ခပ်မိုက်မိုက် Rap သီချင်းတွေကို ဖန်တီးသီဆိုလေ့ရှိပြီး သီချင်းစာသားအလန်းတွေကြောင့် လူငယ်ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အပြည့်အဝလက်ခံရရှိထားတဲ့ လူငယ် Rap အဆိုတော် ကတော့ G Fatt ပဲဖြစ်ပါတယ်။


အဆိုတော် G Fatt ဟာ အချစ်သီချင်းတွေလည်း ဖန်တီးလေ့ရှိပြီး အချစ်သီချင်း ထဲ ပါဝင်တဲ့ ရိုဆန်လွန်းတဲ့ သီချင်းစာသားတွေကြောင့် အမျိုးသမီး ပရိသတ်တွေရဲ့ အသည်းကျော်ပဲလှော်လေးဖြစ်နေသူတစ်ဦးပါ။


ယခုအခါမှာလည်း အဆိုတော် G Fatt က မိန်းကလေးတွေနဲ့ပတ်သက်ပြီး စိတ်ထဲခံစားနေရတဲ့ အရာတစ်ခုကိုဖွင့်ဟလာခဲ့ပါတယ်။ G Fatt က " စိတ်ကောက်ခြင်း နဲ့ မိန်းကလေးတွေနဲ့ကို ဘယ်သူတွဲပေးလိုက်တာလဲ ? မိန်းကလေးပဲ စိတ်ကောက် မှာပေါ့ဆိုတာကရော ဘယ်ခေတ်လောက်မှာ ဘယ်သူစပြောခဲ့တဲ့စကားလဲ " လို့ ရေးသားခဲ့တာဖြစ်ပါတယ်။ အဆိုတော် G Fatt တစ်ယောက် ရည်းစားရသွားပြီလားဆိုတာကတော့ ပရိသတ်တွေက အင်မတန်စိတ်ဝင်စားနေကြပါပြီ။










