စပါးတွဲရောင်းနေရတဲ့ သနားစရာညီအစ်မနှစ်ယောက်ရဲ့ Video...

//s9.kh1.co/7c/7c4f6ba159bfa0d4ea808430f6c82dd61193236d.jpg
အနုပညာရှင်များ

 ၂၅-ဇွန်-၂၀၂၂ ၉am · လွန်ခဲ့သော ၂ နှစ် က

ကလေးလေးတွေရဲ့ ရုပ်က အကြည်ဓာတ်လေးတွေနော်

အခြေခံလူတန်းစား တွေအတွက်နေ့ရက်တိုင်းက ခက်ခဲကြမ်းတမ်းလှပါတယ်။

အခုလို ခေတ်ပျက်ကြီးထဲမှာ လူကြီးလူငယ်မရွေး ရုန်းကန်လှုပ်ရှားနေရ သလို ကလေးတွေကလည်း သူတို့အရွယ်နဲ့မလိုက်တဲ့ အလုပ်တွေပါ လုပ်ရင်း ရုန်းကန်နေကြရပါတယ်။

https://s9.kh1.co/__image/w=650,h=365,q=100/1e/1efd552aff272f7be1547621d9b89ebfcee9a6c1.jpg

ပညာသင်ချိန်မှာ ပညာသင်မသင်ကြရသလို ပညာရှာချိန်မှာ တစ်ရက်စာဝမ်းရေးအတွက် စီးပွာရှာဖွေနေရတဲ့ကလေးတွေ ဒုနဲ့ဒေးများလာပါပြီ။

သူတို့ဘက်က ကြည့်ရင်လည်း ထမင်းတစ်နပ်တောင်မနည်းစားနေရတာ ပညာသင်ဖို့ဆိုတာ မတွေးမိလောက်အောင် ဟိုး အဝေးကြီးမှာပါ...

https://s9.kh1.co/__image/w=650,h=329,q=100/c8/c81230fa1433c098c516f8304c1802e169b319ad.jpg

ကားလမ်းမပေါ်တွေမှာ ပန်းရောင်းတဲ့ကလေးတွေ၊ ဆေးလိပ်ရောင်းတဲ့ ကလေးတွေ ၊ ရေသန့်ရောင်းတဲ့ကလေးတွေ အများကြီးဖြစ်လာသလို ပညာမဲ့ကလေးတွေလည်း အများကြီးရှိလာပါတယ်။

အခုလည်း ရုပ်ကလေးက ချစ်စရာလေးနဲ့စပါးတွဲရောင်းနေရတဲ့ ညီအစ်မ နှစ်ယောက်ကို ဟာသသရုပ်ဆောင် မိုးစက်က ငွေကြေး တစ်သိန်း ကူညီပေးခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=975,q=100/82/82171a084f0fdf6129408f8d4af6175a181e6cef.jpg

ညီအစ်မနှစ်ယောက်လုံးကချစ်စရာကောင်းသလို အကြည်ဓာတ်လေးဆိုတာကို ဒီvideoလေးထဲမှာ မြင်တွေ့ရမှာပါ။

အငယ်လေးဆိုရင် ဗိုက်အရမ်းဆာနေပုံပါပဲ...

ငွေတစ်သိန်းပေးတော့ပျော်သွားရှာတယ်...

အော် ဘဝလေးတွေက ကြမ်းလိုက်တာ ကလေးလေးတွေရေ...

Source and Photos from Moe Sat Facebook

Shun Lei Phyo
Shally Bo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T