သရုပ်ဆောင်မဖြစ်ခင်က ဆောက်လုပ်ရေးဝန်ထမ်းအလုပ်ကို ပင်ပန်းဆင်းရဲစွာ လုပ်ကိုင်ခဲ့ရတဲ့ All Of Us Are Dead ဇာတ်လမ်းတွဲရဲ့ သရုပ်ဆောင်လေး

//s9.kh1.co/8a/8a3ec28afea5565eb66c37fd1b328b666c0c5ab7.png
အနုပညာရှင်များ

 ၂၄-ဇွန်-၂၀၂၂ ၉am · လွန်ခဲ့သော ၃ နှစ် က

သရုပ်ဆောင်မဖြစ်ခင်က ဆောက်လုပ်ရေးဝန်ထမ်းအလုပ်ကို ပင်ပန်းဆင်းရဲစွာ လုပ်ကိုင်ခဲ့ရတဲ့ All Of Us Are Dead ဇာတ်လမ်းတွဲရဲ့ သရုပ်ဆောင်လေး

ကိုရီးယား အထက်တန်းကျောင်းသား ဇွန်ဘီဇာတ်လမ်းတွဲ ဖြစ်တဲ့ All Of Us Are Dead ဇာတ်လမ်းတွဲဟာ မထင်မှတ်ထားလောက်အောင် အောင်မြင်တဲ့ ဇာတ်လမ်းတွဲဖြစ်ပါတယ်။ ဇာတ်လမ်းတွဲထဲမှာ ပါဝင်ခဲ့တဲ့ သရုပ်ဆောင်တွေဟာဆိုရင်လည်း နာမည်ကြီးတဲ့သူတွေကို သုံးထားတာ မဟုတ်ပေမယ့် သရုပ်ဆောင်တွေ ထိမိနေပြီး အရမ်းကောင်းမွန်နေကြတာ တွေ့ရမှာပါနော်။ ဇာတ်လမ်းတွဲထဲမှာ အရံသရုပ်ဆောင် အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့တဲ့ ဝဝတုတ်တုတ်သရုပ်ဆောင်လေး Lim Jae Hyuk ဟာဆိုရင်လည်း မမျှော်လင့်ထားတဲ့ သမိုင်းတွေ ရှိထားဖူးတဲ့ သူဖြစ်ပါတယ်။ Lim Jae Hyuk က အသက် ၂၇ နှစ် ရှိပြီဖြစ်ပြီး သရုပ်ဆောင်လောကထဲကိုဝင်ရောက်ဖို့ အတွက် အခက်အခဲတွေ အများကြီးနဲ့ ရင်ဆိုင်ခဲ့ရတဲ့သူလို့ သိရပါတယ်။

Google
Google
Google
Google

ဒီအကြောင်းကို Youtuber Lee Jin Ho က ဗီဒီယိုလေးနဲ့တကွ ထုတ်ဖော် ပြောကြားခဲ့တာဖြစ်ပါတယ်။

Google
Google

Lim Jae Hyuk ဟာဆိုရင် ဇာတ်လမ်းတွဲထဲမှာ ကျောင်းသား အဆိုတော် Yang Dae Su အနေနဲ့ ပါဝင်သရုပ်ဆောင်ခဲ့ပြီး ချစ်စဖွယ် မျက်နှာလေးကြောင့် ပရိသတ်တွေရဲ့ အားပေးခြင်းကို တခဲနက်ရရှိခဲ့တဲ့သူဖြစ်ပါတယ်။ Lim Jae Hyuk က သရုပ်ဆောင်လောကထဲကို ဝင်ရောက်ဖို့အတွက် ဆောက်လုပ်ရေး အလုပ်သမားအဖြစ် အုတ်ခဲတွေသယ်တဲ့ အလုပ်ကိုတောင် လုပ်ကိုင်ခဲ့ရတဲ့ သူဖြစ်ပါတယ်။

Google
Google
Google
Google
Google
Google
Google
Google

Lim Jae Hyuk လုပ်ခဲ့ ဖူးတဲ့ အလုပ်တွေထဲမှာ ဆောက်လုပ်ရေးဝန်ထမ်း ၊ ပစ္စည်းပို့ဝန်ထမ်းအပြင် အခြား အလုပ်မျိုးစုံကိုလည်း ပါဝင်တယ်လို့ သိရပါတယ်။ သရုပ်ဆောင်ကောင်းတစ်ယောက် ဖြစ်လာဖို့အတွက် အလုပ်မျိုးစုံကို လက်ခံပြီး လုပ်ခဲ့ရတဲ့ Lim Jae Hyuk ဟာ တစ်ကားဆိုတစ်ကား အောင်မြင်ခဲ့တဲ့ All Of Us Are Dead ဇာတ်လမ်းမှာ ပါဝင်ခွင့်ရခဲ့တဲ့အတွက် လူအများက သူ့ရဲ့ ကံကောင်းခြင်းလို့ ဆိုထားပါတယ်။

Google
Google

Lim Jae Hyuk ဟာ All Of Us Are Dead ဇာတ်လမ်းတွဲထဲမှာ ပါဝင်ပြီးတဲ့နောက်မှာ follower တွေ အများကြီးကိုလည်း ရရှိခဲ့ပြီး လူသိများခဲ့ပါတယ်။ ပြည့်ဖြိုးတဲ့ ခန္ဓာကိုယ်နဲ့ ချောမောလွန်းနေတဲ့ မျက်နှာကို ပိုင်ဆိုင်မထားတဲ့ Lim Jae Hyuk ဟာ  အဓိကဇာတ်ကောင်တစ်ယောက်တော့ ဖြစ်မလာနိုင်ပေမယ့် ကောင်းမွန်လွန်းလှတဲ့ သရုပ်ဆောင် အရည်အသွေးကြောင့် နာမည်ကျော် သရုပ်ဆောင်တစ်ယောက်တော့ ဖြစ်လာနိုင်ပါတယ်။

Google
Google

ခက်ခဲကြမ်းတမ်းတဲ့ အလုပ်မျိုးစုံ လုပ်ခဲ့ရတဲ့ Lim Jae Hyuk ရဲ့ ရည်းမှန်းချက်လေး ဆက်ပြီးပြည့်မြောက်ဖို့ဆုတောင်းပေးရင် အခုအကြောင်းအရာလေးကို ဝေမျှပေးလိုက်ပါတယ်။

Hsu Sandar Aung
Maria Emily Hsu

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T