သရုပ်ဆောင်ဘေဘီမောင်ကတော့ ဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်ရင်း ပီပြင်တဲ့ သရုပ်ဆောင်ချက်တွေကြောင့် ပရိတ်သတ်တွေရဲ့အားပေးမှုကိုအခိုင်အမာရရှိထားတဲ့မင်းသမီးပဲဖြစ်ပါတယ်။ ဘေဘီမောင်ကတော့မကြာခဏဆို သလိုအလှူအတန်တွေပြုလုပ်ပြီး ဘုရားတရားလဲအလွန်းကိုင်းရှိုင်း တတ်ပါသေးတယ်။ မိသားစုများနဲ့လဲ တရားစခန်းကိုလဲမကြာမကြာဝင်လေ့ ရှိပါတယ်။


ဘေဘီမောင်ကတော့ ချစ်ရသူ သားဂန်း နဲ့ ရွှေလက်တွဲပြီး သာယာအေးချမ်တဲ့ မိသားစုဘဝကို တည်ဆောက်ထားတာပဲ ဖြစ်ပါတယ်။ မကြာခင်မှာလည်း သူတို့ရဲ့မိသားစုထဲကို လူသစ်လေးရောက်လာတော့မှာပဲ ဖြစ်ပါတယ်။ ဘေဘီမောင်တို့ ဇနီးမောင်နှံက လူ့လောကထဲကို ရောက်လာမယ့် သမီးလေးကို ရင်ခုန်စွာနဲ့ စောင့်ဆိုင်းနေကြတာပါ။


အလှူအတန်းရက်ရောတဲ့ ဘေဘီမောင်က ဒီတစ်ခါမှာလည်း ရပ်ကွက်တကာလည်ကာ ကပြဖျော်ဖြေရင်း ဝမ်းစာရှာဖွေနေရတဲ့ မစံပယ်အတွက် လိုအပ်တာတွေသွားရောက်လှူဒါန်းခဲ့တာဖြစ်ပါတယ်။ စတိတ်ရှိုးမင်းသမီး မစံပယ်က သီချင်းတစ်ပုဒ်ကို (၁၀၀၀) ကျပ်နဲ့ ကပြရင်း ဘဝကို ရုန်းကန်နေရသူလေးပါ။ အခုလို တကယ်လိုအပ်တဲ့နေရာကို သွားရောက် လှူတန်းခဲ့တဲ့ ဘေဘီမောင်တို့လည်း ဒီထက်မက စိတ်ချမ်းသာ ကိုယ်ကျန်းမာနဲ့ ပျော်ပျော်ရွှင်ရွှင် နေနိုင်သွားပါစေနော် ...









