အပြုံးချိုချိုလေးနဲ့ ကြည်လင်အေးမြတဲ့ မျက်နှာလေးကို ပိုင်ဆိုင်တဲ့ ချောရတနာဟာဆိုရင် သရုပ်ဆောင်တော်တဲ့သူဖြစ်သလို အကပိုင်းမှာလည်း ကျွမ်းကျင်တဲ့ သူဖြစ်ပါတယ်။ အနုအရွ အကြမ်းအရမ်းဇာတ်ကောင်မှန်သမျှကို ကျွမ်းကျင်ပိုင်နိုင်စွာ သရုပ်ဆောင်နိုင်တဲ့ ချောရတနာဟာ အသက် ၃၉ နှစ်အရွယ်ရှိနေပြီပဲဖြစ်ပါတယ်။ ချောရတနာမှာ သားကြီးလေးနဲ့ သမီးငယ်လေး နှစ်ယောက်ရှိပြီး သားလေးရော သမီးလေးရောက ချစ်ဖို့ကောင်းတာကြောင့် ပရိသတ်တွေရဲ့ အားပေးခြင်းကို တခဲနက် ရရှိထားတဲ့ သူဖြစ်ပါတယ်။


လက်ရှိမှာ ချောရတနာရဲ့ သမီးအငယ်လေးက တော်တော်တောင် အရွယ်ရောက်နေပြီပဲ ဖြစ်ပါတယ်။ ကြီးလာလေ မေမေ ချောရတနာနဲ့ ပိုပိုတူလာပြီး ပိုပိုလှလာတဲ့ သမီးလေးကို ပရိသတ်တွေကလည်း ဝိုင်းချစ်နေကြပါတယ်။



ချောရတနာက သူမ သမီးလေးရဲ့ ပုံရိပ်လေးတွေကို လူမှုကွန်ရက်စာမျက်နှာပေါ်မှာ အမြဲတင်ပေးလေ့ရှိတဲ့သူဖြစ်ပါတယ်။ ဓာတ်ပုံလေးတွေအရ ချောရတနာ သမီးလေးက အမေလိုပဲ တော်တော်ချစ်ဖို့ကောင်းလှပါတယ်နော်။ မေမေနဲ့ မျက်ခုံးမျက်လုံး တစ်ထေရာတည်းတူပြီး ချစ်ဖို့ကောင်းတဲ့ မင်းသမီး ချောရတနာရဲ့ သမီးလေးရဲ့ ပုံရိပ်လေးကို ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။


