မေပန်းချီဆိုတဲ့ ချစ်စရာကောင်တဲ့ မင်းသမီးလေးကို အားလုံးပဲသိကြလိမ့်မယ်လို့ထင်ပါတယ်။

သိပ်ကို ချစ်ဖို့ကောင်းတဲ့ မျက်နှာလေးနဲ့ ခပ်လှလှ ခန္ဓာကိုယ်လေးကြောင့် အရင်က လူသိများခဲ့ပေမယ့်လည်း အခုနောက်ပိုင်းမှာ အပြုံးချိုချိုလေးနဲ့ Live Sale လေးတွေရောင်းခဲ့တာကြောင့်လူသိများခဲ့သူဆိုရင်လည်းမမှားပါဘူးနော်...
မိခင်ကြီးရှိစဉ်ကတည်းက မိဘနဲ့မိသားစုကိုလုပ်ကျွေးခဲ့တဲ့ သူလေးဆိုရင်လည်းမမှားပါဘူးနော်... အကူညီမဲ့နေတဲ့သူတွေကို အားပေးကူညီတတ်ပြီး ကိုယ်နဲ့ဆွေမျိုးနီးစပ်မဟုတ်ရင်တောင် စေတနာရှေ့ထားကူညီပေးတတ်သူပါနော်...

ကျက်သရေရှိတဲ့ အလှနဲ့ လုံးကြီးပေါက်လှတဲ့သူမဟာ တစ်ခြားမိန်းကလေးတွေလိုတော့ မပိန်သွယ်ပေမယ့်လည်း ခပ်မိုက်မိုက် Body ကြောင့်လူကြိုက်ပိုလို့များလာခဲ့ပါတယ်။

ဒါပေမယ့် လူအမျိုးမျိုး စိတ်အထွေထွေဆိုသလို တစ်ချို့သူတွေက သုတစ်ပါးရဲ့ ခန္ဓာကိုယ်ကို ကဲ့ရဲ့ ချင်ကြပါတယ်။ ဒါကြောင့်မေပန်းချီက သူမနဲ့ သူမညီမလေးတင်မကပဲ ဘယ်သူပဲဖြစ်ဖြစ် ကိုယ့်ခန္ဓာကိုယ်နဲ့ ကဲ့ရဲ့ခံလာရပြီဆိုရင် ဒီလို ခပ်ချေချေ ပြန် ပြောဖို့ အကြံပေးထားပါတယ်။

" မိန်းခလေးတို့ဟူသည် ဝဝ ပိန်ပိန် ကိုယ့်သမိုင်းသာ ကိုယ်ဖြစ်လို့ Body shaming လာလုပ်ရင် ငါနင့်ထပ်လှတယ်လို့သာ ပြောချပလိုက်
"

ဟုတ်တယ် နော် လူတွေကလည်း သူများဆိုရင်သိပ်ကဲ့ရဲ့ချင်ကြတာ... အကျင့်ကြီးကိုဖြစ်လို့...လူတစ်ယောက်ပိန်ခြင်းဝခြင်းဆိုတာ ဘာမှကဲ့ရဲ့စရာ ကိစ္စမဟုတ်သလို သူများခန္ဓာကိုယ်ကို လက်လွတ်စပယ်ပြောတာမျိုးကလည်းသိပ်ရိုင်းပါတယ်နော်...

ကဲ ကိုယ့် body ကို လာ blame ရင်ဒီလိုပြန်စွာကြမယ်နော်
Source from MayPache Facebook
Photos credit from Facebook