သားလေး အရေးပေါ်ဆေးရုံတက်ခဲ့ရလို့ မမျှော်လင့်ဘဲ ဖြစ်သွားခဲ့တဲ့ ပြဿနာလေးအတွက် တောင်းပန်လာတဲ့ စိန်သီး

//s9.kh1.co/93/939f930e96a920c396f62bdd0505e919741c1dab.png
အနုပညာရှင်များ

 ၂၃-ဇွန်-၂၀၂၂ ၁၁am · လွန်ခဲ့သော ၂ နှစ် က

.

အနုပညာလောမှာ ဆယ်စုနှစ်ကတည်း လျှောက်လှမ်းလာခဲ့တဲ့ သူကတော့ စွယ်စုံရ ဟာသလူရွှင်တော်ကြီး စိန်သီး ဖြစ်ပါတယ်။ စိန်သီး ဟာ ထိမိလှတဲ့ ပြက်လုံးများဖြင့် ဖေျာ်ဖြေလေ့ရှိတဲ့ "သီးလေးသီး " အငြိမ့်အဖွဲ့ကနေ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတေွ အခိုင်အမာရရှိလာခဲ့တာ ဖြစ်ပါတယ်။ ဗီဒီယို ဇာတ်ကားတွေမှာလည်း ကျရာဇာတ်ရုပ်တွေနဲ့ ပါဝင်သရုပ်ဆောင်ထားပြီး များစွာရိုက်ကူးထားခဲ့ပါတယ်။

Photo Credit - Sein Thee
Photo Credit - Sein Thee
Photo Credit - Sein Thee
Photo Credit - Sein Thee

လက်ရှိမှာတော့ အနုပညာလှုပ်ရှားတွေကို အကြောင်းအမျိုးမျိုးရပ်နားထားပေမယ့် ပရိသတ်တွေနဲ့ ဝေးကွာမသွားအောင် လူမှုကွန်ယက်မှာ မကြာခဏ ဖော်ပြပေးတာ တွေ့ရပါတယ်။ ဒီကနေ့မှာတော့ လူရွှင်တော်ကြီး စိန်သီးက သူ့ရဲ့ လူမှုကွန်ယက်ပေါ်မှာ စိတ်မကောင်းစရာလေးတစ်ခုကို တင်ပေးလာခဲ့တာ ‌ပါတယ်။ ဒါကတော့ ပြီးခဲ့တဲ့ ရက်ပိုင်းက မမျှော်လင့်ဘဲဖြစ်သွားခဲ့တဲ့ ပြဿနာလေးတစ်ခုကြောင့် ချစ်တဲ့သူတွေအားလုံးကို တောင်းပန်လာခဲ့တာ ဖြစ်ပါတယ်။

Photo Credit - Sein Thee
Photo Credit - Sein Thee
Photo Credit - Sein Thee
Photo Credit - Sein Thee

အဲ့ဒီရက်ပိုင်းက လူရွှင်တော်ကြီး စိန်သီးရဲ့ သားလေး အရေးပေါ် ဆေးရုံတင်လိုက်ရတဲ့အတွက် ပြဿနာများ ဖြစ်သွားခဲ့တာလို့လည်း ဆိုပါတယ်။ ယခုမှာတော့ သားလေး ဆေးရုံတက်ခဲ့ရတုန်းက စိတ်မကောင်းစရာ ဆေးကုသမှုခံယူနေတဲ့ ပုံလေးတွေနဲ့ တောင်းပန်ခဲ့တာ ဖြစ်ပါတယ်။ ချစ်တဲ့ သူများကလည်း သားလေးကျန်းမာရေး အမြန်ကောင်းမွန်ဖို့အတွက် ဆုတောင်းပေးထားကြတာ တွေ့ရပါတယ်။ သားလေး အရေးပေါ် ဆေးရုံတက်ခဲ့ရတာကို များစွာ စိတ်မကောင်းဖြစ်ပြီး လူရွှင်တော် စိန်သီး တောင်းပန်ထားတာလေးကို ဖတ်ရှုရအောင် ကူးယူဖော်ပြပေးလိုက်ပါတယ်။

Photo Credit - Sein Thee
Photo Credit - Sein Thee
Photo Credit - Sein Thee
Photo Credit - Sein Thee
https://s9.kh1.co/__image/w=481,h=206,q=100/d6/d664bee81589e6590dffb231df751ab94a402eee.jpg

သတင်း အရင်းအမြစ်Source - Sein Thee

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T