပြန်လည် ရောက်ရှိလာမယ့် ဇာတ်လမ်းနာမည်က 'Neulbom Garden' ဖြစ်ပြီး အခု ဇွန်လ ၂၉ ရက်နေ့မှာ စတင်ရိုက်ကူးသွားဖို့ ရှိတယ်လို့ သိရပါတယ်။ Jo Yoon-hee တစ်ယောက် ၆နှစ်အကြာမှ အနုပညာလှုပ်ရှားမှု လမ်းကြောင်းထက်ဆီကို ရောက်ရှိလာခဲ့တဲ့ အကြောင်းအရင်းက ကလေးထိန်းနေရတာကြောင့်ဖြစ်တယ်လို့ သိရပါတယ်။

Single Mother အဖြစ် ရပ်တည်နေရတဲ့ Jo Yoon-hee ဟာ ကလေးငယ်လေးကို ထိန်းသိမ်း စောင့်ရှောက်ဖို့အတွက် အချိန်တွေ များစွာ ရင်းထားပြီးနောက်မှာ အနုပညာ လမ်းကြောင်းထက်ဆီကို ပြန်လည်ရောက်ရှိလာတော့မှာ ဖြစ်တဲ့အတွက် ပရိသတ်တွေကလည်း များစွာ ပျော်ရွှင်နေကြပါတယ်။ Jo Yoon-hee တစ်ယောက် အနုပညာလမ်းကြောင်းထက်ဆီကို ပြန်ရောက်လာရတဲ့ အကြောင်းအရင်းကလည်း သားဖြစ်သူလေး အနာဂတ်အတွက်ခိုင်မာမှုလေးတစ်ခု ရှိစေချင်တာကြောင့်လို့ ဆိုထားပါတယ်။


ခင်ပွန်းဖြစ်သူနဲ့ကွာရှင်းပြီး Single Mother အနေနဲ့ အနုပညာလောကထဲကို ပြန်လည်ရောက်ရှိလာမယ့်သရုပ်ဆောင် Jo Yoon-hee ကို တခဲနက် အားပေးဖို့အတွက် ကြိုးစားပေးနေကြတဲ့ ပရိသတ်တွေလည်း အများကြီးပဲ ဖြစ်ပါတယ်။

Jo Yoon-hee တစ်ယောက် လဲကျနေရာကနေ ပြန်ထနိုင်ပြီး ရွှေရောင်တောက်ပတဲ့ အနာဂတ်တွေကို ပိုင်ဆိုင်နိုင်ဖို့ ဆုတောင်းရင်း အခုအကြောင်းအရာလေးကို တင်ဆက်ပေးလိုက်ပါတယ်။
