တောင်ကိုရီးယားမင်းသား လီဝမ် ဟာဆိုရင် သရုပ်ဆောင် မင်းသမီး ကင်တေဟီးရဲ့ မောင်လေး ဖြစ်ပါတယ်။ လီဝမ် ဟာ အနုပညာ လမ်းကြောင်းထက်ဆီကို ရောက်ရှိတာ အစ်မ ဖြစ်သူထက် နောက်ကျတဲ့သူဖြစ်ပေမယ့် အစ်မဖြစ်သူကြောင့် နာမည်ကြီးလာတာမျိုးကို သဘောမကျတဲ့သူဖြစ်ပါတယ်။


ဒါကြောင့် ပရိသတ်တော်တော်များများက လီဝမ်ကို မင်းသားလီဝမ် သရုပ်ဆောင်လီဝမ် အဖြစ်နဲ့သာ မြင်တွေ့ကြပြီး ကင်တေဟီးရဲ့မောင်လေးဆိုတာကို မသိခဲ့ကြပါဘူး။ မြန်မာပြည်က 90 borns တွေ အသိများကြတဲ့ လီဝမ်ရဲ့ ဇာတ်ကားတစ်ကားကတော့ လေချွန်သံ ဇာတ်ကားလေးအဖြစ် လူသိများတဲ့ “အချစ်သစ်ပင်”ဆိုတဲ့ ဇာတ်လမ်းတွဲလေးပဲ ဖြစ်ပါတယ်။


အနုပညာလောကထဲ စတင်ဝင်ရောက်လာစဉ်ကတည်းက သီးသီးသန့်သန့် ရပ်တည်ခဲ့တဲ့ လီဝမ်ဟာ အစ်မ ဖြစ်သူ ကင်တေဟီးကို အရမ်းချစ်တဲ့ မောင်လေး တစ်ယောက်ဖြစ်ပါတယ်။ လီဝမ်ဟာ အစ်မဖြစ်သူကြောင့် ဂုဏ်ယူရသလို အစ်မ ဖြစ်သူနဲ့ ပတ်သတ်ပြီး တစ်ခါမှ မျက်နှာ မငယ်ခဲ့ရဖူးကြောင်းလည်း အင်တာဗျူးတွေထဲမှာ ဖြေဆိုခဲ့ဖူးပါတယ်။


လီဝမ်နဲ့ကင်တေဟီးတို့ မောင်နှမဟာ တစ်ယောက်ရဲ့ ပုဂ္ဂိုလ်ရေးကို တစ်ယောက် ဝင်ပြီး မစွက်ဖက်ကြ ဘူးလို့ လည်း သိရပါတယ်။ ဒါကြောင့် ယောက်ဖ ဖြစ်သူ ရိန်းနဲ့ ပတ်သတ်ပြီးတော့လည်း လီဝမ်မှာ အရမ်းကြီး ရင်းနှီးတဲ့ ဆက်ဆံရေး မရှိထားဘူးလို့ သိရပါတယ်။

ဒါ့အပြင် လီဝမ်က ယောက်ဖ ဖြစ်သူ ရိန်းရဲ့ YouTube channel ကိုလည်း subscribe မလုပ်ထားဖူးတဲ့အပြင် ကိုယ့်အရှေ့ကို ဗီဒီယိုရောက်လာမှ ဝင်ကြည့်လိုက်တယ်လို့ ဆိုပါတယ်။ ယောက်ဖ ဖြစ်သူ လီဝမ်ရဲ့ ဗီဒီယိုတွေက အရမ်းရယ်ရပြီး ကောင်းမွန်တဲ့ အရည်အသွေးတွေ ရှိတယ်လို့တော့ လီဝမ်က မှတ်ချက်ပေးထားပါတယ်။


အနုပညာလောကမှာ နေရာတစ်နေရာအဖြစ် ရပ်တည်ထားပြီးဖြစ်တဲ့ သွေးသားရင်း မောင်နှမ နှစ်ယောက် ကင်တေဟီးနဲ့ လီဝမ်တို့ အကြောင်းကို ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။

(Credit= 'kimtaehee99' Instagram, Story J Company, Online Community)