ရှိုးပွဲမှာ ကိုယ်ပွားသုံးပြီး ပရိတ်သတ်တွေကိုလှည့်စားခဲ့တဲ့ Billie Eilish..

//s9.kh1.co/bd/bd40fbbaf6892d3b6d05668f57e7674e5dc5b851.jpg
အနုပညာရှင်များ

 ၂၃-ဇွန်-၂၀၂၂ ၄pm · လွန်ခဲ့သော ၂ နှစ် က

ကျမဝတ်နေကျ ပုံစံနဲ့ သူ့ကို ၀တ်ထားပေးလိုက်တယ်။ အနက်ရောင်ဆံပင်တုတစ်ခုနဲ့ နေကာမျက်မှန်တစ်လက်...

Bad Guy သီချင်းဆိုထားတဲ့ အဆိုတော် Billie Eilish ဟာအပြင်မှာရော တကယ့် Bad Guyလေးဆိုတာ သိပြီးကြပြီလား။ အော်စကာဆုနဲ့ ဂရမ်မီဆုတို့ကို ရထားတဲ့ အဆိုတော် Billie Eilish ဟာ Apple Music 1 ရှိ Matt Wilkinson နှင့် အင်တာဗျူးမှာ “Coachella 2022” ပွဲမှာ သူ့ရဲ့ အကသမားတစ်ဦးကို သူ့ကိုယ်ပွားအဖြစ် အသုံးပြုခဲ့ကြောင်း ထုတ်ပြောလာပါတယ်။

https://s9.kh1.co/__image/w=650,h=431,q=100/72/7231bd61e8d6351a61bae9059d69d6808dc945e1.png

“ကျမဝတ်နေကျ ပုံစံနဲ့ သူ့ကို ၀တ်ထားပေးလိုက်တယ်။ အနက်ရောင်ဆံပင်တုတစ်ခုနဲ့ ဆံထုံးတွေစွတ်ပေးပြီး မျက်နှာဖုံးနဲ့ နေကာမျက်မှန်တစ်လက် တပ်ပေးခဲ့ပါတယ်။  ကျမရဲ့ ဖိနပ်နဲ့ ခြေအိတ်တွေကိုလည်း ၀တ်ပေးထားပါတယ်" လို့ Eilish က ဆိုပါတယ်။

https://s9.kh1.co/__image/w=650,h=366,q=100/ac/acf6b42af93725c95e41f63d700c8a969d5f44d2.webp

“ကျွန်မ သူ့ကို စင်မြင့်ရဲ့နောက်ကွယ်မှာ ထားခဲ့ပြီး မီးတွေထိုးထားပြီး သူရပ်နေတဲ့အခါ လူတိုင်းက ကျွန်မလို့ ထင်နေကြပါတယ်” လို့ အဆိုတော်က ဆက်ပြီးပြောပါတယ်။ “အဲဒါက ကျမ မဟုတ်ဘူးဆိုတာ ဘယ်သူမှ မသိခဲ့ကြပါဘူး၊ ပြီးတော့ သူအဲဒီမှာ ရှိနေတဲ့အချိန်မှာ ကျမက အနက်ရောင် ကုတ်အင်္ကျီကြီးတစ်ထည်၊ မျက်မှန်တစ်လက်ကို ၀တ်ပြီး အနားမှာရှိနေခဲ့ပါတယ် လို့ပြောပါတယ်။

https://s9.kh1.co/__image/w=650,h=459,q=100/e0/e044f6c0246666edaf73bb1a1dca16c342226217.webp

အဲ့ဒီလိုလူစားလဲမှုကို အသက် 20 အရွယ် သူ့ရဲ့ မိတ်ဆက်ပွဲအတွင်းလုပ်ခဲ့တာဖြစ်ပြီး  Eilish ရဲ့ “Oxytocin” နှင့် “Happier Than Ever” သီချင်းများကို Eilish ပုံစံနဲ့တစ်ယောက်က စင်ပေါ်မှာ မီးခိုးလုံးများကြားမှာ ရပ်ပြီးဆိုနေခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=430,q=100/5f/5f1a6c77e3938432830a5d182fc546e2b11398b6.webp

ဒါပေမယ့် နှစ်မိနစ်ကြာတဲ့အထိ အဆိုတော်ရဲ့ မျက်နှာကို မပြခဲ့ပါဘူး။ ယခုလအစောပိုင်းမှာ Eilish နှင့် သူ့အစ်ကို Finneas တို့ဟာ အင်္ဂလန်နိုင်ငံ Manchester မြို့က ဖျော်ဖြေပွဲတစ်ခုအတွင်း “TV” အမည်ရ သီချင်းအသစ်နဲ့ အတူဆိုခဲ့ကြပါသေးတယ်။

https://s9.kh1.co/__image/w=650,h=413,q=100/7e/7e5baba84f49133585bb2a4a76e6c225dfd8cab3.jpg

နောက်ပြီး Matthew Tyler Vorce နဲ့တွဲပြီး မကြာသေးမီက လမ်းခွဲခဲ့တဲ့ Johnny Depp နှင့် Amber Heard အသရေဖျက်မှုဆိုင်ရာ ရုံးတင်စစ်ဆေးခြင်းတို့ကို ရည်ညွှန်းထားတဲ့ သီချင်းတစ်ပုဒ်ကိုလည်း မကြာခင်ထုတ်ဝေဖို့ရှိတယ်လို့ သိရပါတယ်။

Photo-credit

သတင်း အရင်းအမြစ်New York Post

Bhone Min
Bhone Min

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T