လက်ရှိအချိန်မှာတော့ မင်းသမီး Kim Dami ဟာ United Artist Agency (UAA) နဲ့ လက်မှတ်ရေးထိုးဖို့အတွက် ဆွေးနွေးနေပါတယ်။ ဇွန်လ ၂၀ ရက်နေ့က မီဒီယာများရဲ့ ဖော်ပြချက်တွေအရ Kim Da Mi က သူ့ရဲ့ အရင်အေဂျင်စီ ANDMARQ နဲ့လမ်းခွဲခဲ့တာဖြစ်ပြီးတော့ အခုချိန်မှာတော့ UAA နှင့် လက်မှတ်ရေးထိုးဖို့အတွက် ဆွေးနွေးနေတာ ဖြစ်ပါတယ်။

United Artist Agency (UAA) ဆိုတာက Song Hye Kyo နဲ့ Yoo Ah In တို့အပါအဝင် မင်းသမီးနဲ့သရုပ်ဆောင် များစွာ ရှိတဲ့ နေရာတစ်ခုလည်း ဖြစ်ပါတယ်။ Kim Da Mi က ၂၀၁၇ ခုနှစ်မှာ 'Marionette' ဇာတ်ကား ဖြင့် ပွဲဦးထွက်ခဲ့ပြီး အောင်မြင်ကျော်ကြားတဲ့ ဒရာမာစီးရီးတွေဖြစ်ကြတဲ့ 'Itaewon Class' နဲ့ 'Our Beloved Summer' ဇာတ်လမ်းတွဲတွေမှာ ဆက်လက်ပါဝင်သရုပ်ဆောင်ခဲ့ ပါတယ်။

Kim Da Mi ဟာ ဒါရိုက်တာ Park Hoon Jung ရဲ့ ရုပ်ရှင် "The Witch" တွင် ပါဝင်သရုပ်ဆောင်ခဲ့ ပြီးနောက် နာမည်ရလာခဲ့ပါတယ်။ 'Witch 2' တွင်လည်း Lee Jong Suk နဲ့အတူ Kim Da Mi က ပြန်လည် ပါဝင်သရုပ်ဆောင်မှာဖြစ်ပါတယ်။ မင်းသမီး Kim Da Mi က အနုပညာနယ်ပယ်ထဲမှာ အသစ်အဆန်းဖြစ်နေဆဲဆိုပေမယ့် သူမရဲ့ သရုပ်ဆောင်ကောင်းမှုတွေကြောင့် ဆုဖလားကြီးတွေ ဆွတ်ခူးထားသူ တစ်ယောက်ဖြစ်ပါတယ်။

"The Witch: Part 1. The Subversion" မှာ Kim Da Mi က ပထမဆုံး အဓိက သရုပ်ဆောင် အနေနဲ့ ပါဝင်ခဲ့တာဖြစ်ပါတယ်။ နောက်ပြီး ၂၀၁၈ ခုနှစ် ၅၅ ကြိမ်မြောက် Daejong Film Award နှင့် 39th Blue Dragon Film Awards တို့မှာ အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆုများကို လက်ခံရရှိခဲ့သူတစ်ယောက် လည်း ဖြစ်ပါတယ်။
source - allkpop