မူကြိုကျောင်းသူလေး နေရာမှာသရုပ်‌ဆောင်ခဲ့တဲ့ အသက် 21နှစ်အရွယ် သရုပ်ဆောင်ကောင်မလေး...

//s9.kh1.co/1d/1d6aa49b87dc871a1def49c42f40851629539425.jpg
အနုပညာရှင်များ

 ၂၃-ဇွန်-၂၀၂၂ ၃pm · လွန်ခဲ့သော ၂ နှစ် က

အသက် 21 နှစ်အရွယ် မင်းသမီး Kim Yoon Hee ဟာ သူမရဲ့ အသက်အရွယ်နဲ့ မလိုက်အောင် နုပျို...

ကိုရီးယားအနုပညာလောကက ဆန်းကျယ်မှူတွေနဲ့ပြည့်နေတာ အားလုံးသိပြီးဖြစ်ပါတယ်။ အခုဆိုရင်လည်း အင်တာနက်အသုံးပြုသူတွေကြား နောက်ထပ်ဆန်းကျယ်မှုတစ်ခုရောက်လာပြန်ပါပြီ။ အဲ့တာကတော့ အသက် 21 နှစ်အရွယ် မင်းသမီးက မူကြိုကျောင်းသူနေရာမှာ သရုပ်ဆောင်ခဲ့တယ် ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=342,q=100/d9/d9a606451eccfdd4efddd9bdff90ea41a91feb4f.jpg
https://s9.kh1.co/__image/w=650,h=331,q=100/10/104c5c68baabdb17f20515dabc8f2dd5105b9e04.jpg

အသက် 21 နှစ်အရွယ် မင်းသမီး Kim Yoon Hee ဟာ သူမရဲ့ အသက်အရွယ်နဲ့ မလိုက်အောင် နုပျိုလွန်းနေတာကြောင့် အာရုံစိုက်တာ ခံနေရပါတယ်။ ဇွန်လ 22 ရက်နေ့က အင်တာနက် အသုံးပြုသူတစ်ဦးဟာ အွန်လိုင်းမှာ "အသက် 20 ရှိပြီဖြစ်တဲ့ မင်းသမီးလေးဟာ  မူလတန်းကလေး အဖြစ် သရုပ်ဆောင်ထားတာကြောင့် တော်တော်နုပျိုပါတယ်" ဆိုတဲ့ ခေါင်းစဉ်နဲ့ ပို့စ်တစ်ခုကို တင်ခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=400,q=100/54/54e184fa37f5b1e9794a11f5692a7ba566e369e9.jpg

အင်တာနက်အသုံးပြုသူများဟာ YouTube ချန်နယ် 'CheezeFilm' ကတင်ထားတဲ့ 'အသက် 21 နှစ်အရွယ်အမျိုးသမီးနှင့် 13 နှစ်အရွယ်အမျိုးသားတွေ့ဆုံခြင်း' ဝဘ်ဒရာမာမှမင်းသမီး Kim Yoon Hee ရဲ့ ဓာတ်ပုံများကိုတွေ့ခဲ့ကြပါတယ်။

https://s9.kh1.co/__image/w=650,h=803,q=100/0d/0dbed508ec98637ec12f372b71b763305e67e424.jpg

အဲ့ဒီထဲမှာတော့ Kim Yoon Hee က Yoon Hee လို့ နာမည်ပေးထားတဲ့ မူလတန်းကျောင်းသူလေးဖြစ်ပြီး သူမရဲ့ အတန်းဖော်တွေရဲ့ အနိုင်ကျင့်တာခံပြီး 'သူတောင်းစား' လို့ ခေါ်တာခံပြီး ဇာတ်နာထားပါတယ်။

အဲ့ဒီနောက်မှာတော့ သူမကို သူ့ရဲ့ ကြမ်းတမ်းသောဖခင်နဲ့ အနိုင်ကျင့်ခံရမှုများမှ ကူညီဖို့ နောက်ပိုင်းမှာ ဆုံးဖြတ်ခဲ့တဲ့ သူမရဲ့အတန်းဖော် Jae Hyuk နှင့် တွေ့ဆုံခဲ့ကြပါတယ်။

https://s9.kh1.co/__image/w=650,h=252,q=100/53/53e700d16a1f71d203a442b144cd002c31432874.jpg

Kim Yoon Hee ဟာ မူလတန်း ကျောင်းသူလေးဘဝနှင့် အထက်တန်း ကျောင်းသူဘဝဆိုတဲ့ ဇာတ်ရုပ်နှစ်ခုစလုံးမှာ အသက်အပိုင်းအခြား အမျိုးမျိုးကို ကောင်းစွာ သရုပ်ဆောင်နိုင်ခဲ့တဲ့အတွက် အင်တာနက်အသုံးပြုသူများက အံ့သြနေကြပါတယ်။

Photo-credit

သတင်း အရင်းအမြစ်Allkpop

Bhone Min
Bhone Min

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T