မြန်မာရုပ်ရှင် ဇာတ်ကား တွေ နဲ့ ဇာတ်လမ်းတွေထဲမှာ ပီပြင်ပိုင်နိုင်စွာ သရုပ်ဆောင်နိုင်လွန်းတဲ့အတွက် လူကြီးလူငယ်မရွေးသော ပရိသတ် ရဲ့ ချစ်ခင်အားပေးမှုကို အတိုင်းထက်အလွန်ရရှိထားသူကတော့ မင်းသမီး ခင်မို့မို့အေး ပါပဲ။


အန်တီ ခင်မို့မို့အေး ဟာ အနုပညာလှုပ်ရှားမှုတွေအနေနဲ့ ရုပ်ရှင်ကားရိုက်တာလောက်ပဲ လုပ်လေ့ရှိပြီး သူ့ရဲ့ လှုပ်ရှားမှုတွေကို လူငယ်တွေလိုမျိုး Facebook ပေါ်မှာ တင်လေ့မရှိတာကြောင့် ပရိသတ်တွေကအမြဲစိတ်ဝင်စားနေကြတာဖြစ်ပါတယ်။


အခုအခါမှာတော့ အန်တီခင်မို့မို့အေး က သူမ ပုဂံရောက်နေကြောင်းကို သူမရဲ့ Facebook မှ တင်လာတာဖြစ်ပြီး အရင်ထက်ပိုမိုနုပျိုလာတာကြောင့် ပရိသတ်တွေရဲ့ အားပေးမှုကို ပိုမိုရရှိနေတယ်လို့သိရပါတယ်။ ပရိသတ်ကြီးစိတ်ဝင်စားနေကြတဲ့ အန်တီခင်မို့မို့အေး ရဲ့ ပုဂံရောက်ပုံရိပ်တွေကိုဖော်ပြလိုက်ရပါတယ်။



