နေကောင်းခါစမှာ သူ့ရဲ့ အမိုက်စား body ကိုချပြခဲ့တဲ့ ဟိန်းမင်းသူ...

//s9.kh1.co/17/177030620178a40af2b82944d4f404bd154fc21f.jpg
အနုပညာရှင်များ

 ၂၄-ဇွန်-၂၀၂၂ ၁၀am · လွန်ခဲ့သော ၂ နှစ် က

ဟိုတလော ကပိန်သွားတာ အခု Body လေးက ပြန်မိုက်နေပြီ...

ဟိုတလောက ‌နေမကောင်းဘူးလို့ သိရတဲ့ ဟိန်းမင်းသူ ဆိုတဲ့ မော်ဒယ် မင်းသားချောကို အားလုံးပဲ သိကြလိမ့်မယ်လို့ထင်ပါတယ်။ အသားအဖြူဖြူ ဘိုဆန်ဆန်တဲ့ အရပ်ရှည်တဲ့ သူ့ပုံစံဟာ မိန်းကလေး ပရိတ်သတ်တွေ အတွက်ဆွဲဆောင်မှုရှိစေပါတယ်နော်။

https://s9.kh1.co/__image/w=650,h=976,q=100/75/75d5a10ec9540b85388c4f43170ce452405ed2c1.jpg

သူ့ရဲ့ အအောင်မြင်ဆုံး နဲ့ လူကြိုက်များဆုံး ဇာတ်လမ်းတွဲကို ပြောပါဆိုရင် " တို့မမနဲ့တို့ "ပါပဲ။ ဒီကားထဲမှာ gay ကာရိုက်တာနဲ့သရုပ်ဆောင်တာပီပြင်လွန်းလို့ပရိတ်သတ်တွေက ပိုပြီး ချစ်ခင်အားပေးလာကြပါတယ်။

https://s9.kh1.co/__image/w=650,h=650,q=100/0b/0bbce7931265e60a3e35b5401b6cd9d1292d2524.jpg

 ဟိန်းမင်းသူတစ်ယောက်အနုပညာလောကထဲကနေ ပျောက်နေတာကြာပါပြီ။ မကြာသေးခင်က သူတင်ထားခဲ့တဲ့ ပိုစ့်တစ်ခုမှာ သူနေမကောင်းကြောင်းနဲ့ သူအသားစ စစ်ထားရတယ်ဆိုတဲ့အကြောင်း ကို ရေးသားထားခဲ့ပါတယ်။ ဒါကြောင့်လည်းသူ့ကို ချစ်တဲ့ ပရိတ်သတ်တွေက သူ့ကျန်းမာရေးအတွက်စိတ်ပူနေကြရတာပါ။

https://s9.kh1.co/__image/w=206,h=206,q=100/52/52b14e43887cf4cab84efd63934868f6bfbbd562.jpg

အသားစ စစ်ရတယ်ကြားတော့ ကြီးကြီးမားမားရောဂါတွေမဖြစ်ပါစေနဲ့ဆိုပြီး ပရိတ်သတ်တွေက စိတ်ပူခဲ့ကြပေမယ့် ဒီရက်ပိုင်း အနုပညာလုပ်ငန်းတွေကို ပြန်လုပ်နေကြောင်း သူ့ရဲ့ Facebook စာမျက်နှာမှာ တင်ထားတာတွေမြင်တော့ ဝမ်းသာစရာပါပဲနော်...

ဟိုတလောကကိုမျိုးကြီးတို့နဲ့ သီချင်းတွေအတူတူ လုပ်သလို မမသင်ဇာအတွက် သီချင်းတွေကိုလည်း ရေးပေးတီးပေးဖြစ်နေတယ်လို့ တင်ထားခဲ့ပါသေးတယ်။

https://s9.kh1.co/__image/w=206,h=206,q=100/fe/fe5dea9e79a6e5bea8dd051079fae30a31292ada.jpg

အခုလည်း သူ့ရဲ့ ခပ်တောင့်တောင့် ခန္ဓာကိုယ် အမိုက်စားကို ပရိတ်သတ်တွေကို ချပြခဲ့ပါသေးတယ်။

နေမကောင်းတုန်းက အရမ်းပိန်သွားခဲ့ပေမယ့်လည်း အခုချိန်မှာ ခန္ဓာကိုယ်က အရင်ကလိုပဲ ပြန်ပြီးတောင့်တောင့်ဖြောင့်ဖြောင့် ဖြစ်နေပါပြီနော်...

https://s9.kh1.co/__image/w=526,h=701,q=100/79/7916cf9dfad8e7eefc0535784b7a869fada515d9.jpg

ကဲ နေကောင်းခါစမှာ အနုပညာအလုပ်တွေကို ပြန်လုပ်နေတဲ့ ဟိန်းမင်းသူကို အားပေးကြပါဦးနော်...

Source from Hein Min Thu Facebook

Photos credit from Facebook

Shun Lei Phyo
Shally Bo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T