မြင်မြင်ချင်း ချစ်မိသွားခဲ့တဲ့ သတင်းထောက်မလေးကို လက်ထပ်ခဲ့တဲ့ မင်းသား So Ji Sub

//s9.kh1.co/77/774694e351f8fca7afe988ca9dcd28cd164b0904.jpg
အနုပညာရှင်များ

 ၂၄-ဇွန်-၂၀၂၂ ၆am · လွန်ခဲ့သော ၃ နှစ် က

နှစ်ယောက်က အသက် (၁၇) နှစ်တောင်ကွာတာတဲ့ .. အာဂျူးရှီးလ်ကတော့ လက်တွေ့ ဘဝမှာ ဒရမ်တွေ ရိုက်ကုန်ပြီ

မြန်မာပရိသတ်တွေကြားမှာ "ဘတ်ချောဟွန်း" လို့ နာမည်ကြီးတဲ့ တောင်ကိုရီးယားမင်းသားချော So Ji Sub ဟာ မီဒီယာဌာန တစ်ခုရဲ့ သတင်းထောက် Cho Eun Jung နဲ့ ၂ နှစ်ကြာ တွဲခဲ့ကြပြီးနောက်မှာ လက်ထပ်ခဲ့ကြတာ ဖြစ်ပါတယ်။So Ji Sub တို့ ဇနီးမောင်နှံနှစ်ဦးက မင်္ဂလာပွဲကို ခမ်းခမ်းနားနား မပြုလုပ်ခဲ့ပဲ နှစ်ဖက်မိဘနဲ့ အသိမိတ်ဆွေတွေနဲ့သာ အကျဉ်းချုံးကျင်းပခဲ့တာ ဖြစ်ပါတယ်။

Photo Credit : allkpop.com
Photo Credit : allkpop.com
Photo Credit : allkpop.com
Photo Credit : allkpop.com

သူတို့နှစ်ဦးဟာ ခမ်းခမ်းနားနား ကျင်းပဖို့ ကုန်ကျမယ့် မင်္ဂလာစရိတ်ကို ပညာသင်ဖို့ ရုန်းကန်နေရတဲ့ ဝင်ငွေနည်းမိသားစုတွေက ကလေးငယ်တွေကို ကူညီဖို့အတွက် ဝမ်သန်း ၅၀ လှူဒါန်းခဲ့ပါသေးတယ်။ သူတို့နှစ်ဦးက ဖျော်ဖြေရေးသတင်းအတွက် အင်တာဗျူးတစ်ခုမှာ တွေ့ဆုံခဲ့ကြတာပါ။ မင်းသားက "Be With You" Drama ကို Promotion လုပ်ဖို့ သွားတုန်းက Cho Eun Jung နဲ့ တွေ့ဆုံမေးမြန်းသူ နဲ့ အင်တာဗျူးဖြေသူအဖြစ် စတင်တွေ့ခဲ့တာ ဖြစ်ပါတယ်။

Photo Credit : allkpop.com
Photo Credit : allkpop.com
Photo Credit : allkpop.com
Photo Credit : allkpop.com

သူတို့နှစ်ဦးရဲ့ ပထမဆုံးတွေ့ဆုံမှုအတွင်းက ဗီဒီယိုဖိုင်တစ်ခုလည်း ထွက်ပေါ်လာခဲ့ပြီး လူအများကြားမှာ ရေပန်းစားနေဆဲဖြစ်ပါတယ်။ အဆိုပါ ဗီဒီယိုဖိုင်မှာ So Ji Sub က Cho Eun Jung ကို သဘောကျ နှစ်ခြိုက်စွာ စိုက်ကြည့်နေတယ်လို့ သတင်းတွေ ထွက်ခဲ့ပြီး 2019 မှာ တရားဝင် စုံတွဲတွေ ဖြစ်ခဲ့တာ ဖြစ်ပါတယ်။

Photo Credit : allkpop.com
Photo Credit : allkpop.com

ဇနီးဖြစ်သူ Cho Eun Jung ကို 1994 ခုနှစ်တွင် မွေးဖွားခဲ့ပြီး So Ji Sub ကို 1977 ခုနှစ်တွင် မွေးဖွားခဲ့တာကြောင့် သူတို့ဇနီးမောင်နှံက အသက် ၁၇ နှစ် ကွာနေပါတယ်။ အချစ်မှာ အသက်အရွယ်က အဓိက မဟုတ်ဘူးလို့ သက်သေပြလိုက်တဲ့ သူတို့အတွဲလေးကတော့ နားလည်မှု ချစ်ခြင်းတွေနဲ့ အပြည့်နဲ့ တည်ဆောက်ထားကြတာ ဖြစ်ပါတယ်။ 

Source: allkpop.com

Cherry Nwe Oo
Cherry

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T