မြန်မာ ပရိသတ်တွေကြားမှာ F4 ချစ်သူ လို့ လူသိများတဲ့ Boys Over Flowers ဇာတ်လမ်းတွဲဟာ ကမ္ဘာတစ်ဝှမ်းမှာအောင်မြင်မှုတွေ ဆွတ်ခူးရရှိခဲ့တဲ့ ဇာတ်လမ်းတစ်ခု ဖြစ်ပါတယ်။ တစ်ခဲနက် အောင်မြင်မှုတွေရရှိခဲ့တဲ့ Boys Over Flowers ဇာတ်လမ်းတွဲဟာ မကြာခင်မှာ Season 2 ထွက်ရှိတော့မယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ရှိထားပါတယ်။

Boys Over Glower Season 2 မှာ ပြန်ပြီးပါဝင်စေချင်တဲ့ မင်းသား မင်းသမီးတွေကို Knet က စစ်တမ်းကောက်ယူခဲ့တဲ့အချိန်မှာ ပရိသတ်အများစုက Kim Hyun Joong ကို မပါစေချင်တော့ဘူးလို့ တောင်းဆိုခဲ့ကြပါတယ်။

F4 Season 2 မှာ Kim Hyun Joong ကိုမပါစေချင်တော့တဲ့ အဓိကအကြောင်းအရင်းက Kim Hyun Joong ရဲ့လက်ရှိပုံစံက ချောမောခန့်ညားလွန်းတဲ့ F4 ဇာတ်ကောင်နဲ့ မကိုက်ညီတော့တာကြောင့် ဖြစ်တယ်လို့ သိရပါတယ်။

မင်းသား Kim Hyun Joong ကို မပါစေချင်တော့တဲ့ ပရိသတ်စာရင်းက ပရိသတ် အယောက် ၁၀၀၀ မှာ ၇၂ရာခိုင်နှုန်းအထိ ဖြစ်နေတယ်လို့ သိရပါတယ်။


Boys Over Flowers Season 1 ကို ၂၀၀၉ ခုနှစ်မှာ စတင်ထုတ်လွှင့်ခဲ့ပြီး အပိုင်း ၂၅ ပိုင်းနဲ့ ထုတ်လွှင့် ပြသ ခဲ့ပါတယ်။ Season 2 ထွက်ရှိဖို့ကို ၂၀၂၂ ခုနှစ် အစပိုင်းကတည်းက SBS ရုပ်သံလိုင်းက ဆွေးနွေးညှိနှိုင်းနေခဲ့ကြတာလို့ သိရပါတယ်။ တကယ်လို့ Season 2 ရိုက်ကူးဖြစ်မယ်ဆိုရင် ၂၀၂၂ ခုနှစ် နှောင်းပိုင်း ဒီဇင်ဘာလကနေစပြီးSeason 2 ကို စတင်ရိုက်ကူး သွားနိုင်ချေရှိတယ်လို့ သိရပါတယ်။




ဇာတ်လမ်းတွဲက အခုအချိန်ထိ မရိုက်ကူးရသေးတာကြောင့် Season 2 ထွက်မထွက်ကိုတော့ သေချာပေါက် မပြောပြပေးနိုင်သေးပါဘူး။ ပရိသတ်တွေရဲ့ များပြားလှတဲ့ တောင်းဆိုကန့်ကွက်မှုတွေကြောင့် Season 2 သာထွက်ရှိလာခဲ့ရင် ဂျီဟိုဇာတ်ကောင်အဖြစ် လူသိများတဲ့ Kim Hyun Joong ကို တွေ့ဖြစ်ချင်မှ တွေ့ဖြစ်တော့မှာ ဖြစ်ပါတယ်။
