စေတစ်လုံးမောင်ဘုန်းရယ်လို့ နာမည်ကြီး ခဲ့တဲ့ ဇာတ်လမ်းတွဲလေးကို မှတ်မိကြမှာပါ။

ဒီကားထဲမှာ အဓိကဇာတ်ဆောင်ဖြစ်တဲ့ မောင်ဘုန်းကိုတော့ ဘယ်သူမှ မေ့လို့ရမယ်မထင်ပါဘူး။
တည်ငြိမ်ရင့်ကျက်ပြီး ဘုရားတရားကို အမြဲလိုလို ကိုယ်မှာမြဲတဲ့ ဇာတ်လမ်းထဲက မောင်ဘုန်းဟာ နက္ခတ် အဆန်းကြီးနဲ့မွေးဖွားလာခဲ့သူဖြစ်ပြီး အထက်လမ်းပညာသည်တစ်ဦးပါ။

သူ့ကို အားကိုး ယုံကြည်တဲ့သူတွေများသလို သူ့အပေါ်တိုက်ခိုက်ချင်တဲ့သူတွေလည်း များပါတယ်။
ဇာတ်ကားထဲက မောင်ဘုန်းရဲ့ ကာရိုက်တာအရ မောင်ဘုန်းဇာတာ ဟာ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ဖြစ်ပြီး တွေ့သမျှမိန်းကလေးတိုင်းက အားကိုးချင်ကြပါတယ်။

ပီယဓာတ်ရှိတယ်လို့ ဆိုရမလားပါပဲ... မပိုင်ဆိုင်ရရင်တောင် ချစ်ခွင့်ပေးပါ ဆိုတဲ့ မိန်းကလေးတွေက မောင်ဘုန်းဘေးမှာအများကြီးပါ။
ဒါကတော့ဇာတ်လမ်းထဲက မောင်ဘုန်းပေမယ့် အပြင်မှာလည်း မင်းဘုန်းမြတ်ကို အားပေးသဘောကျတဲ့ မိန်းကလေးပရိတ်သတ်တွေများကြီးရှိပါတယ်။

မင်းဘုန်းမြတ်ရဲ့ video တွေပုံတွေအောက်မှာ ချစ်စရာကောင်းတဲ့ comment လေးတွေလာပေးတတ်ကြတာကို သူလည်း သဘောကျနေပါတယ်။

အခုတစ်ခါလည်း မိန်းကလေးပရိတ်သတ်တွေရဲ့ ကွန်းမန့်တစ်ချို့ကို screen shot ရိုက်ပြီး အမှတ်တရတင်ထားခဲ့ပါသေးတယ်။

ကဲ ပရိတ်သတ်ကြီးရော မောင်းဘုန်းကို သတိရကြရဲ့လား?
Source and Photos from MinPhoneMyat Facebook