ရုပ်ရှင်သရုပ်ဆောင် မင်းသမီးချောလေး ဖွေးဖွေး ကတော့ ရုပ်ရှင်ဇာတ်ကားပေါင်းများစွာကို ရိုက်ကူးထားပြီး ကျရာဇာတ်ရုပ်ကို သရုပ်ဆောင်နိုင်တဲ့ မြန်မာပြည်ရဲ့ ထိပ်တန်းမင်းသမီးတစ်လက်လဲ ဖြစ်ပါတယ်။ မိုးကုတ်သူလေးဖြစ်တဲ့ ဖွေးစိန်လေး ဟာ ဇာတ်ကားတိုင်းမှာ ပါဝင်တဲ့ကာရိုက်တာတိုင်းကို အကောင်းမွန်ဆုံး သရုပ်ဖော်တင်ဆက်နိုင်တာကြောင့် အကယ်ဒမီဆုတွေကို ထိုက်ထိုက်တန်တန် ဆွတ်ခူးထားပါသေးတယ်။


လက်ရှိမှာ အနုပညာတွေရပ်နားထားတာကြောင့် ပရိသတ်တွေကလည်း ဖွေးစိန်လေးကို လွမ်းနေကြတာဖြစ်ပါတယ်။ ဖွေးစိန်လေးကလည်း အရင်ကရိုက်ထားတဲ့ Video လေးတွေကိုသာ အလွမ်းပြေတင်ပေးနေခဲ့တာ ဖြစ်ပါတယ်။


ယနေ့လေးမှာတော့ ဖွေးစိန်လေးက ၁နှစ်ကျော်အတွင်းမှာ လက်ရှိသူမရဲ့ပုံစံကို ပထမဆုံး မျှဝေလာခဲ့တာ ဖြစ်ပါတယ်။ ပုံလေးထဲမှာတော့ ဖွေးလေးတစ်ယောက်က အရင်ကမြင်နေကြ ဆံပင်တိုလေးနဲ့ မဟုတ်ဘဲ ခါးလောက်ရှည်နေတဲ့ ရွှေရောင်ဆံပင်အရှည်နဲ့ပိုပြီးလှသွေးကြွယ်နေတာပဲဖြစ်ပါတယ်။






သတင်း အရင်းအမြစ်៖ Phway Phway’s FB Acc