ကမ္ဘာကျော် ဂန္တဝင်တေးကို သီဆိုရင်းမိခင်ကြီး ကို သတိရလွန်းလို့ ဝမ်းနည်းစွာငိုကြွေးခဲ့တဲ့ မာသထူးဝါးလေးရဲ့ ပုံရိပ်များ

//s9.kh1.co/18/1869105fc4772ed2b96dc725d3f6c696e8551327.jpg
အနုပညာရှင်များ

 ၂၅-ဇွန်-၂၀၂၂ ၈pm · လွန်ခဲ့သော ၃ နှစ် က

ကမ္ဘာကျော် ဂန္တဝင်တေးကို သီဆိုရင်းမိခင်ကြီး ကို သတိရလွန်းလို့ ဝမ်းနည်းစွာငိုကြွေးခဲ့တဲ့ မာသထူးဝါးလေးရဲ့ ပုံရိပ်များ

ဖိုးမူကြီးလို ချစ်စနိုးနဲ့ ခေါ်ကြတဲ့ တေးသံရှင် နော်မာသထူးဝါးလေးဟာဆိုရင် ဖခင်ကြီး ကွယ်လွန်သွားခဲ့စဉ်ကစပြီး မိခင်ကြီးနဲ့အတူ တောင်ကိုရီးယားနိုင်ငံကို ရောက်ရှိခဲ့တာဖြစ်ပါတယ်။ တောင်ကိုရီးယားနိုင်ငံမှာလည်း မာသထူးဝါးလေးက သူမရဲ့ မိခင်ဖြစ်သူ မောင်လေး နှစ်ယောက်တိုနဲ့ အတူတူ အဆိုတော်ကြီးတစ်ယောက်ဖြစ်အောင် ကြိုးစားနိုင်ခဲ့ပါတယ်။ အဆိုပြိုင်ပွဲတွေကနေတဆင့် ကြိုးစားလာခဲ့တဲ့ မာသထူးဝါးလေးဟာ အခုအချိန်မှာ တောင်ကိုရီးယားနိုင်ငံမှာ နာမည်တစ်ခုနဲ့ ရပ်တည်နေနိုင်ပြီပဲ ဖြစ်ပါတယ်။

youtube
youtube

မာသထူးဝါးလေး နာမည်ရ အောင်မြင်နေတဲ့အချိန်မှာ သူမရဲ့ မိခင်ကြီး မမိုင်ကလည်း ကွယ်လွန်သွားခဲ့ ပြန်ပါတယ်။ မိခင်ကြီး မရှိတော့တာကြောင့် မောင်လေးနှစ်ယောက်ကို အမကြီး အမိရာပီပီ စောင့်ရှောက်ပြီးနေထိုင်ရတော့မယ့် ဖိုးမူကြီးလေးကို ကူညီဖေးမပေးမယ့်သူတွေလည်း အများကြီးပဲ ဖြစ်ပါတယ်။

youtube
youtube

ဝါသနာကို အရင်းခံပြီး ကြိုးစားခဲ့တဲ့ မာသထူးဝါးလေးဟာ လက်ရှိမှာ အင်္ဂလန်အဆိုတော်ကြီး ပေါလ်ပိုစ့်နဲ့တောင် သီချင်းတွဲဆိုနိုင်နေပြီပဲ ဖြစ်ပါတယ်။ အရင်ကဆို သီချင်းဆိုပြိုင်ပွဲတွေသွားရင် အားပေးမယ့် မိခင်ကြီး အမြဲ လာလေ့ရှိပေမယ့် အခုတစ်ခေါက်မှာတော့ မိခင်ကြီးက မရှိရှာတော့ပါဘူး။ မိခင်ကြီး မရှိဘဲ ပထမဦးဆုံး ပြန်လည် ဖျော်ဖြေရတဲ့ ပွဲမှာ ဂန္တဝင်တေးတစ်ပုဒ်ကို မျက်ရည်တွေနဲ့ သီဆိုခဲ့တဲ့ မာသထူးဝါးလေးရဲ့ ပုံရိပ်လေးတွေဟာ လူအများကို စိတ်မကောင်း ဖြစ်သွားစေခဲ့ပါတယ်။

youtube
youtube
youtube
youtube
youtube
youtube
youtube
youtube
youtube
youtube

မာသထူးဝါးလေးနဲ့ အင်္ဂလန် အဆိုတော်ကြီး ပေါလ်ပိုစ့်တို တွဲဆိုထားတဲ့ သီချင်း ဗီဒီယိုလေးကို အောက်မှာ ဖော်ပြပေးထားပါတယ်။

youtube

အသက် ၁၅ နှစ်အရွယ်မှာကတည်းက ကမ္ဘာကျော် ဂန္တဝင်တေး “Nella Fantasia”ကို ခံစားချက်အပြည့်နဲ့ သီဆိုနိုင်တဲ့ အဆိုတော်ကြီးတစ်ယောက်ဖြစ်လာတဲ့ မာသထူးဝါးလေးကို ဂုဏ်ပြုရင်း အခုအကြောင်းအရာလေးကို တင်ဆက်ပေးလိုက်ပါတယ်။

Hsu Sandar Aung
Maria Emily Hsu

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T