ပရိတ်သတ်တွေက အရင်ပုံတွေနဲ့ ဝိုင်းပြီးကျီစား လို့ ရှက်ကိုးရှက်ကန်းဖြစ်နေတဲ့ ပိုင်တံခွန်...

//s9.kh1.co/bc/bcec53e435663764ae8d19c247981e6cbcad7dec.jpg
အနုပညာရှင်များ

 ၂၄-ဇွန်-၂၀၂၂ ၉am · လွန်ခဲ့သော ၂ နှစ် က

ကိုယ့်ဘာသာကိုယ်တောင် မကြည့်ရဲတော့ဘူး တဲ့ ကိုပိုင်ရှက်နေပြီ?

ပိုင်တံခွန်ဆိုတဲ့ ပြည်သူချစ် မင်းသားလေးကို အားလုံးပဲသိကြလိမ့်မယ်လို့ထင်ပါတယ်။

မကြာသေးခင်ကမှ ပြည်သူတွေနဲ့ မိသားစုဆီ ပြန်လည်ရောက်ရှိတဲ့ ကိုပိုင်ကို အားလုံးက ပိုပြီးချစ် ပိုပြီးအားပေးလာကြပါတယ်။

မိသားစုတွေ ကလည်း ကိုပိုင်ကို အရမ်းသတိရလွမ်းဆွတ်နေသလိုပြန်တွေ့တဲ့အချိန်မှာလည်းအလွမ်းသယ်လို့မဝဖြစ်နေတာပါပဲနော်။

ပရိတ်သတ်တွေကလည်း ကိုပိုင်ပြန်ရောက်လာတဲ့ နောက်ပိုင်းမှာ သူ့ကိုအရင်ကထက်ပိုပြီး အားပေးချစ်ခင်လာကြပါတယ်။

https://s9.kh1.co/__image/w=650,h=1147,q=100/d0/d04bd5c1aa91a27b8a69db05b982f083e696e6db.jpg

အရင်ကလိုပဲ အနုပညာလုပ်ငန်း‌တွေကို ပြန်ပြီး လုပ်ကိုင်နေသလို သူ့ရဲ့ အနုပညာလုပ်ငန်းတိုင်းကိုလည်း ပရိတ်သတ်တွေက တခဲနက်အား‌ပေးကြတာပါပဲ။

https://s9.kh1.co/__image/w=640,h=960,q=100/40/40c696ab8ac7140c2674fcc5b1a4ae5ff177aa5c.jpg

တိရစ္ဆာန် အကောင်ပ‌‌‌လောင်လေး‌တွေကို ချစ်တတ်ပြီး ထူးထူးဆန်းဆန်း‌ ‌လေး‌တွေကို ‌‌မွေးတတ်တဲ့ သူဟာ စိတ်ထားနူးညံ့တဲ့ တိရစ္ဆာန်ချစ်သူလေးလည်းဖြစ်ပါတယ်‌နော်....

https://s9.kh1.co/__image/w=650,h=488,q=100/5f/5fc486cea83d43792b77ca0f12c497bd8d870728.jpg

အနုပညာလုပ်ငန်းထဲကို စဝင်ခါစတုန်းက ကလေးရုပ်လေးနဲ့ မပြင်တတ်မဆင်တတ်သေး‌ပေမယ့်လည်း အခုနောက်ပိုင်းမှာ ‌တော့အရမ်းကိုတည်ကြည်ခန့်ညားလာတာ‌ကြောင့် မြန်မာနိုင်ငံမှာတင်မက တစ်ခြား အိမ်နီးချင်းနိုင်ငံတွေမှာပါ ပိုင်တံခွန်ဆိုတဲ့နာမည်တစ်လုံးနဲ့ ‌အောင်မြင်ခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=488,q=100/55/555de9184dcaba74a4b4aa15f8705d9d70121674.jpg

သူ့ကို ချစ်ခင်တဲ့သူ ဘယ်လောက်များလဲဆိုရင် သူ့ရဲ့ Social Media acc ထဲကိုဝင်ပြီး သူ့ငယ်ဘဝက ပုံရိပ်လေး‌တွေကို up ကာ ကြည်စားတဲ့ပရိတ်သတ်တွေအများကြီးရှိလာခဲ့ပါတယ်။

https://s9.kh1.co/__image/w=576,h=1024,q=100/1d/1d776161e16d5d2a65c7191a34ec421c288dd7e0.jpg

တစ်ယောက်ယောက်က အစပျိုးလိုက်ရာကနေ ကိုပိုင့်ရဲ့ ငယ်ငယ်တုန်းက ဓာတ်ပုံတွေက Social Media ပေါ်မှာ ပြန်ပြီး ပျံ့နှံ့လာခဲ့ပါတယ်နော်...

အရင်တုန်းက ပုံလေး‌တွေကအခုပြန်ကြည့်တော့ ချစ်လည်းချစ်ဖို့ကောင်း ရယ်လည်းရယ်ဖို့ကောင်းတာမလို့ ကိုပိုင်တစ်ယောက် ရှက်နေရှာပါတယ်နော်...

https://s9.kh1.co/__image/w=650,h=488,q=100/1e/1e19a566010358ae3896f645c02b24824ded78f1.jpg

ဟီ... ဘာပဲဖြစ်ဖြစ် ပရိတ်သတ်တွေချစ်လို့ ကျီစားတာဆိုတော့လည်း ကိုပိုင်တစ်ယောက်ပျော်လည်း‌ပျော်ရှက်လည်းရှက်ပေါ့ ‌နော်...

https://s9.kh1.co/__image/w=650,h=412,q=100/77/772a6789e07759b8e96d88273b1e7aa2934375c2.jpg

Source from Paing Takhon's Facebook

Photos credit from Facebook

Shun Lei Phyo
Shally Bo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T