ကိုရီးယားမှာတောင် နေချင်စိတ်မရှိတော့တဲ့အကြောင်း ဝမ်းနည်းစွာရင်ဖွင့်လာတဲ့ Rose...

//s9.kh1.co/d3/d3dcd296bdd5d400928ce6e6a6f88ce2e1210eb2.jpg
အနုပညာရှင်များ

 ၂၃-ဇွန်-၂၀၂၂ ၁၂pm · လွန်ခဲ့သော ၂ နှစ် က

သူဟာ အဆိုတော်ဖြစ်ဖို့ကို ဘယ်တုန်းကမှ မတွေးခဲ့ဘဲ ပန်းချီဆရာတစ်ဦး ဖြစ်ဖို့ကိုပဲ...

Blackpink ဆိုတာကတော့ မြန်မာပရိသတ်တော်တော်များများနဲ့ ရင်းနှီးပြီးကြပြီးဖြစ်မှာပါ။ အဖွဲ့ဝင်လေးယောက်နဲ့ ဖွဲ့ထားတဲ့ Blackpink ဟာဆိုရင် မြန်မာမှာသာမက ကမ္ဘာမှာပါအောင်မြင်ပြီး လူချစ်လူခင် ပေါများကြပါတယ်။ အခုလိုအောင်မြင်လာဖို့ အတွက် Blackpink အဖွဲ့ဝင်တွေဘယ်လောက်ကြိုးစား အားထုတ်ခဲ့ရလဲ ဆိုတာလဲသိကြမှာပါ။ ကေပေါ့စတားတွေရဲ့ ထုံးစံအတိုင်းဖိအား တော်တော်များကြတော့ အဖွဲ့ထဲမှာလည်း အဆင်မပြေမှုလေး တွေရှိခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=269,q=100/cc/cca1d0adb21123200993cb2c8e149c5d924c5376.webp

 အခုဆိုရင်လည်း အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ Rose ဟာတော်တော်လေး ခံစားနေရပါတယ်။  အရည်အချင်းရှိပြီး လှပတဲ့ Rose လေးဟာ အခုအခါမှာ သူ့ရဲ့ ရုပ်ရည်နှင့် စွမ်းဆောင်မှုတွေကြောင့် ပရိသတ်တွေရဲ့ အသိအမှတ်ပြုမှုကို ခံနေရပေမယ့်လည်း သူမဟာကြီးမားတဲ့ ဖိအားတွေနဲ့ ကြုံတွေ့ခဲ့ရပြီး နောက်ထပ်ပွဲဦးထွက်မလာနိုင်တော့မှာကိုလည်း ကြောက်ရွံ့ နေလေ့ရှိပါတယ်။

https://s9.kh1.co/__image/w=650,h=975,q=100/0e/0e9afb537bd932c8f62242a6f14c429d92674a75.jpg

 Rosé ဟာ မကြာသေးမီက Vogue Australia မှာ စွဲဆောင်မှုကောင်းစွာနဲ့ ပွဲတက်ခဲ့ပြီး BLACKPINK အတွက် လေ့ကျင့်ခဲ့စဉ်က သူ့ရဲ့ ရင်တွင်းခံစားချက်များကို ပြောပြခဲ့ပါတယ်။ နယူးဇီလန်၊ အော့ကလန်မှာ မွေးဖွားပြီး သြစတြေးလျ၊ မဲလ်ဘုန်းမှာ ကြီးပြင်းလာခဲ့သူ Rosé ဟာ ငယ်ငယ်ထဲက ဂီတကို စွဲလမ်းခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=976,q=100/01/01c94a437bec48c6ed9cf8e761a0d40500631638.jpg

သူဟာ အဆိုတော်ဖြစ်ဖို့ကို ဘယ်တုန်းကမှ မတွေးခဲ့ဘဲ ပန်းချီဆရာတစ်ဦး ဖြစ်ဖို့ကိုပဲ ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့်လည်း Rosé ဟာ ဖခင်ဖြစ်သူရဲ့ ပံ့ပိုးကူညီမှုကြောင့် YG Entertainment ရဲ့ audition ကို အောင်မြင်ပြီး ကိုရီးယားမှာ ပြောင်းရွှေ့နေထိုင်ခဲ့ကာ ကမ္ဘာကျော် မိန်းကလေးအဖွဲ့ BLACKPINK အဖွဲ့ဝင်တစ်ဦးအနေနဲ့ ပွဲဦးထွက်ဖို့ 4 နှစ် အချိန်ယူခဲ့ရပါတယ်။

https://s9.kh1.co/__image/w=650,h=342,q=100/e3/e30a80b0d3833c90198aab49f6e3ff4feeb9c954.jpg

 Rosé ဟာသူ့ဘဝရဲ့ အချိန်တော်တော်များများဟာ စိန်ခေါ်မှုတွေနဲ့ရင်ဆိုင်ခဲ့ရကြောင်း သူ့ရဲ့အတွေ့အကြုံတွေကို “ကိုရီးယားကို စရောက်တဲ့အခါ ငါးနှစ်လောက် နေ့ရောညပါ ထရိန်နင်တွေလုပ်ခဲ့ရပါတယ် ကျမနဲ့အတူ အခြားမိန်းကလေး ၁၂ ယောက်လည်းရှိနေခဲ့ပါတယ်” လို့ ပြောပြခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=342,q=100/27/2709397ca4908062a77e8cd8824d345e51e75e57.jpg

အဲ့ဒီအချိန်ကစပြီး Rose ဟာ စိုးရိမ်မကင်းခံစားနေခဲ့ရပြီး  “တကယ်လို့သာ ကျမမလုပ်နိုင်ခဲ့ရင် ဩစတေးလျကို ပြန်ပို့ခံရတော့မယ် ဆိုတဲ့အကြောင်း သူငယ်ချင်းတွေအားလုံးကို ပြောပြီးပါပြီ၊ ဒါ့ကြောင့်ပဲ ကျမအရည်အချင်းတွေကို သက်သေပြရုံကလွဲပြီး ရွေးချယ်စရာမရှိပါဘူး” လို့ပြောပြလာခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=488,q=100/c5/c5ae31350a57dd3192955cc1c992a00814020cf1.webp

 "ကျွန်မဘဝအတွက် တိုက်ပွဲဝင်ခဲ့ပြီး လေ့ကျင့်မှုတွေ အမြဲလုပ်ခဲ့ရပါတယ်" လို့ သူက ဆက်လက်ပြောကြားပြီး "ကျမ ဒီနေရာရောက်ဖို့ မိနစ်တိုင်း စက္ကန့်တိုင်း အချိန်ယူခဲ့ရတာကို ပြန်သတိရမိပါတယ်" လို့ရင်ဖွင့်လာခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=488,q=100/88/88578973822a3e87ff57eab2bae588bb7d739460.webp

Rolling Stone နဲ့ အင်တာဗျူးတစ်ခုမှ Rosé က ကိုဗစ်ကာလအတွင်း အနားယူခဲ့ရတာနဲ့ပတ်သတ်ပြီး “ကျွန်မတစ်သက်မှာ ဒီလိုမျိုး တစ်ခါမှ အနားယူဖူးပါဘူး၊ နောက်နှစ်လမှ သုံးလလောက်မှာ ကျမတို့ဘာပွဲမှ မရှိနေတာကို တွေ့ရပြီးတဲ့နောက် ဒီကပ်ရောဂါကြီးပြီးတဲ့အခါ လူတွေ ကျမနဲ့၊ Blackpink ကို စိတ်မဝင်စားရင် ဘယ်လိုလုပ်မလဲ ဆိုပြီး စိုးရိမ်ပူပန်ခဲ့ရကြောင်း ပြောပြခဲ့ပါသေးတယ်။

https://s9.kh1.co/__image/w=480,h=360,q=100/d6/d6877daf61a5efc28a46ac70a751343fa94ced48.jpg

ရုန်းကန်မှုတွေ၊ စိုးရိမ်မှုတွေနဲ့ ဖိအားတွေကြားက Rosé ဟာ ခံနိုင်ရည်ရှိပြီး ကြိုးစားတဲ့သူ ဖြစ်တာကြောင့် သူ့ ပရိသတ်တွေရဲ့ လေးစားချစ်ခင်မှုများစွာကိုလည်း ရရှိထားပါတယ်။

Photo-credit

သတင်း အရင်းအမြစ်KBIZoom

Bhone Min
Bhone Min

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T