အံ့ဩရလောက်အောင် မွေးနှစ်တူကြတဲ့ ကိုရီးယားနဲ့ အမေရိကန်အနုပညာရှင် ၂ ဦးစီ

//s9.kh1.co/3c/3cbbd4abf9552cf22c279a85786ab6a5d494e5c4.jpg
အနုပညာရှင်များ

 ၂၃-ဇွန်-၂၀၂၂ ၃pm · လွန်ခဲ့သော ၃ နှစ် က

.

အနောက်တိုင်းကြယ်ပွင့်တွေနဲ့ ယှဉ်လိုက်တဲ့အခါမှာ ကိုရီးယားအနုပညာရှင်တွေက ပိုပြီး ငယ်ရွယ်တဲ့ပုံပေါ် ပါတယ်။ ကိုရီးယားအနုပညာရှင်ဘယ်သူနဲ့ အမေရိကန် အဆိုတော်ဘယ်သူတို့က မွေးနေ့တူတယ်ဆိုတာကို သိရရင် တော်တော်အံ့ဩမိပါလိမ့်မယ်။ နောက်ပြီး သူတို့တွေရဲ့ အဓိကတူညီသည့်အချက်ရှိပါသေးတယ်။ အဲ့ဒါကတော့ မွေးနေ့တူတဲ့သူ နှစ်ဦးလုံးစီဟာ အောင်မြင်ပြီး ထက်မြက်သူတွေပဲဖြစ်ကြပါတယ်။

https://s9.kh1.co/__image/w=650,h=342,q=100/96/96dfb6c3e7b579c9802bd2001c506a27b9fa0c21.jpg

BTS အဖွဲ့ဝင် Jin နဲ့ Cardi B

BTS ရဲ့ အသက်အကြီးဆုံးအဖွဲ့ဝင်ဖြစ်တဲ့ Jin နဲ့ အမေရိကန်ရက်ပ်အဆိုတော် Cardi B တို့ဟာ တကယ်ကို အသက်အရွယ်တူတူပဲဖြစ်ပါတယ်။ သူတို့ နှစ်ဦးလုံး ဟာ ၁၉၉၂ ခုနှစ်မှာ မွေးဖွားခဲ့ပြီး Jin က အသက် ၃၀ ပြည့်သွားပေမယ့် ကလေးမျက်နှာလေးဖြစ်နေတာကြောင့် အသက် ၃၀ မရှိသေးဘူးလို့ ထင်ခံရပါတယ်။ ဒါပေမယ့် Cardi B ကိုတော့ သူမရဲ့ မိတ်ကပ်နဲ့ စတိုင်ကြောင့် သူမရဲ့ တကယ့် အသက်အရွယ်ထက် ပိုအသက်ကြီးလိမ့်မယ်လို့ ထင်ကြတာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=342,q=100/cc/ccbad4f9efa4c5ba4744b50c3eab10d725fce20b.jpg

Post Malone နဲ့ BTS အဖွဲ့ဝင် V

V နဲ့ Post Malone တို့ ဘေးချင်းကပ်နေတဲ့ ဓာတ်ပုံတွေကိုကြည့်လိုက်ရင် V က အမေရိကန်ရက်ပ်ပါ Post Malone ထက် သိသိသာသာကို အများကြီးငယ်တဲ့ပုံပေါက်နေပါတယ်။ သူတို့နှစ်ယောက်လုံးဟာ မွေးနှစ်တူတယ်ဆိုတာကို ယုံရခက်ပါတယ်။ တကယ်တော့ နှစ်ယောက်လုံးဟာ ၁၉၉၅ ခုနှစ်မှာ မွေးဖွားခဲ့တာပဲဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=342,q=100/43/43cd9ebf83e5694fc3f799d89d5134dc2f20efac.jpg

Billie Eilish နှင့် ITZY ၏ Ryujin

Billie Eilish နဲ့ ITZY အဖွဲ့ရဲ့ Ryujin တို့နှစ်ယောက်လုံးဟာ ဒီနှစ်မှာ အသက် ၂၁ နှစ် ပြည့်သွားပါပြီ။။ တကယ်လို့ Billie Eilish ကို ၂၀၀၀ ခုနှစ်နောက်ပိုင်းမှာ မွေးဖွားတဲ့ အနောက်တိုင်းအနုပညာရှင်များ အတွက် ကိုယ်စားပြုမယ်ဆိုရင် Ryujin ကိုလည်း ITZY အဖွဲ့ ရဲ့ "ace" အဖြစ် သတ်မှတ်နိုင်ပါတယ်။ Billie Eilish နှင့် Ryujin တို့နှစ်ဦးလုံးဟာ ၂၀၀၁ ခုနှစ်မှာ မွေးဖွားခဲ့သူတွေဖြစ်ပါတယ်။

source - kbizoom

Rain
Rain

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T