ပရိသတ်အချစ်တော်တစ်ယောက်ဖြစ်တဲ့ ခင်ဇာခြည်ကျော်ကတော့ ရုပ်ရှင်နဲ့ ဗီဒီယိုသရုပ်ဆောင် ဝါရင့် အနုပညာရှင်တစ်ယောက်ပဲဖြစ်သလို အကယ်ဒမီတွေကိုလည်း ဆွတ်ခူးထားနိုင်တဲ့ အောင်မြင်တဲ့ မင်းသမီးတစ်ယောက်လည်း ဖြစ်ပါတယ်။


အခုအချိန်ထိအနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်နေတဲ့ ခင်ဇာခြည်ကျော်က လက်ရှိမှာတော့ သူမရဲ့ သားနဲ့သမီးကိုလည်း အနုပညာအမွေတွေကို လက်ဆင့်ကမ်းပြီး ဆွဲခေါ်ခဲ့တာပဲ ဖြစ်ပါတယ်။ ခင်ဇာခြည်ကျော်ရဲ့ သမီးလေးဖြစ်တဲ့ ထင်သစ္စာကတော့ ဆယ်ကျော်သက်အရွယ်သာရှိသေးပေမဲ့ မိခင်ရဲ့ အနုပညာသွေးအပြည့်ပါတဲ့သူပီပီ အနုပညာအလုပ်တွေကို လုပ်ကိုင်ကာ ပရိသတ်အခိုင်အမာရရှိနေခဲ့ပြီပဲဖြစ်ပါတယ်။


ဒီနေ့ ဇွန်လ (၂၅) ရက်နေ့က ထင်သစ္စာရဲ့ မွေးနေ့ဖြစ်ပြီး အသက် (၁၈) နှစ်ပြည့်သွားခဲ့ပြီပဲ ဖြစ်ပါတယ်။ ခင်ဇာခြည်ကျော် ကတော့ သမီးလေးရဲ့မွေးနေ့လေးကို ငယ်ငယ်ကပုံလေးတွေနဲ့ မွေးနေ့ဆုတောင်းပေးထားတာဖြစ်ပါတယ်။ "Happy Birthday ပါ ချစ်သမီး ထင်သစ္စာ????
မေ မေ နဲ့မွေး လ အတူ တူ ဇွန် လ ၂၅.၆.၂၀၂၂
မှာ အသက်( ၁၈) နှစ် ပြည့် ပြီ နော် ..??


??သမီး လေး ရေ ယ နေ့ ကျ ရောက် တဲ့ မွေး နေ့က
စပြီး စိတ် ချမ်း သာ ကိုယ် ကျန်း မာ စွာ နဲ့ ပညာ ရေး
မှာ ထူး ချွန် ထက်မြက် ပါ စေ!! မိဘ ကျေးဇူး ကို
သိတတ်နား လည် တဲ့ သမီး လေး ဖြစ် ပါ စေ လို့မေ မေ က
ဆု မွန် ကောင်း တောင်း လိုက် ပါတယ်...???


မေမေ့ အတွက် သမီးလေး က အားထားစရာ ပါ
❤️❤️❤️
မွေး နေ့ မှာ ပျော် ရွှင် ပါ စေ သဲလေးရေ...
???❤️❤️❤️???
ချစ် တဲ့ မေ မေ
25. 6. 2022" ဆိုပြီး သမီးလေးရဲ့ ပုံလေးတွေနဲ့ အတူ သူမရဲ့ လူမှုကွန်ယက်ထပ်မှာ ရေးသားထားတာပဲ ဖြစ်ပါတယ်။



Source : Khin Zarchi Kyaw's FB Acc





