ပရိတ်သတ်တွေ မမျှော်လင့်ထားတဲ့ Han So Hee နဲ့ Go Yoon Jung တို့နှစ်ယောက်ကြားက ချစ်ခင်မှု

//s9.kh1.co/e2/e2ba5789f90888d3659fcb93414b921ae5528ac5.jpg
အနုပညာရှင်များ

 ၂၃-ဇွန်-၂၀၂၂ ၁pm · လွန်ခဲ့သော ၃ နှစ် က

.

နာမည်ကြီး ကိုရီးယားဒရမ်မာ မင်းသမီးများဖြစ်ကြတဲ့ Han So Hee နဲ့ Go Yoon Jung တို့ နှစ်ယောက်ကြားက ချစ်ကြည်ရင်းနှီးမှုက ပရိတ်သတ်တွေရဲ့ အာရုံကို ဆွဲဆောင်နေပါတယ်။  ၁၉၉၀ ခုနှစ်များအတွင်း မွေးဖွားလာတဲ့ မင်းသမီးနှစ်ဦးဖြစ်တဲ့ Han So Hee နဲ့ Go Yoon Jung တို့ရဲ့ ချစ်ခင်ရင်းနှီးမှုကို မကြာသေးမီက သိရှိခဲ့ကြပြီး အခုအခါမှာတော့ ခေါင်းကြီးပိုင်းသတင်းများအဖြစ် ထွက်ပေါ်နေပါတယ်။

https://s9.kh1.co/__image/w=495,h=278,q=100/a5/a52a7f380763159fe609fe33e98515afc5bd58c5.webp

စားသောက်ဆိုင်တစ်ဆိုင်မှာ Han So Hee နဲ့ Go Yoon Jung တို့နှစ်ယောက် အတူတူစားနေတဲ့ ဓာတ်ပုံတွေဟာ အင်တာနက်ပေါ်မှာ ပျံ့နှံ့လာပါတယ်။ အင်တာနက်ပေါ်က ဓာတ်ပုံတွေဟာ အရည်အသွေးနိမ့် ပေမယ့် သူတို့နှစ်ဦးရဲ့ အလှကို မြင်နေရဆဲပဲဖြစ်ပါတယ်။ သူတို့နှစ်ယောက်လုံးဟာ အလွန်လှပပြီး ပြီးပြည့်စုံတဲ့ မျက်နှာအချိုးအစားကြောင့် နာမည်ကြီးပါတယ်။ ၈၀  ခုနှစ်တွေမှာ မွေးဖွားခဲ့တဲ့ Son Ye Jin၊ Song Hye Kyo နှင့် Jeon Ji Hyun တို့ပြီးနောက်မှာ ကိုရီးယားဖန်သားပြင် ရဲ့ မျိုးဆက်သစ် အလှအပဆိုင်ရာ နတ်ဘုရားမတွေအဖြစ် သတ်မှတ်ခံထားရပါတယ်။

https://s9.kh1.co/__image/w=640,h=427,q=100/7f/7f8591d1650003871ffe7d84373890d5e2d50877.webp

 Han So Hee က လှပသွယ်လျောင်းတဲ့ခြေတံရှည်များရှိပြီး ပြီးပြည့်စုံတဲ့ ခန္ဓာကိုယ်အချိုးအစားနဲ့အတူ ရင်သပ်ရှုမောဖွယ်ကောင်းတဲ့ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားပါတယ်။ Go Yoon Jung ကလည်း ပလပ်စတစ်ဆာဂျရီ ပြုလုပ်ပြီးနောက်မှာ ကျက်သရေရှိပြီး အထက်တန်းဆန်စွာကို အလွန်လှပလာခဲ့သူ ဖြစ်ပါတယ်။ ၁၉၉၆ ခုနှစ်မှာ မွေးဖွားတဲ့ Go Yoon Jung နှင့် ၁၉၉၄ ခုနှစ်မှာမွေးဖွားတဲ့ Han So Hee တို့ဟာ အရည်အချင်းရှိပြီး လှပရုံတင်မကဘဲ ငယ်စဉ်ကတည်းက ချမ်းသာတဲ့သူတွေဖြစ်ကြပါတယ်။

https://s9.kh1.co/__image/w=644,h=403,q=100/8f/8fa420364c76e84de6492280ee97801d9e0df815.jpg

 Go Yoon Jung ဟာ မင်းသမီး Han So Hee လောက် မကျော်ကြားပေမယ့် Sweet Home, Law School, Rookie Cops တို့မှာ ပါဝင်သရုပ်ဆောင် ထားတာ ကြောင့် လူသိများလာပြီး  ငယ်ငယ်ရွယ်ရွယ် နဲ့ အတော်လေး အောင်မြင်ခဲ့သူ ဖြစ်ပါတယ်။ ရုပ်မြင်သံကြားမှာ ထင်ပေါ်ကျော်ကြားမှုနဲ့ အောင်မြင်မှုတွေ နှစ်ခုလုံးကို ပိုင်ဆိုင်ထားတဲ့သူနှစ်ယောက်လုံးဟာ  အခင်ဆုံးသူငယ်ချင်းတွေဖြစ်နေကြပါတယ်။

source - kbizoom

Rain
Rain

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T