ထိုင်းနိုင်ငံရဲ့ ထိပ်တန်း အနုပညာရှင်စုံတွဲတွေ ဖြစ်ကြတဲ့ မင်းသား Sukollawat Kanarot (Weir) နဲ့ မင်းသမီးချော Ranee Campen (Bella) တို့ဟာ ၁၀ နှစ် နီးပါးလောက် လက်တွဲလာခဲ့ကြတဲ့ ချစ်သူတွေဖြစ်ပြီး ပရိသတ်တွေ အားကျရတဲ့ အတွဲလေးလည်း ဖြစ်ပါတယ်။ ဒါပေမယ့် 2021 နှစ်ကုန်ခါနီးလောက်မှာ လမ်းခွဲလိုက်ကြတာကြောင့် သူတို့ရဲ့သတင်းဟာ အနုပညာလောကမှာ ဟိုးလေးတကျော်ဖြစ်သွားခဲ့ပါတယ်။


သူတို့ နှစ်ယောက် လမ်းခွဲရတဲ့ အကြောင်းအရင်းကတော့ Weir က ကောင်မလေးအသစ်နဲ့ တွဲနေတယ်ဆိုတဲ့ သတင်းကြောင်းလို့ ကောလဟာလတွေ ထွက်ခဲ့ပေမယ့် Bella ကတော့ နှစ်ဦးသား သဘောထားချင်းမတိုက်ဆိုင်လို့ လမ်းခွဲခဲ့တာ ဖြစ်တယ်လို့ ဆိုထားပါတယ်။ Weir က တော့ သူရဲ့ အချစ်ရေးနဲ့ ပတ်သက်ပြီး ဘာကိုမှ ထုတ်ပြန်ပြောဆိုချင်းလည်း မရှိခဲ့ပါဘူး။


Weir က Celebrity အနုပညာလောကထဲက မဟုတ်တဲ့ ကောင်မလေးနဲ့ တွဲနေတာဖြစ်ပြီး သူရဲ့အမေကလည်း ချွေးမလောင်းလေးကို တော်တော်ကို ချစ်နေတဲ့ပုံပါပဲ။ Weir က ကောင်မလေးကို ဖုံးကွယ်ထားပေမယ့် Weir ရဲ့ အမေကတော့ ချွေးမလောင်းရဲ့ ပုံကို သူမရဲ့Instagram Acc မှာ တင်ထားတာပဲ ဖြစ်ပါတယ်။ ပုံထဲမှာတော့ Weir တို့က မိသားစုလိုက် ခရီးထွက်နေတာဖြစ်ပြီး ချွေးမလေးကိုပါ တူတူခေါ်သွားခဲ့ကြတာဖြစ်ပါတယ်။




Source: newsbeezer.com