သွားလေသူ သူငယ်ချင်းဖြစ်သူ ရေမွန်ရေးပေးခဲ့တဲ့ သီချင်းလေးကိုသီဆိုခဲ့တဲ့ မမသင်ဇာ

//s9.kh1.co/83/839c3cc36fe478a15d77b9d138be2703cf248f2d.jpeg
အနုပညာရှင်များ

 ၂၃-ဇွန်-၂၀၂၂ ၁pm · လွန်ခဲ့သော ၃ နှစ် က

သွားလေသူ သူငယ်ချင်းဖြစ်သူ ရေမွန်ရေးပေးခဲ့တဲ့ သီချင်းလေးကိုသီဆိုခဲ့တဲ့ မမသင်ဇာ

မမ သင်ဇာဝင့်ကျော်ဟာဆိုရင် ချောမော ပြီး ကြည့်ကောင်းတဲ့ မျက်နှာလေးနဲ့ ပရိသတ်တွေရဲ့ အားပေးမှုကို တခဲနက်ရရှိထားတဲ့သူဖြစ်ပါတယ်။ သင်ဇာဝင့်ကျော်ဟာ သရုပ်ဆောင် မော်ဒယ် အလုပ်ကိုသာမက အဆိုပိုင်းကိုလည်း ကောင်းကောင်းမွန်မွန် လုပ်ဆောင်နိုင်တဲ့ သူဖြစ်ပါတယ်။ လူတိုင်း အားကျဖို့ကောင်းတဲ့ ပြည့်စုံလွန်းတဲ့ ဘဝလေးကို ရရှိပိုင်ဆိုင်ထားတဲ့ မမသင်ဇာဟာ သူငယ်ချင်းတွေကိုလည်း အရမ်းချစ်တဲ့သူဖြစ်ပါတယ်။ 

Tinzar Wint Kyaw’s Facebook
Tinzar Wint Kyaw’s Facebook

ဒီကနေ့မှာတော့ မမသင်ဇာက သူမရဲ့ သူငယ်ချင်း ရေမွန် ကွယ်လွန်သွားတာ ၁ နှစ်ပြည့်သွားတဲ့နေ့လေးမှာသူငယ်ချင်းဖြစ်သူ ရေမွန် ရေးပေးထားတဲ့ သီချင်လေးကို ပြန်လည်သီဆိုခဲ့ပါတယ်။ သီချင်းလေးရဲ့ နာမည်က‘ရင်မခုန်တတ်သူ’ လို့ သိရပြီး ၂၀၁၃ ခုနှစ်ကတည်းက ဝယ်ယူထားတဲ့ သီချင်းလေး ဖြစ်တယ်လို့ သိရပါတယ် ။သီချင်းလေးနဲ့ ပတ်သတ်ပြီး သင်ဇာဝင့်ကျော်က အခုလိုလေး ရှင်းပြပေးထားပါတယ်။ 

Tinzar Wint Kyaw’s Facebook
Tinzar Wint Kyaw’s Facebook

“ရင်မခုန်တတ်သူ’ Official Music Video 

ဒီသီချင်းလေးကို ကွယ်လွန်သွားသူ တေးရေး တေးဆို သူငယ်ချင်းတွတ်ပီ (ခ) Raymond  ဆီက 2013  လောက်ကဝယ်ထားခဲ့တာပါ 

ဒီသီချင်းကို တွတ်ပီက သူ့အမေဆိုဖို့အတွက်ရေးထားပေးတာဆိုပြီးဖွင့်ပြတယ် ဖွင့်ပြပြချင်းမှာပဲအရမ်းကြိုက်လို့သူငယ်ချင်းရယ် ငါအရမ်းကြိုက်လို့ ငါ့

ပြန်ရောင်းပါဆိုပြီး အတင်းဝယ်ခဲ့တဲ့ သီချင်းလေး

ဖြစ်ပေမဲ့ အခြေအနေအကြောင်းကြောင်းကြောင့် 

ကြားထဲမှာလဲ မအားပဲ သီချင်းဆိုတဲ့ဘက်ကို

အချိန်အပြည့်အဝမပေးနိုင်ခဲ့လို့ သီချင်းသွင်းတဲ့အဆင့်မရောက်ပဲ တီချယ်ခင်မြတ်မွန်နဲ့သီချင်း

ကျင့်ဖြစ်လိုက်ပြန်ပျက်လိုက်နဲ့ သူငယ်ချင်းတွတ်ပီသာဆုံးသွားတယ် သီချင်းမသွင်းဖြစ်ခဲ့ဘူး 

Tinzar Wint Kyaw’s Facebook
Tinzar Wint Kyaw’s Facebook

တီချယ်ကလဲ သမီးဆိုချင်ဆိုပါ သမီးဆိုပြီးမှတီချယ်ပြန်ဆိုမယ်ဆိုပြီးသေချာကျင့်ပေးခဲ့ပေမဲ့ 

အချိန်ပေးပြီးမဆိုဖြစ်ခဲ့လို့ တီချယ့်ကိုလဲ အရမ်းအားနာမိပါတယ် 

တွတ်ပီရှိတုန်းက မဆိုခဲ့မိလို့လဲနောင်တရလို့မဆုံးပါဘူး 

ဒါပေမဲ့လဲ သူနဲ့ပတ်သက်တဲ့အမှတ်တရတခုကျန်

ခဲ့ချင်တဲ့စိတ်နဲ့ ဒါကိုဖြစ်အောင်လုပ်မယ်ဆိုပြီး

တီချယ်ဆီဆက်သွယ် 

သီချင်းလေးကိုပြန်ထပ်ဝယ်ပြီး

တွတ်ပီ ၁ နှစ်ပြည့်လေးမှာ အမှတ်တရဖြစ်သွားအောင် ဝမ်းနည်းခြင်းအထိမ်းအမှတ်အနေနဲ့ 

တီချယ်ကိုလဲ surprise လုပ်ရင်း . . . . . 

‘သတိရလွမ်းဆွတ်မှုများစွာဖြင့်

ရင်ထဲအမြဲရှိနေမှာပါ 

နောင်ဘဝဆိုတာရှိခဲ့ရင် နင်နဲ့ပြန်ဆုံခွင့်ရချင်ပါသေးတယ် သူငယ်ချင်းရယ် . . . ‘

သီချင်းလေးက အရမ်းကို နားထောင်လို့ကောင်းပြီး ခံစားရပါတယ်နော်။ 

Tinzar Wint Kyaw’s Facebook
Tinzar Wint Kyaw’s Facebook

သူငယ်ချင်းဖြစ်သူ ရေမွန်ရေးပေးထားတဲ့သီချင်းလေးကို ပြန်လည်သီဆိုပေးထားတဲ့ သင်ဇာဝင်ကျော်ရဲ့ ဗီဒီယိုလေးကို ပရိသတ်ကြီးအတွက်ဝေမျှပေးလိုက်ပါတယ်။ 

Hsu Sandar Aung
Maria Emily Hsu

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T