Hyun Bin နဲ့ Son Ye-jin တို့ဟာ အိမ်ခြံမြေပိုင်ဆိုင်မှုမှာ တစ်ခုတည်းမှာတင် အနည်းဆုံး ဝမ် ၃၀ ဘီလီယံ ရှိပါတယ်။ ဒါကြောင့် မင်းသားချော၊ မင်းသမီးချော တို့နှစ်ယောက်ရဲ့ မွေးဖွားလာမယ့် ကလေးလေးကတော့ ရုပ်ရည်အသွင်အပြင်ကနေ စည်းစိမ်ဥစ္စာအထိ ပူပန်စရာရှိမှာ မဟုတ်ပါဘူး။

Hyun Bin နှင့် Son Ye-jin တို့က အိမ်ထောင်မပြုခင်အချိန်မှာတည်းက အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုကို အထူးအာရုံစိုက်ခဲ့တာဖြစ်ပြီး အိမ်ခြံမြေရင်းနှီးမြုပ်နှံမှုတစ်ခုတည်းကနေ ရရှိတဲ့ ဈေးကွက်အမြတ်က ဝမ် ၅.၅ ဘီလီယံတောင်ဖြစ်ပါတယ်။ ၂၀၀၉ ခုနှစ်တည်းက Hyun Bin က ဆိုးလ်၊ Dongjak-gu မှာ ဗီလာတစ်လုံးကို ဝမ် ၂.၇ ဘီလီယံနဲ့ ဝယ်ယူခဲ့ပြီး အရင်နှစ်က ဝမ် ၄ ဘီလီယံနဲ့ ပြန်လည်ရောင်းချခဲ့ပါတယ်။

၂၀၁၃ ခုနှစ်မှာလည်း Hyun Bin က Cheongdam-dong မှာ အိမ်တစ်လုံးကို ဝမ် ၄.၈ ဘီလီယံနဲ့ ထပ်မံဝယ်ယူခဲ့ပြီး အဆောက်အအုံကို ဖြိုချကာ စီးပွားရေးအဆောက်အအုံအသစ်ဆောက်လုပ်ခဲ့ပါတယ်။ အဲ့ဒီ အဆောက်အအုံက ၂၀၁၇ ခုနှစ်မှာ ဆိုးလ်မြို့ရဲ့ Architectural Excellence Award ကို ရရှိခဲ့ပြီး စျေးကွက်ပေါက်ဈေးမှာ အနည်းဆုံး ဝမ် ၁၀ ဘီလီယံ ခန့် ပေါက်ဈေးရှိတယ်လို့ ခန့်မှန်းကြပါတယ်။

Son Ye-jin ကတော့ ဆိုးလ်မြို့ Mapo-gu မှာ အဆောက်အဦးငယ်တစ်ခုကို ၂၀၁၅ ခုနှစ်တုန်းက ဝမ် ၉.၃ ဘီလီယံနဲ့ ဝယ်ယူခဲ့ပြီးတော့ သုံးနှစ်အတွင်းမှာ ဝမ် ၁၃.၅ ဘီလီယံနဲ့ ပြန်လည် ရောင်းချခဲ့တာပါ။ ၂၀၂၀ ခုနှစ်မှာ Sinsa-dong ရှိ အဆောက်အဦးတစ်ခုကို ဝမ် ၁၆ ဘီလီယံနဲ့ ဝယ်ယူခဲ့အပြင် Samsung-dong မှာလည်း ဝမ် ၆ ဘီလီယံ တန်ဖိုးရှိတဲ့ ဇိမ်ခံအိမ်ကြီးကိုလည်း ပိုင်ဆိုင်ထားပါသေးတယ်။ Gyeonggi ခရိုင် Guri ရှိ Penthouse ဟာ လက်ရှိ Hyun Bin နဲ့ Son Ye-jin တို့နှစ်ယောက် ဟန်းနီးမွန်းအိမ်အဖြစ် အသုံးပြုနေတဲ့အိမ် ဖြစ်ပြီး ဝမ် ၅ ဘီလီယံကျော် တန်ကြေးရှိမယ်လို့ ခန့်မှန်းကြပါတယ်။

လက်ရှိအချိန်မှာ Hyun Bin နဲ့ Son Ye-Jin တို့ စုံတွဲက ဆိုးလ်၊ Gangnam-gu မှာ အဆောက်အအုံတစ်ခုစီကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ သူတို့ပိုင်ဆိုင်တဲ့အိမ်ခြံမြေတန်ဖိုးက ဝမ် ၃၇ ဘီလီယံလောက်ရှိပါတယ်။ Hyun Bin နဲ့ Son Ye-jin တို့ဟာ မတ်လတုန်းက ဆိုးလ်မြို့မှာ လက်ထပ်ခဲ့ကြပါတယ်။ သုံးလကြာတဲ့အခါမှာတော့ Son Ye-jin ရဲ့ SNS အကောင့်ကနေ ကိုယ်ဝန်ရှိကြောင်း ကြေညာခဲ့ပြီး ကိုယ်ဝန်ရက်သတ္တပတ်အရေအတွက်ကို သီးခြားထုတ်ဖော်ပြောကြားခြင်းမရှိသေးပါဘူး။

source - kbizoom