အသက် 24 နှစ် ရှိပြီဖြစ်တဲ့ ထိုင်းမင်းသမီးလေး Patricia Good ကတော့ Thai TV3 နဲ့ အနုပညာလုပ်ငန်းတွေ အတူလုပ်လာတာဆိုရင် (10)နှစ် ကျော်ရှိသွားပြီ ဖြစ်ပါတယ်။ လက်ရှိမှာသူမပါဝင်သရုပ်ဆောင်ထားတဲ့ “My friend the Enemy” ဆိုတဲ့ drama ကိုလဲ Thai Ch3 မှာ ပြသနေပါတယ်။ သူမက ထိုင်း ဗြိတိသျှ ကပြားဖြစ်ပြီး နာမည်ကြီးကမ်းခြေတည်ရှိရာ ဖူးခက်ခရိုင်မှာ မွေးဖွားကြီးပြင်းခဲ့ပါတယ်။


Patricia Good ဟာ ဇွန်လ(၂)ရက်နေ့မှာပဲ သူမရဲ့ချစ်သူ Note Vises ကနေ လက်ထပ်ခွင့်တောင်းခံခဲ့ရပါတယ်။သူမက ချစ်သူလေးကို လက်ခံလိုက်တဲ့ အကြောင်းလေးကို သူတို့(၂)ယောက်ရဲ့ IG ကနေ တစ်ဆင့် ပရိသတ်တွေကိုမျှဝေပေးခဲ့ပါတယ်။


သူမရဲ့ချစ်သူဟာ Hiso တစ်ယောက်ဖြစ်ပြီး သူမကို ပိုပြီးရင့်ကျက်အောင်၊ပိုကောင်းတဲ့သူတစ်ယောက်ဖြစ်အောင်လမ်းပြပေးနိုင်သူဖြစ်ပြီး သူမရဲ့ပုံစံအတိုင်းလေးကို လက်ခံပေးနိုင်သူလည်း ဖြစ်တယ်လို့ Patricia Good ကအင်တာဗျူးမှာ ပြောခဲ့ဖူးပါတယ်။


Source: Patricia Good’s IG Acc





