BIGBANG အဖွဲ့ခေါင်းဆောင် G-Dragon က Still Life သီချင်းနဲ့ အနုပညာနယ်ပယ်ကို ပြန်လည်ရောက်ရှိခဲ့ပါတယ်။ အခုအခါမှာတော့ အမျိုးသမီးမော်ဒယ်လ်တစ်ဦးနဲ့အတူ ပုံမှန်မဟုတ်တဲ့ သူ့ရဲ့ အသွင်အပြင်ပုံစံတစ်ခုကို ပြသခဲ့ပါတယ်။

ဇွန်လ 20 ရက်နေ့ နာမည်ကျော် ဖက်ရှင်မဂ္ဂဇင်း ဖြစ်တဲ့ Vogue Korea ရဲ့ တရားဝင် Instagram အကောင့်မှာ G-Dragon ရဲ့ ဓာတ်ပုံတွေကို တင်ခဲ့ပါတယ်။ အဲ့ဒီထဲက တစ်ပုံဟာ အဖြူအမည်းပုံစံဖြစ်ပြီး ရဲရင့်ကာ သမားရိုးကျမဟုတ်တဲ့ အယူအဆတစ်ခုကို ဖော်ပြထားတာဖြစ်ပါတယ်။

ပုံထဲမှာ G-Dragon က သူ့ရဲ့အင်္ကျီကိုချွတ်ထားပြီး နောက်ကျောကနေ အမျိုးသမီးမော်ဒယ်တစ်ဦးရဲ့ ပွေ့ဖက်ခြင်းခံထားရပါတယ်။ G-Dragon ရဲ့ ရှည်လျားပြီး အရောင်ဖျော့ထားတဲ့ ဆံပင်နဲ့ အနက်ရောင် eyeshadow ဟာ တကယ်ပဲလူတွေရဲ့ အာရုံစိုက်မှုကို ဆွဲယူစေပါတယ်။

နောက်ထပ်ကာဗာပုံတစ်ခုမှာတော့ ပန်းရောင်ဆံပင်ရှည်ရှိပြီး Chanel tweed အင်္ကျီနှင့် ပုလဲလည်ဆွဲများကို ၀တ်ဆင်ထားတဲ့ G-Dragon ကို တွေ့ရမှာပြဖြစ်ပါတယ် ။ သူ့ရဲ့ ခပ်မိုက်မိုက် အသွင်အပြင်နှင့် အလန်းစား ဟန်ပန်အမူအရာက ပရိတ်သတ်တွေကို ဆွဲဆောင်မှုအပြည့်ဖြင့် စွဲလန်းစေပါတယ်။

G-Dragon ရဲ့ နောက်ဆုံးထွက်ရှိထားတဲ့ ခပ်လန်းလန်းပုံတွေ ဝေမျှပေးလိုက်တာကြောင့် G-Dragon ပရိတ်သတ်ကြီး ကျေနပ်လိမ့်မယ်လို့လည်း မျှော်လင့်ပါတယ်နော်။





