တရုတ်ကြီး ကောင်းကြောင်းတွေပဲပြောလို့ ဝိုင်းဆဲတာခံနေရတဲ့ အဆိုတော်..

//s9.kh1.co/a7/a75ba9a8617034027a4863a7ddb70bc3de335dd5.jpg
အနုပညာရှင်များ

 ၂၃-ဇွန်-၂၀၂၂ ၂pm · လွန်ခဲ့သော ၂ နှစ် က

ဟင်နရီဟာ တရုတ်ဖျော်ဖြေရေး လှုပ်ရှားမှုများ မှတစ်ဆင့် တရုတ်ထောက်ခံတဲ့ သူ့ရဲ့သဘောထားကို ပြခဲ့တာကြောင့်..

တရုတ်ထောက်ခံတဲ့ အငြင်းပွားမှုတွေမှာ ပါဝင်ပတ်သက်နေတဲ့ အဆိုတော် Henry ဟာ “ကျောင်းတွင်းအကြမ်းဖက်မှု” တားဆီးရေး ဆိုင်ရာ သံတမန်အဖြစ်မှ ရပ်ဆိုင်းထားလိုက်ကြောင်း သိရှိရပါသည်။ 23 ရက်နေ့မှာ အွန်လိုင်း Group ‘Ephem Korea’ မှာ 'ကျောင်းတွင်းအကြမ်းဖက်မှု တားဆီးကာကွယ်ရေးဆိုင်ရာ သံတမန်အဖြစ် ရွေးချယ်ခံရတဲ့ ဟင်နရီ' ဆိုတဲ့ခေါင်းစဉ်နဲ့ ပို့စ်တစ်ခုကို တင်ခဲ့ပါတယ်။

https://s9.kh1.co/__image/w=400,h=400,q=100/23/2324868d2189818a3ef4f0dfffc11b980f83731d.jpg
https://s9.kh1.co/__image/w=599,h=451,q=100/0c/0c3f6e126b30c811eee4297aae62555c0e22a532.jpg

ပို့စ်ထဲမှာ သံတမန်အဖြစ် ခန့်အပ်တာနဲ့ ပတ်သက်ပြီးမကျေနပ်လို့ တိုင်ကြားချက်တွေနဲ့ပတ်သတ်ပြီး ဆိုးလ်မာပို ရဲစခန်းရဲ့ တုံ့ပြန်မှုတွေကို တွေ့မြင်နိုင်ပါတယ်။ “ဟင်နရီကို Mapo ရဲစခန်းက မတ်လတုန်းက ကျောင်းတွင်းအကြမ်းဖက်မှု တားဆီးရေးအတွက် လူထုဆက်ဆံရေး သံတမန်အဖြစ် ခန့်အပ်ခံခဲ့ရပေမယ့်လည်း သူ့ရဲ့ တရုတ်လိုလားတဲ့ အငြင်းပွားမှုတွေကြောင့် သံတမန်အဖြစ် သူ့ရဲ့ လှုပ်ရှားမှုတွေကနေ ရပ်ဆိုင်းထားပါတယ်" လို့ထုတ်ပြန်ထားပါတယ်။

https://s9.kh1.co/__image/w=650,h=650,q=100/76/763ec8192934b15bdd4ea9220fc583b569b1d57d.jpg

ဟင်နရီဘက်ကတော့ “လက်ရှိ အခြေအနေနဲ့ ပတ်သက်ပြီးတော့ ပြောစရာ မရှိပါဘူး” လို့ ပြောထားပါတယ်။ အရင်က ဟင်နရီဟာ တရုတ်ဖျော်ဖြေရေး လှုပ်ရှားမှုများ မှတစ်ဆင့် တရုတ်ထောက်ခံတဲ့ သူ့ရဲ့သဘောထားကို ပြခဲ့တာကြောင့် ပြည်တွင်းပရိသတ်များကို ဒေါသထွက်စေခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=493,q=100/d1/d1bbd80a74ffd2bb6c85b2fcbd4a6d8e8b70a210.jpg

သူကတော့ တရုတ် ဟန်ဘောက်နှင့် ကိုရီးယား ကင်မ်ချီကို ပစ်မှတ်ထားတဲ့ အရှေ့မြောက်ပရောဂျက်မှာ ပါဝင်ကူညီခဲ့တာဆိုပြီး ခုခံပြောဆိုထားပါတယ်။ ယင်းကဲ့သို့ အငြင်းပွားမှုများရှိနေပေမယ့်လည်း၊ Mapo ရဲဌာနဟာ ဟင်နရီအား ဧပြီလက သံတမန်အဖြစ် ခန့်အပ်ခဲ့ပြီး အင်တာနက်သုံးစွဲသူများအကြား ပြင်းထန်တဲ့ ဆန္ဒပြမှုတွေ ဆက်လက်ဖြစ်ပွားခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=524,q=100/03/0375366c8f022ca889e684ebb0c8028fba064f4a.webp

ဒီသတင်းကို ကြားသိရတဲ့ အင်တာနက်သုံးစွဲသူတွေက "ကိုရီးယားမှာ ကျောင်းတောင် မတက်ဖူးတဲ့သူက ဘယ်လို သံတမန်ဖြစ်လာလဲဆိုတာ နားကိုမလည်ဘူး" ဆိုတဲ့ ထင်မြင်ချက်တွေလည်း ပေးနေကြပါတယ်။

Photo-credit

သတင်း အရင်းအမြစ်Wikitree

Bhone Min
Bhone Min

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T