Rose နဲ့ J-Hope တို့ဒိတ်နေကြတယ်လို့ ကောလဟာလများထွက်ပေါ်လာ

//s9.kh1.co/45/4526d195050809f627f77a04c6bc9deefc923fe6.jpg
အနုပညာရှင်များ

 ၂၂-ဇွန်-၂၀၂၂ ၉am · လွန်ခဲ့သော ၃ နှစ် က

ပြီးခဲ့တဲ့လကလည်း V နဲ့ Jennie တို့ဒိတ်နေကြတယ်လို့ သတင်းတွေထွက်ခဲ့ပါသေးတယ်

ဂျွန်လ ၂၁ ရက်နေ့က BLACKPINK အဖွဲ့ရဲ့  Rose နဲ့ BTS အဖွဲ့ရဲ့ J-Hope တို့ဟာဒိတ်နေကြတယ်ဆိုပြီး သတင်းတွေထွက်လာခဲ့ပါတယ်။ဒါပေမဲ့ ဒိတ်နေတယ်ဆိုပြီး ယူဆတဲ့အချက်တွေကတော့ ဘာမှမခိုင်လုံတဲ့အချက်တွေဆိုပြီး Netizen တွေကပြန်လည်ချေပထားကြပါတယ်။

https://s9.kh1.co/__image/w=650,h=1155,q=100/74/7435a1e26354f78b7298450ac0a76497c1ed64aa.png

ကိုရီးယားဆိုရှယ်မီဒီယာတစ်ခုဖြစ်တဲ့ Nate Pann က Post တစ်ခုနာမည်ကြီးပြီးနောက် ဒီလိုမျိုးကောလဟာလတွေ ပြန့်လာတာဖြစ်ပါတယ်။အဲ့ဒီ Post ထဲမှာ ပြင်သစ်စားဖိုမှူး Pierre Sang ရဲ့ Ig Story ကပုံတွေနဲ့ J-Hope တို့တင်ထားတဲ့ ပုံတွေအပြင် စားဖိုမှူးတင်ထားတဲ့ပုံတွေထဲမှာ Rose နဲ့တူတူတွဲရိုက်ထားတဲ့ပုံကတစ်ပုံ၊J-Hope နဲ့တွဲရိုက်ထားတဲ့ပုံတစ်ပုံတို့ ပါဝင်ပါတယ်။

https://s9.kh1.co/__image/w=650,h=1161,q=100/99/99f5660535c25b21dd91da6bd0849817f230ae4e.png

နှစ်ယောက်သားဒိတ်နေကြတယ်လို့ အဓိကယူဆတဲ့အကြောင်းကိုသိရင်တော့ ရယ်မိကြမှာပါ။တင်ထားတဲ့ပုံတွေထဲမှာ သူတို့နှစ်ယောက်ရဲ့ လက်သည်းနီအရောင်ကဆင်တူနေလို့ပါတဲ့။ပြီးတော့အဲ့ဒီလက်သည်းနီရောင်ကအရင်တုန်းကမရှိပဲ ခုမှနှစ်ယောက်စလုံးစီမှာ ရှိနေတာလို့လည်းပြောထားပါသေးတယ်။

https://s9.kh1.co/__image/w=650,h=813,q=100/14/145e10ba9fa684d3bfec9b2569c52dbe9313ea35.png
https://s9.kh1.co/__image/w=650,h=814,q=100/00/00b7cb339cf687479576e5f83a62e0ec2f870cb3.png

အဲ့လိုနဲ့ပဲကောလဟာလတွေမြန်မြန်ပြန့်သွားပြီး နှစ်ယောက်သားဒိတ်နေကြတယ်ဆိုတဲ့ သတင်းတွေကို လျှောက်ဖြန့်ကြပါတော့တယ်။ဒါပေမဲ့ ချက်ချင်းပဲ Netizen တွေနဲ့သူတို့ပရိသတ်တွေက ဒီကောလဟာလကအရမ်းဟာသဆန်နေတယ်ဆိုပြီး သတင်းမှားတွေကိုလိုက်ပိတ်ကြပါတော့တယ်။အဲ့ဒီပွဲမှာ တခြားနာမည်ကြီး Idol တွေလည်းအများကြီးရှိနေပြီး လက်သည်းနီကလည်း ရိုးရိုးတန်းတန်းတိုက်ဆိုင်မှုသာဖြစ်တယ်လို့ ကာကွယ်ပြောဆိုထားကြပါတယ်။

တခြား Idol တွေအများကြီးလည်း အဲ့ပွဲကိုတက်ခဲ့ကြပါတယ်
တခြား Idol တွေအများကြီးလည်း အဲ့ပွဲကိုတက်ခဲ့ကြပါတယ်

ပြီးခဲ့တဲ့လကလည်း V နဲ့ Jennie တို့နှစ်ယောက်ဒိတ်နေကြတယ်လို့ ကောလဟာလတွေထွက်လာခဲ့ပါသေးတယ်။

သတင်း အရင်းအမြစ် J-Hope and Rose dating? Netizens quickly shut down the rumor on a popular nate pann post

Aung Pyae Sone
Aung Pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T