မထွက်ခွါသွားခင်မှာ သားသမီးလေးတွေ နောင်ရေးအတွက် စနစ်တကျ စီစဉ်ပေးခဲ့တဲ့ မာသထူးဝါးလေးရဲ့ အမေ

//s9.kh1.co/09/090246455c9e15f5f5e337bb0b5f2628d20c24fc.jpeg
အနုပညာရှင်များ

 ၂၁-ဇွန်-၂၀၂၂ ၃pm · လွန်ခဲ့သော ၃ နှစ် က

မထွက်ခွါသွားခင်မှာ သားသမီးလေးတွေ နောင်ရေးအတွက် စနစ်တကျ စီစဉ်ပေးခဲ့တဲ့ မာသထူးဝါးလေးရဲ့ အမေ

 နော်မာသထူးဝါးလေးဟာဆိုရင် ဆွဲဆောင်မှုရှိလွန်းလှတဲ့ အသံလေးနဲ့ သူမဝါသနာပါတဲ့ သီချင်းလေးတွေ ကို ငယ်စဉ်ကတည်းက တစိုက်မတ်မတ်သီဆို ခဲ့ သူလေး ဖြစ်ပါတယ်။ 

Martha Htoo Wah’s Facebook
Martha Htoo Wah’s Facebook

နော်မာသထူးဝါးလေးတို့ မိသားစုဟာ ထိုင်းနိုင်ငံ ဒုက္ခသည်စခန်းကနေ တဆင့် တောင်ကိုရီးယားနိုင်ငံကို ရောက်ရှိခဲ့ကြတာဖြစ်ပါတယ်။ ငယ်စဉ်ကတည်းက ဖခင်ကြီး ဆုံးပါးသွားတာကြောင့် မိခင်ကြီးနဲ့အတူ နေထိုင်ခဲ့ရတဲ့ နော်မာသထူးဝါးလေးတို့ မောင်နှမလေးတွေဟာ မကြာသေးမီကလည်း ချစ်လှစွာသော မိခင်ကြီးကို ဆုံးရှုံးခဲ့ကြရပါတယ်။

Martha Htoo Wah’s Facebook
Martha Htoo Wah’s Facebook
Martha Htoo Wah’s Facebook
Martha Htoo Wah’s Facebook

မိခင်ကြီး မရှိတော့တာကြောင့် လောက အလယ်မှာ မိဘမဲ့လေးတွေအဖြစ် ကျန်ခဲ့ကြရတော့မယ့် သားသမီးလေးတွေအတွက် လူအများကလည်း စိတ်မကောင်း ဝမ်းနည်း ဖြစ်နေကြပါတယ်။

 ဒါပေမယ့်လည်း သားသမီးလေးတွေကို အရမ်းတဲ့ ချစ်မမိုင်ဟာ သားသမီးလေးတွေရဲ့ နောင်ရေးအတွက်အမျှော်အမြင်ကြီးကြီး ထားခဲ့ပါတယ်။ သူမ မထွက်ခွါသွားခင်မှာ သူမရဲ့ သားသမီးလေးတွေရဲ့ နောင်ရေးအတွက်စနစ်တကျလေး စီစဉ်ပေးဖြစ်ခဲ့တယ်လို့ သိရပါတယ်။ 

Martha Htoo Wah’s Facebook
Martha Htoo Wah’s Facebook
Martha Htoo Wah’s Facebook
Martha Htoo Wah’s Facebook

မမိုင် ဖြစ်စေချင်တဲ့ ဆန္ဒလေးအကြောင်းကို မမိုင်ရဲ့ သူငယ်ချင်းဖြစ်သူ မမေရီနွမ်က သူမရဲ့ လူမှု ကွန်ရက်စာမျက်နှာလေးပေါ်မှာ ဖော်ပြပေးထားပါတယ်။ 

ဖော်ပြချက်လေးအရ မမိုင်က သူမရဲ့ သမီး အကြီးလေး နော်မာသထူးဝါးလေးကို ကိုရီးယားမှာပဲ ကျောင်းတတ်အဆောင်နေစေချင်ပြီး ၊ အနုပညာအလုပ်တွေ ဆက်ပြီး လုပ်သွားစေချင်တယ်လို့ သိရပါတယ်။ သူမရဲ့ သားလေးနှစ်ယောက်ကိုတော့ အဖိုးအဖွားတို့ ရှိတဲ့ ဩစတေးလျကို သွားစေချင်တယ်လို့ သိရပါတယ်။ 

ထွက်မသွား ခင်မှာ သားသမီးလေးတွ နောင်ရေး အဆ င်ပြေနေစေဖို့ မမိုင်စီစဉ်ပေးဖြစ်ခဲ့တဲ့ အကြောင်းကို မမိုင်ရဲ့သူငယ်ချင်း မေရီနွမ်က အခုလိုလေး အပြည့်အစုံ ဖော်ပြပေးထားပါတယ်။ 

Martha Htoo Wah’s Facebook
Martha Htoo Wah’s Facebook
Martha Htoo Wah’s Facebook
Martha Htoo Wah’s Facebook

“Goodbye Ma Mon တီတီမွန်  ?

ကွယ်လွန်သူ မမိုင်ရဲ့ ညီမအငယ်ဆုံး မမွန် ၃ ပတ်ခွင့်ရက်ပြည့်ပြီမို့ ကိုးရီးယားမှဩဇီကိုဒီနေ့ပြန်သွားပါပြီရှင် ? 

ကလေးတွေငယ်စဉ်ကတည်းက ထိုင်းမှာ ဒီအဒေါ်ရဲ့လက်ထဲကြီးလာကြတာမို့ ၆ နှစ်ခွဲခွါခဲ့ကြပေမယ့် မြင်မြင်ချင်းချစ်ပြီးအရမ်းတွယ်တာကြတယ်လေ ?

တီတီလေးပြုံးရင် အမိုး (အမေ့) မျက်နှာနှင့်တူလို့ဆိုပြီး ကလေးတွေကရှုမဝ၊ ချွဲမဝ၊ သူ့အန်တီလေးကို ချစ်မဝဖြစ်နေကြတယ် ?

Martha Htoo Wah’s Facebook
Martha Htoo Wah’s Facebook

တီတီမွန်က ၃ ပတ်သာခွင့်ရပေမယ့် အဖိုးကတော့ ၃ လနေသွားမှာဖြစ်ပါတယ်။ လက်ရှိမှာတော့ သွက်သွက်လက်လက် အဒေါ်အလတ် တီတီမွတ် ရယ်၊ သူ့သမီး ၂ ယောက်နှင့် မမိုင်ကလေး ၂ ယောက်ဟာ ဘူချွန်းမြို့ ဆိုဆာရပ်ကွက် (ကျမတို့ရပ်ကွက်)မှာ နေထိုင်ကြပါတယ်။ 

အလည်ဗီဇာ ၃ လပြည့်လို့ အဖိုးပြန်သွားရင် အဖွါးလာဖို့ပြင်ဆင်နေပါတယ်။ ကလေးတွေ သူတို့ဆီ မရောက်မချင်းဖိုးဖိုး ဖွါးဖွါးက အလှည့်ကျလာနေပေးကြပါလိမ့်မယ် ??‍???

မမိုင်ရဲ့ဆန္ဒအတိုင်း ~

နော်မာသလေးကတော့ ကိုးရီးယားမှာ အထက်တန်းကာလ ကျောင်းအဆောင်နေမယ်၊ ပညာဆက်သင်ရင်းအနုပညာလုပ်ငန်းတွေ ဆက်လုပ်သွားပါလိမ့်မယ်။ သား ၂ ယောက်ကတော့ အဖိုးအဖွါးအဒေါ်တို့ရှိရာ Australia ကိုသွားဖို့ပြင်ဆင်နေပါတယ်။ 

Martha Htoo Wah’s Facebook
Martha Htoo Wah’s Facebook

ကျောင်းပြောင်းရေး၊ မိသားစုလွှဲပြောင်းရေးစာရွက်စာတမ်းကိစ္စတွေက ၁ နှစ်မှ ၄ နှစ်ခန့်ကြာနိုင်တယ်လို့ တာဝန်ရှိသူတွေကပြောပြပါတယ်။ ကိစ္စတွေက ထင်သလောက်မလွယ်ကူလှပါဘူး။ 

ကလေးတွေကို ချစ်ပေးကြသူ၊ စိတ်ဝင်စားပေးကြသူ၊ သတင်းမေးမြန်းကြသူ၊ ကူညီပေးကြသူ၊ ဆုတောင်းမေတ္တာပေးပို့နေကြသူ ကိုကို မမ ဦးဦးဒေါ်ဒေါ်တွေအားလုံးသို့ သိသင့်တဲ့သတင်းပေးရင်း၊ သူတို့တွေကိုယ်စားကျေးဇူးတင်ကြောင်း ပြောလိုပါတယ်ရှင် ?

Thanks for your love and care on them ?

………… 

အကြောင်းအရာလေးတခု ✍️

June 5th Sunday ညက မမိုင်ရဲ့ကျန်ရစ်တဲ့တမိသားစုလုံးအိမ်အပြန်၊ လမ်းနားလေးမှာ ကြောင်ပိစိလေးတကောင်အကျယ်ကြီးအော်ငိုနေလို့ကြည့်ကြတယ်၊ သနားပေမယ့် သူများဟာထင်ပြီးမကောက်ကြဘူး။ 

Martha Htoo Wah’s Facebook
Martha Htoo Wah’s Facebook

ဒီတိုင်းအိမ်ပြန်ကြတော့ မိသားစုသွားတဲ့နောက်ကို ကြောင်လေးကငိုပြီးအိမ်ဝအထိသူ့ဟာသူလိုက်လာတယ်၊ ညဆိုမိုးရွာမှာမို့ သနားပြီး အိမ်ထဲတညသိပ်လိုက်ကြတယ်၊ နောက်နေ့ကျတော့ ပူစီလေးအိမ်ကနေမထွက်ချင်တော့ဘူး။ဒီလိုနဲ့ မွေးလိုက်ကြတယ်တဲ့ ?

Mary Nuam’s Facebook
Mary Nuam’s Facebook

မမိုင်ရှိကတည်းက ကလေးတွေဟာ ခွေး&ကြောင် အရမ်းမွေးချင်နေကြတာမို့ ခုတော့အရမ်းပျော်နေကြတယ်။ အမေက ကလေးတွေလွမ်းနာမကျအောင် စိတ်ဖြေဖို့လက်ဆောင်ပို့ပေးလိုက်တာများလားမသိတော့ပါဘူး ?

မေရီနွမ် - ကိုးရီးယား 

June 20th 2022 “

Martha Htoowah’s Facebook
Martha Htoowah’s Facebook

သားသမီးလေးတွေကို အရမ်းချစ်တဲ့ မမိုင်ရဲ့ စေတနာလေးကတော့ တကယ်ကို မျက်ရည်ဝဲမိပါတယ်နော်။ မိခင်ကြီး ဖြစ်စေချင်တဲ့အတိုင်း မာသထူးဝါးလေးတစ်ယောက် အောင်မြင်တဲ့ အဆိုတော်ကြီး ဖြစ်လာဖို့ အခုအကြောင်းအရာလေးကို ဝေမျှပေးလိုက်ပါတယ်။ 

Martha Htoowah’s Facebook
Martha Htoowah’s Facebook
Hsu Sandar Aung
Maria Emily Hsu

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T