ပရိသတ်တွေအားလုံးက သဘောကျလေးစားရတဲ့ အဆိုတော် ကျားပေါက် နဲ့ ဆွိဝတ်ရည်သောင်း တို့ ဟာ သိပ်မကြာခင်ကပဲ ချစ်သူတွေအဖြစ် တရားဝင်ရွှေလက်တွဲလိုက်ကြတဲ့ အနုပညာရှင်စုံတွဲတစ်တွဲပဲဖြစ်ပါတယ်။ သူတို့စုံတွဲလေး ရဲ့ ချစ်ခြင်း ဟာ ပရိသတ်တွေအကြား ရေပန်းစားခဲ့ပြီး အင်မတန်လူပြောများခဲ့ပါတယ်။

ကျားပေါက် နဲ့ ဆွိဝတ်ရည်သောင်း တို့ ဟာ တစ်ဦးအပေါ် တစ်ဦး အလေးအနက်ထားကာ ဂရုတစိုက် အရိပ်တကြည့်ကြည့်နဲ့ ချစ်ခင်မြတ်နိုးကြတာကြောင့် ပရိသတ်တွေကလည်း တဖြည်းဖြည်းနဲ့ လက်ခံချစ်ခင်လာကြပါပြီ။ ကိုကျားပေါက် ဟာလည်း ဆွိလေး အပေါ် သူမတူတဲ့ ဂရုစိုက်မှုတွေနဲ့ အပြည့်အဝချစ်ပေးသလို ဆွိလေးကလည်း ကိုကျားပေါက်အပေါ် အင်မတန်ချစ်ပြီး နားလည်မှုအပြည့်နဲ့ သူတို့ရဲ့ သံယောဇဥ်ကြိုးလေးကို ဆက်ထားတာပဲဖြစ်ပါတယ်။

ကျားပေါက် ဟာ သိပ်မကြာခင်က ဆွိဝတ်ရည်သောင်းအတွက် ပုံလေးတစ်ပုံဆွဲပေးလာပြီး ထိုပုံလေးဟာ ပရိသတ်တွေအကြားရေပန်းစားနေပါတယ်။ ထိုပုံ ဟာ ဆွိဝတ်ရည်သောင်း သိပ်ချစ်ရပြီး သိပ်မကြာခင်က ကွယ်လွန်သွားခဲ့တဲ့ အိမ်မွေးခွေးလေးဖြစ်ပါတယ်။ ထိုခွေးလေးကို ဆွိလေးက အရမ်းလွမ်းဆွတ်နေတာကြောင့် ကျားပေါက်က အလွမ်းပြေသွားအောင် ဆွဲပေးတာဖြစ်တယ်လို့ သူ့ရဲ့ Story မှာတင်လာခဲ့တာဖြစ်ပါတယ်။ ကိုကျားပေါက်တစ်ယောက်ဘယ်လိုတွေရိုထားလဲဆိုတာ ပရိသတ်ကြီးခံစားနိုင်စေရန် ဖော်ပြလိုက်ရပါတယ်။




