ရေမွန် ကွယ်လွန်ခြင်းတစ်နှစ်ပြည့် နဲ့ ပတ်သက်ပြီး ခံစားနေရတဲ့ နာကြည်းချက်အချို့ကို ရင်ဖွင့်လာတဲ့ အဆိုတော် နိုဗန်ထူး

//s9.kh1.co/31/3125d72b502b7c446476fe49295efbcc619a4465.jpg
အနုပညာရှင်များ

 ၂၃-ဇွန်-၂၀၂၂ ၂pm · လွန်ခဲ့သော ၃ နှစ် က

အမြဲတမ်း အပြုံးလေးပန်ဆင်ထားပြီး ပရိသတ်ကို ရင်အေးစေခဲ့တဲ့ ကိုရေမွန် အတွက်......... (အပြည့်အစုံဖတ်ရန် ပုံ ကိုနှိပ်ပါ)

ပရိသတ်ခံစားချက်နဲ့ထပ်တူကျတဲ့ တေးသီချင်းများစွာကို အသံပါဝါကောင်းကောင်းနဲ့သီဆိုလေ့ရှိပြီး ကိုတွတ်ပီ လို့ လူသိများတဲ့ Idiots Band က တေးသံရှင် အဆိုတော် ရေမွန် ကွယ်လွန်သွားခဲ့တဲ့ ဒီကနေ့ ဇွန်လ(၂၃)ရက်နေ့မှာ တစ်နှစ်ပြည့်သွားခဲ့ပြီဖြစ်ပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader

ရေမွန် ကွယ်လွန်ခြင်းတစ်နှစ်ပြည့် နဲ့ပတ်သက်ပြီး ပရိသတ်များကလည်း အတော်လေး ပူဆွေးဝမ်းနည်းကာ လွမ်းဆွတ်နေကြသလို ရေမွန် နဲ့ ညီအစ်ကိုလို ခင်ရပြီး အနီးဆုံး ဘော်ဒါမိတ်ဆွေ ဖြစ်ခဲ့ဖူးတဲ့ အဆိုတော် ကိုနိုဗန်ထူးကလည်း ကိုရေမွန် နဲ့ ပတ်သက်ပြီး ခံစားရတဲ့ ခံစားချက်တွေကို သူ့ရဲ့ Facebook စာမျက်နှာပေါ်မှာရေးသားခဲ့ပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader

အဆိုတော် ကိုနိုဗန်ထူး က "၂၃" ဆိုတဲ့ ကိန်းဂဏန်းဟာ သူ့ဘဝ ရဲ့ နာကျင်စရာအစိတ်အပိုင်းတစ်ခုအဖြစ်နေရာယူထားကြောင်း ၊ အရင်က ကိုရေမွန် နဲ့ စိတ်တူကိုယ်တူ ဆုံးဖြတ်ခဲ့ထားကြတဲ့အတိုင်း ဘဝကို ဆက်လက်လျှောက်လှမ်းနေကြောင်း ၊ ကိုရေမွန် ရဲ့ Messenger လေးကို အမြဲ စောင့်မျှော်ကာ ကြည့်နေမိကြောင်း ရေးသားလာတာပဲဖြစ်ပါတယ်။ ကိုနိုဗန်ထူး ရဲ့ စာလေးကို ဖတ်ရင်း ပရိသတ်တွေကလည်း အတော်လေး ကြေကွဲဝမ်းနည်းခဲ့ရပါတယ်။ တကယ်ကိုချစ်ခင်ကြတဲ့ ကိုနိုဗန် နဲ့ ကိုရေမွန်တို့နှစ်ဦးပုံတွေကို အမှတ်တရအနေနဲ့ ကြည့်ရှုနိုင်စေဖို့ဖော်ပြလိုက်ရပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Thandar Aung
Thandar Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T