အဲ့ဒီ ဒရာမာ ဇာတ်ကားသစ်မှာ မင်းသား Cha Seo-won နဲ့ B1A4 အဖွဲ့ဝင်ဟောင်း Gong Chan တို့က အဓိကဇာတ်ကောင်အဖြစ် ပါဝင်သရုပ်ဆောင်မှာဖြစ်ကြောင်း အတည်ပြု လိုက်ပါတယ်။ Unintentional Love Story ဇာတ်လမ်းဟာ လိမ်ညာမှုနဲ့ စတင်ခဲ့တဲ့ လူနှစ်ဦးရဲ့ ဆက်ဆံရေးကို ပုံဖော်ထားတာ ဖြစ်ပြီး နှလုံးသားကို တုန်လှုပ်စေမယ့် အချစ်ဒရာမာတစ်ခုပဲဖြစ်ပါတယ်။

Daewon CI Co., Ltd. ကနေ ထုတ်ဝေခဲ့တဲ့ မူရင်းကိုရီးယားရုပ်ပြကာတွန်း Unintentional Love Story ဟာ အွန်လိုင်းပေါ်က စာဖတ်ပရိသတ်ရော အော့ဖ်လိုင်းက စာဖတ်ပရိတ်သတ်တွေဆီကရော အားပေးမှု အမြောက်အများကို ရရှိခဲ့ပါတယ်။ အဲ့ဒီ Manhwa က RIDIBooks ၏ 2021 BL Comic Awards မှာ E-Book Grand Prize ရရှိခဲ့ပြီး 2021 Aladin's BL Comic Competition မှာလည်း တစ်နှစ်တာအကောင်းဆုံး BL Comic ဆုကို ဆွတ်ခူးခဲ့ပါတယ်။ ဒါ့အပြင် MrBlue's 2021 BL Awards ရဲ့ COMIC အမျိုးအစားမှာလည်း Lifetime Work Award ကို ရရှိခဲ့ပါသေးတယ်။

“Untentional Love Story” Manhwa ကို ဒရာမာဇာတ်ကားအဖြစ် ပြောင်းလဲဖို့အတွက် ပထမဆုံး BL ဒရာမာ “Where Your Eyes Linger” ကို ရေးသားခဲ့တဲ့ စာရေးဆရာ Shin Ji-an နဲ့ “Peach of Time” ရဲ့ ဒါရိုက်တာ Jang Eu-soon တို့ အတူတူ ပူးပေါင်းလုပ်ဆောင်ကြမှာပဲ ဖြစ်ပါတယ်။ ဒါကြောင့် မင်းသား Cha Seo-won ကို Yoon Tae-joon ဇာတ်ဆောင်အဖြစ် သရုပ်ဆောင်ဖို့အတွက် ရွေးချယ်ခဲ့ ပြီး အဆိုတော်နဲ့သရုပ်ဆောင်တစ်ဦး ဖြစ်တဲ့ Gong Chan ကိုတော့ Ji Won-young အဖြစ် သရုပ်ဆောင်ဖို့အတွက် ရွေးချယ်ခဲ့တာဖြစ်ပါတယ်။

Cha Seo-won က ဒရာမာ၊ ဂီတ၊ ပြဇာတ်များအပြင် ရုပ်ရှင်အမျိုးအစားအမျိုးမျိုးမှာ တက်ကြွစွာ သရုပ်ဆောင်ခဲ့သူ တစ်ယောက်ပါ။ KBS2 ရဲ့ “Liver or Die”၊ tvN ရဲ့ “Miss Lee” နှင့် MBC ရဲ့ “Second Husband” တို့ မှာလည်း သူ့ရဲ့ သရုပ်ဆောင်ကောင်းမှုကြောင့် လူအများရဲ့ နှစ်သက်ခြင်း ခံခဲ့ရသူလည်းဖြစ်ပါတယ်။ Gong Chan ကတော့ B1A4 ၏အဖွဲ့ဝင်တစ်ဦးအဖြစ် ၂၀၁၁ ခုနှစ်မှာ ပွဲထွက်လာခဲ့တာ ဖြစ်ပြီး ဝဘ်ဒရာမာ “Delicious Love” နှင့် “To My Name” တို့လို့ ဇာတ်ကားတွေမှာ လည်းပါဝင်သရုပ်ဆောင်ခဲ့တာကြောင့် လူတွေရဲ့ အာရုံစိုက်မှုကို ရရှိခဲ့သူတစ်ယောက်ပါ။

BL ဒရာမာအသစ်ဖြစ်တဲ့ “Unintentional Love Story” ဇာတ်ကားဟာ ၂၀၂၂ ခုနှစ် နှစ်လယ်လောက်မှာ ထွက်ရှိမှာ ဖြစ်ပါတယ်။
source - kbizoom