ချစ်စရာကောင်းလွန်းတဲ့ လူမှုဆက်ဆံရေးအရည်အချင်းတွေကြောင့် လက်ခုပ်တီးအားပေးခံခဲ့ရတဲ့ Lisa

//s9.kh1.co/e5/e5ffbd566cb538b4316b4bf429116698f8ac98ca.jpg
အနုပညာရှင်များ

 ၂၉-ဇွန်-၂၀၂၂ ၁pm · လွန်ခဲ့သော ၄ နှစ် က

ပြင်သစ်ကနေပြန်လာချိန်မှာ Lisa ရဲ့ ပရိသတ်တွေနဲ့ မီဒီယာကိုတုံပြန်ပုံကတော့ အားလုံးကချီးကျူး..

နိုင်ငံတိုင်းမှာ သူတိုရဲ့ရိုးရာယဉ်ကျေးမှူတွေ ရှိကြပြီးကိုရီးယားမှာ သူတိုတန်ဖိုးထားရတဲ့ ယဉ်ကျေးမှုစံနှုန်း တွေရှိကြပါတယ်။ ဒါကို ကိုရီးယားဇာတ်ကားတွေကြည့်တာနဲ့ အလွယ်တကူတွေ့နိုင်ပါတယ်။ ဒါပေမယ့် သူတို့လည်းကျနော်တို့လိုပါပဲ သူတိုရဲ့ယဉ်ကျေးမှုကို အားလုံးကိုတော့ လိုက်မလုပ်နိုင်ကြတဲ့လူတွေအများကြီးပါ။

https://s9.kh1.co/__image/w=650,h=299,q=100/5c/5c3f2af90afc3161fd457133523bbd2ae00aab2e.jpg

အနုပညာရှင်တွေဟာလည်း ရုပ်ရှင်ထဲမှာတော့ ယဉ်ကျေးပေမယ့် အပြင်မှာတော့ ခပ်ချေချေနေတတ်သူ‌တွေအများကြီးပါ။ ဒါပေမယ့် အဲ့ဒီထဲမှာ Lisa တော့မပါပါဘူး။ ကိုရီးယားတွေရဲ့ ယဉ်ကျေးမှုမှာ စီနီယာ၊ ဂျူနီယာ ဆက်ဆံရေးကိုအလေးထားတတ်ကြပြီး ကိုယ့်ထက်ကြီးသူတွေ၊ ကိုယ်နဲ့ တခါမှမတွ့ဖူးတဲ့ လူတွေနဲ့တွေ့ရင် ခါးကိုင်းပြီး ဦးညွှတ်နှုတ်ဆက်တတ်ပါတယ်။

https://s9.kh1.co/__image/w=650,h=452,q=100/78/78129f14906c40eafd20a19af0c8502cf352f9ae.jpg

နောက်ပြီး ကိုရီးယားတွေဟာ သတင်း media တွေ၊ ပရိသတ်တွေနဲ့ လူထုနဲ့ တွေ့တဲ့အခါ ဦးညွှတ်နှုတ်ဆက် တတ်ပါသေးတယ်။ ကိုရီးယားလူမျိုးမဟုတ်တဲ့ လူတွေကတော့ ဦးညွှတ်တာဟာမလိုဘူးလို ထင်ကောင်းထင်နိုင်ပေမယ့်၊ ကိုရီးယားမှာတော့ ဒါဟာ လေးစားမှုနဲ့ သိတတ်နားလည်ခြင်းကို ပြတဲ့လက္ခဏာပါ။

https://s9.kh1.co/__image/w=650,h=1317,q=100/44/44be11bb92cf1055e59b01a38021cfb8e57720c9.jpg

 Lisa ဟာ သူ့ရဲ့အနီးပတ်ဝန်ကျင်က လူတွေကို ဂရုစိုက်တတ်တဲ့နေရာမှာနာမည်ကြီးပါတယ်။ တလောက V, Lisa နဲ့ Park Bo Gum တို သုံးဦးသား ပြင်သစ်မှာပွဲအတူတက်ခဲ့ကြပြီး အဲ့ပွဲမှာ Lisa ရဲ့ဆက်ဆံရေးအကြောင်း အသေးစိတ်သိခဲ့ရပါတယ်။

https://s9.kh1.co/__image/w=650,h=650,q=100/f9/f95c0dccbd85da43ecc1a9ae673f83c51f196d0b.jpg
https://s9.kh1.co/__image/w=650,h=650,q=100/e7/e772374962d72ba349a1a8d48f1a907541e8f7ac.jpg

 မထင်မှတ်ပဲဖမ်းမိတဲ့ ဓာတ်ပုံ‌တွေမှာ Lisa က V ကို အကိုကြီး လိုခေါ်တာတွေ့ရပြီး V ရော Park Bo Gum ကိုရော သေချာဂရုစိုက်ပေးတာကိုတွေ့ရပါတယ်။ ပြီးတော့ ပြင်သစ်ကနေပြန်လာချိန်မှာ Lisa ရဲ့ ပရိသတ်တွေနဲ့ မီဒီယာကိုတုံပြန်ပုံကတော့ အားလုံးကချီးကျူးလောက်ပါတယ်။

https://s9.kh1.co/__image/w=650,h=867,q=100/55/55b397f47919ae9dba72c61a596d80b077b6f1e1.jpg

Lisa က လေဆိပ်ကထွက်ထွက်ခြင်းမှာပဲ ခါးကိုင်းပြီး မီဒီယာတွေနဲ့ fans တွေကိုနှုတ်ဆက်သွားခဲ့တာကြောင့် ဖြစ်ပါတယ်။ အင်တာနက်အသုံးပြုသူ တော်တော်များများကတော့ Lisa ရဲ့အခုလုပ်ရပ်ကို ချီးကျူးကြပြီး လီဆာဟာ အလွန်ကြင်နာတတ်ကြောင်း‌ ပြောနေကြပါတယ်။

Photos-credit

Source: Koreaboo

Bhone Min
Bhone Min

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T