ထိုင်းနိုင်ငံက နာမည်ကြီး အမျိုးသမီးအဆိုတော်တစ်ဦးဟာ သူမ အမျိုးသား ကိုယ်တိုင် ချက်ပြုတ်တဲ့ လက်ရာ နဲ့ ဖွတ်သား ကို မြည်းစမ်းခဲ့တဲ့အတွက်ကြောင့် လူမှုကွန်ယက်ပေါ်မှာ ဆိုးဆိုးရွားရွား ပြစ်တင်ဝေဖန်ခံနေရတယ်လို့ သိရပါတယ်။

ထိုင်း အဆိုတော် ကရာတီ ဖန်နီဖာ ဟာ သူမရဲ့ ခင်ပွန်းသည် ချက်ပြုတ်တဲ့ ထိုင်း အစားအသောက် မီနူးကို ဗွီဒီယိုမှတ်တမ်းတင်ခဲ့ပြီး အဲ့ဒီ မီနူးထဲမှာ ပုံမှန်မဟုတ်တဲ့ အသားဟင်းလျာ ဖွတ်သားကို ထည့်ချက်ပြုတ်ထားတာဖြစ်တယ်လို့ သိရပါတယ်။

အဆိုတော်မလေး စားသောက်လိုက်တဲ့ ဖွတ်မျိုးစိတ် ဟာ ထိုင်းနိုင်ငံမှာ မျိုးသုဉ်းပျောက်ကွယ်သွားတော့မယ့် စာရင်းထဲ ထည့်သွင်းဖော်ပြခံထားရပြီး ထိန်းသိမ်းကာကွယ်စောင့်ရှောက်ဖို့ လှုံ့ဆော်ထားတဲ့ တိရစ္ဆာန် အမျိုးအစားဖြစ်တာကြောင့် ခုလိုဝေဖန်ခံနေရတာဖြစ်ပါတယ်။


